နိုင်ငံပေါင်း ၆၃ နိုင်ငံတွင် ပြသနိုင်ခဲ့တဲ့ “Cinderella and Four Knights” ရုပ်သံဇာတ်လမ်း
စင်ဒရဲလား နဲ့ စစ်သူကြီး ၄ ယောက်လို့ အမည်ပေထားတဲ့ “Cinderella and Four Knights” ရုပ်သံ ဇာတ်လမ်းကို ကမ္ဘာတဝှမ်းက နိုင်ငံပေါင်း ၆၃ နိုင်ငံတွင် တပြိုင်နက်တည်းထုတ်လွှင့်ပြသနိုင်ခဲ့တယ်လို့ သိရပါတယ်။ ထုတ်လွှင့်ပြသခဲ့တဲ့ နိုင်ငံများကတော့ အမေရိကန်ပြည်ထောင်စု၊ ကျူးဘား၊ ဘရာဇီး၊ တရုတ်နိုင်ငံ အပါအဝင် မြောက်အမေရိက၊ တောင်အမေရိကတို့မှ နိုင်ငံများအပြင် အာရှဒေသမှ ၇ နိုင်ငံ ပါဝင်တယ်လို့ ဆိုပါတယ်။
“Cinderella and Four Knights” ရုပ်သံဇာတ်လမ်းကို တောင်ကိုရီးယားနိုင်ငံ TvN ရုပ်သံမှ သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ပြသခြင်းဖြစ်ပါတယ်။ ယခင်ကတော့ ရုပ်သံဇာတ်လမ်းများကို တောင်ကိုရီးယား နိုင်ငံ တွင်သာဦးဆုံးထုတ်လွှင့်ပြသလေ့ရှိကာ နောက်ပိုင်းမှသာ အခြားနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့တာပါ။ ယခု ဇာတ်လမ်းကိုတော့ တောင်ကိုရီးယားနိုင်ငံနှင့် တပြိုင်နက်တည်း အခြားသောနိုင်ငံတွေမှာပါ ပြသနိုင်ရန် စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်လုပ်ရေးကုမ္မဏီမှ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း ဒီလိုပုံစံနဲ့ ရုပ်သံဇာတ်လမ်းများကို ဖြန့်ချိရန်စီစဉ်နေပြီး ပြသနိုင်မယ့် နိုင်ငံများကိုတော့ ဒီထက်ပိုများများ ပြသနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်းပြောပါတယ်။
“Cinderella and Four Knights” ရုပ်သံဇာတ်လမ်းတွင်တော့ ဂျန်အီဝူးနဲ့ ဘတ်ဆိုဒမ်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပြီး အန်ဂျေဟွန်း၊ လီဂျန်းရှင်၊ ချိုမင်းတို့က ပါဝင်သရုပ်ဆောင်ထားကာ ထုတ်လုပ်ရေး ဒါရိုက်များအဖြစ် ကွမ်ဟွန်ချန်းနှင့် လီမင်ဝူးတို့က တာဝန်ယူရိုက်ကူးထားခြင်းဖြစ်ပါတယ်။
အွမ်ဟာဝမ် ဆိုတဲ့ ဘတ်ဆိုဒမ်ဟာ တက္ကသိုလ်တက်ရန်အတွက် အလုပ်မျိုးစုံလုပ်ပြီး ပိုက်ဆံစုနေတဲ့ ကောင်မလေးတဦးဖြစ်ကာ တနေ့မှာတော့ ထူးဆန်းတဲ့အဖိုးအိုတဦးနဲ့ တွေ့ဆုံပြီး အဖိုးအိုရဲ့ ချိတ်ဆက်ပေး မှုကြောင့် အိမ်ထိန်းအလုပ်ကို ရရှိခဲ့ပါတယ်။ အဆိုပါ အိမ်မှာသူဌေးသားလေးဦး နေထိုင်ကြပြီး သူတို့လေးဦးနဲ့ ဟာဝမ် တို့ရဲ့ ပြဿနာများကို ဟာသဆန်ဆန်တင်ပြထားခြင်းဖြစ်ပါတယ်။
Ref: http://www.koreatimesus.com