အမျိုးသမီးတွေ ကြုံရတတ်လေ့ရှိတဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်လို့ စိတ်ဆန္ဒနည်းပါးတဲ့ အခြေအနေမျိုးကို ကြုံတွေ့ရစေ တဲ့ အကြောင်း အရာအများကြီး ရှိပါတယ်။ ကျန်းမာရေး ကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ အလုပ်တာဝန်တွေကြောင့်၊ မိသားစု ပြ ဿနာတွေကြောင့် စသဖြင့် အကြောင်း အမျိုးမျိုးတွေထဲမှာ အစားအစာ စားသုံးမှု အလေ့အထက လည်း တခု အပါ အဝင် ဖြစ်ပါတယ်။
လူတွေ စားတဲ့ အစားအစာတွေက ကျန်းမာရေးကို ညီညွတ်မျှတအောင် ပြုပြင်ပေးနိုင်တယ် ဆိုတာကို အများစုက သိကြ ပါတယ်။ အဲဒီအထဲမှာမှ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီး ဝလံ အမျိုးမျိုးဆိုတာ စားသင့်တဲ့ အရာတွေဖြစ် ကြောင်းလည်း လူတိုင်းသိကြပါတယ်။ ငှက်ပျောသီး၊ ထောပတ်သီး စတာတွေက လိင်မှုကိစ္စအတွက် (အထူးသဖြင့် အမျိုးသားတွေ အတွက်) ကောင်းတယ် ဆိုတာလည်း နားလည်ထားကြတာပါပဲ။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ လိင်မှုကိစ္စ အတွက်က တော့ အမှတ်တမဲ့ ရှိနေတတ်ကြပါတယ်။
ကမာ၊ ဝိုင်၊ ချောကလက် စသဖြင့် လိင်စိတ်ဆန္ဒကို အားပေးတဲ့ အစားအစာတွေကိုတော့ သတိထားမိကြပေမယ့် လိင်မှု ကိစ္စမှာ အဆင်ပြေစေတဲ့ တချို့သော အစားအစာတွေကိုလည်း သတိမထားမိတတ်ပါဘူး။ ဥပမာ မက်မွန်သီး ပါ။ မက်မွန် သီးမှာ ဗီတာမင် စီ အများအပြားပါဝင်ပြီးတော့ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ လေ့လာ တွေ့ရှိခဲ့ရပါတယ်။ သွေးလည်ပတ်မှုကိုလည်းကောင်းစေပါတယ်။
နောက်ပြီးတော့ မက်မွန်သီးထက်ပိုပြီးတော့ တွေ့ရလွယ်ကူပြီး အမျိုးသမီးတွေရဲ့ လိင်မှုဆိုင်ရာ စိတ်ဆန္ဒကို မြှင့်တင်ပေး နိုင်တဲ့ သစ်သီးတမျိုးရှိပါသေးတယ်။
နေရာတိုင်းမှာတွေ့နိုင်တဲ့ သာမန် ပန်းသီးတလုံးက အမျိုးသမီးတွေရဲ့ စိတ်အာသီသကိုမြင့်တင်ပေးနိုင်ပါတယ်။ နှိုးဆွ လှုံ့ဆော်ပေးနိုင်ပါတယ်။ လိင်မှုကိစ္စမှာ သာယာမှုကို တိုးမြှင့် ပေးနိုင်ပါတယ်။
သုတေသီတွေက အသက် ၁၈ နှစ်ကနေ ၄၃ နှစ် အတွင်းမှာ ရှိတဲ့ အီတလီ အမျိုးသမီး ၇၃၁ ယောက်ကို လေ့လာကြည့် တဲ့ အခါမှာ တနေ့ကို အနည်းဆုံး ပန်းသီးတလုံး စားလေ့ရှိတဲ့ အမျိုးသမီးတွေဟာ ပန်းသီး စားတာ တနေ့ကို တလုံးထက် နည်းတဲ့ အမျိုးသမီးတွေထက်စာရင် လိင်မှုကိစ္စမှာပို ပြီးတော့ တက်ကြွမှုရှိတယ်ဆိုတာ တွေရှိခဲ့ရပါတယ်။
Archives of Gynecology and Obstetrics ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုမှာ သုတေသီတွေက အမျိုးသမီးတွေရဲ့ အိပ်ခန်းထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ မေးခွန်း ၁၉ ခုကို ဖြေဆိုစေပြီး သုတေသနပြု ဆန်းစစ်ခဲ့ကြတာဖြစ်ပါ တယ်။ အဲဒါဂျာနယ်ဟာ ၁၉၂၂ ခုနှစ်ကထဲက စတင်ထုတ်ဝေခဲ့တဲ့ သားဖွားမီးယပ် ပညာဆိုင်ရာ သက်တမ်းရင့် ဂျာနယ် တခု ဖြစ်ပြီးတော့ နိုင်ငံပေါင်း ၄၀ ကျော်ကို ဖြန့်ချိပေးနေရတဲ့ ဂျာနယ်ဖြစ်ပါတယ်။
မေးတဲ့ မေးခွန်းတွေထဲမှာ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်၊ စိတ်ကျေနပ်မှု ရမရ ဆိုတာတွေလည်းပါဝင်နေပါ တယ်။ အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို လေ့လာကြည့်တဲ့အခါ နေ့စဉ် ပန်းသီးစားသုံးတဲ့ အမျိုးသမီးတွေဟာ လိင်မှုကိစ္စမှာ ပိုမိုတက် ကြွမှုရှိတဲ့အတွက် လိင်ဆက်ဆံစဉ်မှာ အမျိုသမီးအင်္ဂါက အရည်ထွက်တာ များလာစေသလို စိတ်ကျေနပ်မှု ပိုရတယ်ဆိုတာ ကို တွေ့ရှိခဲ့ရပါတယ်။
သိပ္ပံပညာရှင်တွေက ပန်းသီးက လိင်စိတ်ဆန္ဒကိုတိုးတက်စေတာက သဘာဝအလျှောက် ပါဝင်နေတဲ့ flavonoid phloridzin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidant) ကြောင့် ဖြစ်တယ်လို့ လက်ခံထားကြပါတယ်။ အဲဒီဓာတ် က အမျိုးသမီး လိင်ဟိုမုန်းဖြစ်တဲ့ estradiol နဲ့ ဆင်တူတယ်လို့ သိရပါတယ်။
နောက်တခုကတော့ ပန်းသီးမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidant) တမျိုးဖြစ်တဲ့ polyphenols ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ polyphenols က အမျိုးသမီး အင်္ဂါ ကို သွေးလည်ပတ်စီးဆင်းမှု ကောင်းစေတဲ့ အတွက် လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ်ခံစားမှုကို အလွယ်တကူ ရရှိစေပါတယ်။
သုတေသီတွေကတော့ “ပန်းသီးကို နေ့စဉ်ပုံမှန် စားသုံခြင်းနဲ့ အမျိုးသမီးတွေရဲ့ လိင်မှုဘဝသာယာကောင်းမွန်ခြင်းရဲ့ကြား မှာ ဆက်သွယ်မှုတခု ရှိနေတယ်ဆိုတာကို ဒီလေ့လာမှုက ဖော်ပြနေပါတယ်။” လို့ပြောခဲ့ပါတယ်။
Source: dailystar.co.uk