Selfie ကင်မရာအရည်အသွေး 16MP အသုံးပြုထားတဲ့ OPPO F1s
OPPO ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းသစ် Selfie ဘုရင် F1s စမတ်ဖုန်း မိတ်ဆက်ပွဲကို သြဂုတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့၊ Novotel ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
OPPO F1s စမတ်ဖုန်းက OPPO ရဲ့ Selfie ဘုရင် စီးရီးများဖြစ်တဲ့ F1 နဲ့ F1 Plus တို့ ထွက်ရှိလာပြီး နောက် အသစ်ထပ်မံ ထွက်ရှိလာတဲ့ စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

F1s က Selfie ဓာတ်ပုံအရည်အသွေးကို ပိုမိုကောင်းမွန်အောင် ရိုက်ကူးနိုင်တဲ့ လုပ်ဆောင်ချက်ကို အဓိက ထုတ်လုပ်ထားပြီး အနောက်ဘက် ကင်မရာ အရည်အသွေး 13 Megapixel နဲ့ အရှေ့ဘက် Selfie ကင်မရာအရည်အသွေး 16 Megapixel ရှိပါတယ်။
အရှေ့ဘက် Selfie ကင်မရာမှာ 1/3.1-in sensor နဲ့ f/2.0 aperture ကို အသုံးပြုထားပြီး High Dynamic Range (HDR) နဲ့ Noise လျှော့ချမှုကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Selfie ဓာတ်ပုံ ရိုက်ကူးသူများအကြိုက် Beautify 4.0 စနစ်ပါ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

“OPPO F1s ကင်မရာမှာ ထူးခြားတာက အုပ်စုဖွဲ့ Selfie ဓာတ်ပုံရိုက်ကူးတဲ့အခါ မြင်ကွင်းကျယ် ၁၂၀ ဒီဂရီ Selfie ပုံ ရိုက်ကူးနိုင်တဲ့ Selfie Panorama လုပ်ဆောင်ချက်၊ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ အလင်းအမှောင်ကို အလိုအလျောက် ချိန်ညှိပေးတဲ့ Screen Flash၊ Selfie ပုံတွေ လျင်မြန်စွာ ရိုက်ကူးနိုင်တဲ့ Palm Shutter နဲ့ Voice Shutter တို့က Selfie သမားတွေ အကြိုက်တွေ့မှာပါ” လို့ OPPO ရဲ့ PR Specialist ကိုဝေဖြိုးအောင်က ပြောပါတယ်။
F1s စမတ်ဖုန်းရဲ့ အရှေ့ဘက်မှာ လက်ဗွေနဲ့ ၀.၂၂ စက္ကန့်အတွင်း ဖုန်း Screen အဖွင့်အပိတ် လုပ်နိုင်တဲ့ လက်ဗွေဖတ်စနစ် ပါဝင်ပြီး Application များနဲ့ ဖုန်းနံပါတ်များကိုလည်း လက်ဗွေစနစ်နဲ့ သတ်မှတ်ထားနိုင်တယ်လို့ သိရပါတယ်။ မျက်နှာပြင် အရွယ်အစား ၅.၅ လက်မ အကျယ်ရှိပြီး ဘက်ထရီအရည်အသွေး 3075mAh အသုံးပြုထားပါတယ်။

F1s မှာ CPU ကို MT6750 Octa-core Processor အသုံးပြုထားပြီး RAM 3GB နဲ့ ROM 32GB တို့ ပါဝင်ပါတယ်။ Operating System အနေနဲ့ Android Verison 5.1, Color OS 3.0 တို့ ပါဝင်အသုံးပြု ထားပြီး Triple-slot card tray ပါဝင်တာကြောင့် Nano SIM card ၂ ခုထည့်သွင်းအသုံးပြုနိုင်ပြီး SD Card 128GB အထိ အသုံးပြုနိုင်ပါတယ်။
အရောင်အားဖြင့် Gold, Rose Gold, Gray စသဖြင့် အရောင် ၃ ရောင် ရရှိနိုင်မှာဖြစ်ပြီး စျေးနှုန်းက မြန်မာငွေ ကျပ်၂၆၉၀၀၀ ပါ။ Pre-Order အနေနဲ့ သြဂုတ်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့ အထိ လက်ခံပေးသွားမှာဖြစ်ပြီး သြဂုတ် ၂၇ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။