အသစ်ထွက်လာတဲ့ Samsung Galaxy Tab J
Samsung ရဲ့ Galaxy Tablet မျိုးဆက်သစ် Galaxy Tab J ကို သြဂုတ်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံမှာ တရားဝင် စတင်မိတ်ဆက်လိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မျက်နှာပြင်အရွယ်အစား ရ လက်မရှိတဲ့ Galaxy Tab J မှာ WXGA TFT Display ထည့်သွင်းထားပြီး Tab J တက်ဘလက်ကို ဆင်းမ်ကတ် ၂ ကတ် ထည့်သွင်းအသုံးပြုနိုင်ပြီး အင်တာနက်လိုင်း 4G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
Tab J မှာ CPU အနေနဲ့ 1.5 GHz Quad Core Processor နဲ့အတူ 1.5 GB RAM ပါ၀င် အသုံးပြု ထားပြီး Internal Storage အနေနဲ့ 8GB ပါဝင်ကာ 200 GB အထိ တိုးချဲ့ အသုံးပြုနိုင်ပါတယ်။ Android ဗားရှင်း 5.1Lollipop နဲ့ နောက်ဆုံးထွက် ဗားရှင်းသစ် Samsung TouchWiz ပါ၀င်ပြီး ဘက်ထရီအားပမာဏ 4000 mAh ပါ၀င်ပါတယ်။
“အသစ်ထွက်လာတဲ့ Galaxy Tab J Tablet ကို ထူးခြားပြီး လုံးဝန်းတဲ့ အနားသတ်ဘေးဘောင်နဲ့ ပါးလွှာပြီး သယ်ဆောင်ရလွယ်ကူတဲ့ ဒီဇိုင်းနဲ့ ဖန်တီးပြုလုပ်ထားပါတယ်။ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် Tab J ကို Tablet အနေနဲ့သာမကဘဲ မျက်နှာပြင်ကြီး စမတ်ဖုန်းတလုံးအနေနဲ့ အသုံးပြုနိုင်မယ့် တန်ဖိုးသင့် Tablet အမျိုးအစားတခု ဖြစ်ပါတယ်” လို့ Samsung Myanmar ရဲ့Head of IT and Mobile ကိုဇာနည်ဝင်းထက်က ပြောပါတယ်။
Galaxy Tab J မှာ Samsung ရဲ့ အခြား တက်ဘလက်တွေလိုမျိုးပဲ ကလေးငယ်များနဲ့ မိဘများ လွယ်ကူစိတ်ချစွာ အသုံးပြုနိုင်မယ့် Kid Mode ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Kid Mode ကြောင့် မိဘတွေအနေနဲ့ Tablet မှာ အထူးသီးသန့်ထည့်သွင်းပေးထားတဲ့ ပညာရေးဆိုင်ရာ၊ ဖျော်ဖြေမှုဆိုင်ရာ Content တွေကို အသုံးပြုပြီး ကလေးများအတွက် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
Galaxy Tab J ကို မြန်မာနိုင်ငံမှာ သြဂုတ်လ တတိယပတ်မှ စတင်ပြီး စျေးနှုန်း ကျပ် ၂၂၅,၀၀၀ နဲ့ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အရောင်အားဖြင့် ရွေရောင်၊ အနက်ရောင် နဲ့ အဖြူရောင် ၃ ရောင် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး စတင်ရောင်းချတဲ့ အထူးအစီအစဉ်အနေနဲ့ ဝယ်ယူသူများကို Samsung original 8GB micro SD card လက်ဆောင်ပေးအပ်သွားမယ်လို့ သိရပါတယ်။