Lifestyle

အကဲဖြတ်ဒိုင်အပြောင်းအလဲများနဲ့ Myanmar Idol Season2 စတင်တော့မည်

Want create site? Find Free WordPress Themes and plugins.

Myanmar Idol သီချင်းဆိုပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်နေ့က စတင်ကာ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ဘားအံ နဲ့ ရန်ကုန်မြို့များမှာ ပြည်နယ်နဲ့တိုင်းဒေသများမှ အဆို ဝါသနာရှင်များကို အသံစစ်ဆေးပြီး စတင်ရွေးချယ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

မကြာသေးခင်က ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ပြီးစီးခဲ့တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲဟာ ပရိသတ်အားပေးမှု အများဆုံး ရရှိခဲ့တဲ့သီချင်းဆိုပြိုင်ပွဲဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီပြိုင်ပွဲမှာ နောက်ဆုံးစကာတင်အဆင့်အထိ ယှဉ်ပြိုင်မှုများ ပြင်းထန်ခဲ့ပြီး Winner အဖြစ် စောလားထော်ဝါးက ရရှိခဲ့တာပါ။

အဆိုပါ သီချင်းဆိုပြိုင်ပွဲဟာ အကဲဖြတ်ဒိုင်များရဲ့ ပြောစကား ဆုံးဖြတ်ချက်များနဲ့ပတ်သက်လို့ ဝေဖန်မှုများ ရှိခဲ့ပေမယ့် အောင်မြင်တဲ့ ပွဲတပွဲဖြစ်ခဲ့ကာ ဒီနှစ်မှာတော့ အကဲဖြတ်ဒိုင် အပြောင်းအလဲ ရှိလာပါတယ်။

ပထမဆုံးအကြိမ်ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်လူကြီးများအဖြစ် မေဆွိ၊ ရဲလေး ၊ချမ်းချမ်းတို့က ဆောင်ရွက်ခဲ့ကာ ဒီနှစ်အတွက် အကဲဖြတ်ဒိုင်များအဖြစ်ဆောင်ရွက်မယ့်သူများကတော့ မြန်မာပြည်သိန်းတန်၊ မေဆွိ နဲ့တင်ဇာမော်တို့ပဲ ဖြစ်ပါတယ်။ အခမ်းအနားမှူးအဖြစ်ကတော့ ပရိသတ်များကြား ရေပန်းစားခဲ့တဲ့ ကျော်ထက်အောင်ကပဲ ဆက်လက်ပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

Myanmar Idol ပြိုင်ပွဲအတွက် ဖောင်များကို အခမဲ့ပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲမှာ အနိုင်ရရှိသူဟာ ဆုကြေးငွေ ကျပ်သိန်း ၂၀၀ နဲ့ တေးစီးရီးတခွေထုတ်လုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ မဲပေးစနစ်ကိုလည်း ယခင်နှစ်က ပုံစံအတိုင်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading