Lifestyle

ဂိမ်းနဲ့အတူ ခေတ်စားလာတဲ့ ပိုကီမွန် အိတ်များ

Want create site? Find Free WordPress Themes and plugins.

လတ်တလော ရန်ကုန်မြို့နဲ့အနီးတဝိုက်တွင်သာမက တခြားသော မြို့ကြီးတွေမှာပါ လူငယ်တွေအကြား အကောင်ဖမ်းပွဲကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲနေကြတာ အားလုံးလည်း အသိပါပဲ။

အကောင်ဆိုလို့ တကယ့်အသက်ရှိ မြွေတို့ ဖားတို့ မျှော့တို့ စတာတွေတော့မဟုတ်ပါ။ ဂိမ်းထဲက အကောင်လေးတွေကို တကယ့်အပြင်မှာ လိုက်လံရှာဖွေ ဖမ်းယူနေကြရတဲ့ pokemon (ပိုကီမွန်) ဂိမ်းကစားနည်း တခုလို့ ဆိုရမှာပါ။ ဒီ ဂိမ်း ပျံ့နှံ့မှုနှုန်းက အလွန် မြန်ဆန်လှတယ်လို့ ဆိုရမှာပါ။

အမေရိကန်နိုင်ငံ အခြေစိုက်၊ ဆန်ဖရန်စ္စကိုမြို့မှ Software ကုမ္ပဏီတခုက ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်းက ထုတ်လုပ်လိုက်တဲ့ ဒီ pokemon ဂိမ်းကို တကမ္ဘာလုံးက ရက်ပိုင်းအတွင်းမှာ စွဲစွဲလန်းလန်း ကစားလာကြကာ မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကမှ ကစားလို့ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီလို ကစားလို့ ရရှိတာနဲ့ တပြိုင်နက် လူငယ်တွေဟာ စိတ်ဝင်တစား ပါဝင် ကစားလာကြတာပါပဲ။

ခုလက်ရှိ ရန်ကုန်မြို့မှာ pokestop အဖြစ် ခေတ်စားနေတဲ့ မြို့တော်ခန်းမ၊ မဟာဗန္ဓုလ ပန်းခြံတို့မှာ ကျောင်းပြန်ချိန်၊ ရုံးပြန်ချိန်တို့ဆိုရင် တယောက်တည်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်ပဲဖြစ်ဖြစ် ဖုန်းကိုယ်စီနဲ့ Pokemon အကောင်လေးတွေ ဖမ်းနေကြတော့တာပါပဲ။

ကဲထားပါတော့။ ဒီလို တမဟုတ်ချင်း ပျံ့နှံ့လာခဲ့တဲ့ pokemon ဂိမ်းနဲ့အတူ ဒီ ဂိမ်းထဲက pokemon အကောင်လေးရဲ့ ပုံစံဒီဇိုင်းကို ဆယ်ကျော်သက် မိန်းကလေးငယ်တွေအကြိုက်တွေ့စေနိုင်မယ့် ကျောပိုးအိတ်၊ လက်ကိုင်အိတ် ပုံစံလေးတွေအဖြစ် ထုတ်လုပ်လာပြီး ခေတ်စားလာပါတော့တယ်။ ဒါကလည်း ဒီ ဂိမ်းကို စွဲမက်နှစ်ခြိုက်ကြတဲ့ မိန်းကလေးပရိသတ်တွေအနေနဲ့ ဒီလို အိတ်လေးတွေက သူ့တို့အတွက် စိတ်ဝင်စားစရာတခု ဖြစ်လာနိုင်တာကိုး။

ဒါကြောင့် အဲ့ဒီ pokemon ကျောပိုးအိတ်လေး၊ လက်ကိုင်အိတ်တို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

pokemon ph-bagပုံမှာမြင်တွေ့ရတဲ့အတိုင်း ကျောပိုးအိတ်က သိပ်ကြီးလှတာမဟုတ်တဲ့အတွက် ပစ္စည်းသိပ်များများတော့ ထည့်လို့် ရမယ်မထင်ပါဘူး။ shopping သွားတဲ့အခါမျိုး၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါမျိုးတွေမှာတော့ အသုံးပြုဖို့ သင့်တော်ပါလိမ့်မယ်။ လက်ကိုင်အိတ်အသေးလေးတွေကတော့ ပိုက်ဆံအနည်းငယ်လောက်သာ ခေါက်ပြီး ထည့်လို့ရနိုင်မယ့် အလှသက်သက် ကိုင်တဲ့အိတ်လို့ဆိုရမှာပါ။

“ပိုကီမွန်ဆိုတာ ရှိနေတာတော့ကြာပြီ။ ဒါပေမယ့် ခုလို ဂိမ်းအနေနဲ့ဖြစ်လာတော့မှ လူငယ်တွေကြားမှာ ပြန်ပြီး ခေတ်စား လာတာပေါ့နော်။ ပိုကီမွန်ကျောပိုးအိတ်လေးတွေကို လူငယ်တွေ စိတ်ဝင်စားမှု တော်တော်များတာ တွေ့ရပါတယ်။ ပစ္စည်းကတော့ ထိုင်ဝမ်ကလာပါတယ်။ ဈေးနှုန်းအနေနဲ့ ကျောပိုးအိတ်ကို ၁၁၀၀၀ ကျပ်၊ လက်ကိုင်အိတ်အသေးက ၆၀၀၀ ကျပ် ဖြစ်ပါတယ်” လို့ Mandalay Online Sales မှ မန်နေဂျာဖြစ်သူ ကိုအောင်ကျော်ကျော်ဟိန်းက ဧရာဝတီကို ပြောပါတယ်။

 

poke bagပိုကီမွန် ဂိမ်းကစားနည်းဟာ လက်ရှိ လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ ဂိမ်းတခုလည်း ဖြစ်နေတဲ့အတွက် ဒီလို ပိုကီမွန်အိတ်လေးတွေဟာ လူငယ်မိန်းကလေးငယ်တွေ အကြိုက်တွေ့လာနိုင်မယ့် ပစ္စည်းဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

 

 

Did you find apk for android? You can find new Free Android Games and apps.
Loading