Lifestyle

ဒီတပတ် ကြည့်စရာ

Want create site? Find Free WordPress Themes and plugins.

ဒီတပတ် ရုံတင်လာတာကတော့ “ဘောစိ” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပါ။ ဒီခေတ် ဗန်းစကားနဲ့ သူဌေးကို ခေါ်ဝေါ်ပြောဆိုလေ့ရှိတဲ့ ဘောစိ ဆိုတဲ့အသုံးအနှုန်းကို ဇာတ်ကားအမည်အဖြစ် ပေးထားတာဖြစ်ပြီး အချစ်နဲ့ ဟာသရောထားတဲ့ကားဖြစ်သလို ဟာသသရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံကို ပွဲထုတ်ပေးထားတဲ့ ဇာတ်ကား လည်း ဖြစ်ပါတယ်။

ဒီ ရုပ်ရှင်ဇာတ်ကားကို အောင်တိုင်းကျော် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးထားတာဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ထုတ်လုပ်ရေးကပဲ ရိုက်ကူးပြသခဲ့တဲ့ “ဤအရာကို အချစ်ဟုခေါ်သလား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုရခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံအတွက် ဒီ “ဘောစိ” ရုပ်ရှင် ဇာတ်ကား ဟာလည်း ဒုတိယမြောက် အဓိက ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့သူဌေးမကြီး ဂွမ်းပုံကို သူ့ရဲ့ဝန်ထမ်းဖြစ်တဲ့ လူမင်းက ချမ်းသာချင်တဲ့အတွက် ကြောင့် လက်ထပ်ယူလိုက်ပါတယ်။ ဂွမ်းပုံက ပိုက်ဆံချမ်းသာပေမယ့် အသက်ကြီးကြီး ရုပ်ဆိုးတဲ့သူဖြစ်နေတာမို့ ပိုက်ဆံတခုတည်းကိုပဲကြည့်ပြီး လက်ထပ်ခဲ့တဲ့ လူမင်းက စိတ်ကုန်လာပါတယ်။ ဒီဇာတ်ကားမှာ ဟာသဆန်ဆန် ဝတ်စားဆင်ယင်မှု ဖက်ရှင်တွေနဲ့ ဟာသတွေကို ပိုင်နိုင်စွာ သရုပ်ဆောင်ထားတဲ့ တက္ကသိုလ်ဂွမ်းပုံရဲ့ သရုပ်ဆောင်မှု က ပရိသတ်တွေကို ပွဲကျစေမှာ အမှန်ပါပဲ။ ဘောစိမကြီးကိုလက်ထပ်ထားရပေမယ့် အပြင်မှာ အပျော်ရှာရှင်း စားသောက်ဆိုင်က သီချင်းဆိုတဲ့မိန်းကလေး ရတနာဗိုနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ ငယ်ရွယ်လှပတဲ့ မိန်းကလေးကို တွေ့တဲ့အခါမှာတော့ အိမ်က ရုပ်ဆိုးဆိုးမိန်းမကြီးကို ဘယ်လိုလုပ်မလဲဆိုတာ ဟာသဆန်တဲ့ ပြကွက်တွေနဲ့ တင်ဆက်ထားတဲ့ “ဘောစိ” ရုပ်ရှင်ဇာတ်ကားကို ဆက်လက်ကြည့်ရှူ့ကြဖို့ ညွှန်းဆိုလိုက်ပါတယ်။

လူ့အသိုင်းအဝိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အိမ်ထောင်ရေးနဲ့ အပြင်မှာ မြင်တွေ့ရမယ့် အမျိုးသားတွေရဲ့ စရိုက်အမှန်ကို ရိုက်ကူးပုံဖော်ထားတဲ့ “ဘောစိ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၁၉ ရက်နေ့က စတင်ပြီး ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဟာသဇာတ်ကားတွေ ရုံတင်ပြသလာတဲ့အထဲမှာ “ဘောစိ” ဇာတ်ကားကလည်း ဟာသကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

တက္ကသိုလ်ဂွမ်းပုံ ပရိသတ်တွေအတွက်ကတော့ အရင်နဲ့မတူတဲ့ သရုပ်ဆောင်ကာရိုက်တာနဲ့အတူ ဖက်ရှင်အလန်းတွေလည်း ပါဝင်ထားတာမို့ ဒီ ဇာတ်ကားက ကြည့်ရတာ တန်မယ့် ရုပ်ရှင်ဇာတ်ကားလို့ ပြောနိုင်ပါတယ်။ ဒီဇာတ်ကားမှာ လူမင်း၊ တက္ကသိုလ်ဂွမ်းပုံ၊ ရတနာဗိုနဲ့ ဟာသ သရုပ်ဆောင်များစွာ ပါဝင်ထားပြီး ဒါရိုက်တာကတော့ ပြည်ဟိန်းသီဟပဲ ဖြစ်ပါတယ်။

လတ်တလော ပြသပေးနေတဲ့ ရုပ်ရှင်ရုံတွေကတော့ ရန်ကုန်မြို့မှာ သမ္မတ၊ သွင်၊ မင်္ဂလာ၊ ဂမုန်းပွင့်(စံရိပ်ငြိမ်) တို့ ဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ ပြည်၊ တောင်ကြီး အစရှိတဲ့ မြို့ကြီးတွေမှာလည်း တပြိုင်နက်တည်း ရုံတင်ပြသနေပြီလို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading