လိင်ဖျော်ဖြေရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်း( sex toys) တွေထုတ်လုပ်တဲ့ ကုမ္ပဏီတခုဖြစ်တဲ့ We-Vibe က လူတွေရဲ့ လိင်မှုကိစ္စနဲ့ တကိုယ်ရေ စိတ်ဖြေခြင်းဆိုင်ရာ အလေ့အထတွေကို စစ်တမ်းကောက်ယူပြီးတော့ ရလဒ်တွေကို မေလ အ တွင်း က ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီစစ်တမ်းမှာ လူ ၁၀၃၂ ယောက် ကို ကျပန်းစနစ်နဲ့ ရွေးချယ်ပြီး မေးခွန်းတွေမေးခဲ့ ပါ တယ်။ ဖြေဆိုပေးခဲ့သူတွေထဲမှာ လူသိများတဲ့ celebrities တွေတောင်ပါဝင်ခဲ့တယ်လို့ လည်းဆိုပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်တွေက တော့ လူတွေဟာ တကိုယ်ရေ စိတ်ဖြေမှုပြုလုပ်စဉ်မှာ နာမည်ကျော်တွေကို စိတ်ထဲမှာ မြင်ယောင်ပြီး လုပ်ကြပါတယ်။
အမျိုးသား ၃ ယောက်မှာ ၁ ယောက်က တကိုယ်ရေ စိတ်ဖြေမှုပြုလုပ်စဉ်မှာ နာမည်ကျော် မင်းသမီးတွေကို စိတ်ထဲက မြင် ယောင် မှန်းဆကြပါတယ်။ အဲဒီမင်းသမီးတွေထဲမှာ Jennifer Lopez လို့ ဖြေဆိုသူ အများဆုံး ဖြစ်ခဲ့တာကို တွေ့ရတယ် လို့ သိရပါတယ်။ သူ့နောက်မှာ ဖြေဆိုသူများတဲ့ သူတွေကတော့ Jessica Alba၊ Emma Watson၊ Carrie Underwood၊ Jennifer Lawrence၊ Kim Kardashian၊ Beyonce၊ Megan Fox၊ Selena Gomez နဲ့ Taylor Swift တို့ ဖြစ်ကြပါတယ်။
အမျိုးသမီးတွေကတော့ ၅ ယောက်မှာ ၁ ယောက်ကသာ မင်းသားတွေကို မြင်ယောင်ပြီး လုပ်ကြတယ်ဆိုတာ တွေ့ရတဲ့ အတွက် အမျိုးသားတွေ ထက်နည်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သူတို့ ကြိုက်တဲ့ သူတွေထဲမှာ Channing Tatum၊ Adam Levine၊ Johnny Depp၊ Ryan Gosling နဲ့ Justin Timberlake တို့က ထိပ်ဆုံးမှာ ရှိနေကြပါတယ်။
အမျိုးသားနဲ့ အမျိုးသမီး ဘာတွေကွာခြားသလဲ။
We-Vibe ရဲ့ စစ်တမ်းအရ အမျိုးသားတွေက အမျိုးသမီးတွေထက် တကိုယ်ရေ အာသာဖြေတဲ့ အလေ့အထ ပိုပြီးများတယ် လို့ သိရပါတယ်။ သူတို့ စစ်တမ်းကို ဖြေဆိုပေးသူ အမျိုးသား ၆၉ ရာခိုင်နှုန်းက ဒီလို လုပ်လေ့ရှိကြောင်း ပြောခဲ့ကြပြီး အမျိုး သမီးကတော့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။
သြစတြေးလျ နိုင်ငံမှာ သီးခြားပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ အသက် ၁၅ နှစ်ကနေ ၂၉ နှစ် အတွင်းမှာရှိတဲ့ အမျိုးသား ၁၀၀ ရာခိုင်နှုန်းက အပြာကားကြည့်ဖူးကြတယ်လို့ သိရပါတယ်။ အဲဒီထဲက ၈၀ ရာခိုင်နှုန်းဟာ အပတ်စဉ် (တပတ်တခါ ခန့်) သို့ မဟုတ် နေ့စဉ် နီးပါးကြည့်သူတွေ လို့လဲ ဆိုပါတယ်။ အလားတူ အသက်အပိုင်း အခြားရှိတဲ့ အမျိုးသမီးတွေ ကတော့ အပြာကား ကြည့်ဖူးသူ ၈၁ ရာခိုင်နှုန်း ရှိပြီး နေ့စဉ် သို့ မဟုတ် အပတ်စဉ် ကြည့်လေ့ရှိတယ်လို့ ဖြေဆိုသူက ၂၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။
ဘယ်နေရာမျိုးမှာ စိတ်ဖြေမှုအများဆုံး လုပ်လေ့ ရှိသလဲ။
We-Vibe ရဲ့ စစ်တမ်းကို ဖြေဆိုပေးသူ အများစုက အိပ်ခန်းထဲမှာ လို့ပြောခဲ့ကြပါတယ်။ ဒါပေမယ့် အိပ်ခန်းထဲမှာသာ မဟုတ်ဘဲ ဘယ်နားမှာဖြစ်ဖြစ် ရပါတယ်လို့ ဖြေခဲ့သူကလည်း ၈၀ ရာခိုင်နှုန်းတောင် ရှိတယ်လို့ သိရပါတယ်။ အမျိုးသား ၂၀ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၉ ရာခိုင်နှုန်းကတော့ ကားထဲမှာလည်း စိတ်ဖြေမှု လုပ်ခဲ့ဖူးကြောင်း ဝန်ခံခဲ့ကြပါတယ်။
တကိုယ်ရည် စိတ်ဖြေမှုက စိတ်ဖိစီးမှုကို လျော့ကျစေတယ်လို့ အများစုက ယူဆထားကြပါတယ်။
ယောဂ လေ့ကျင့်ခန်းတွေ၊ ညနေခင်းမှာ အပန်းဖြေ လမ်းလျှောက်တာတွေလိုပဲ တကိုယ်ရေ စိတ်ဖြေမှုကို စိတ်ပါလက်ပါ ပြု လုပ်ပြီးတဲ့ အချိန်မှာ စိတ်သက်သာမှုကို ရတယ်လို့ We-Vibe ရဲ့ စစ်တမ်းကို ဖြေဆိုသူတွေရဲ့ ၇၆ ရာခိုင်နှုန်းက ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်လို ရာသီဥတုမှာ တကိုယ်ရည် စိတ်ဖြေမှုကို အများဆုံး လုပ်ဖြစ်သလဲ
We-Vibe ရဲ့ စစ်တမ်းကို ဖြေဆိုသူ ၈၆ ရာခိုင်နှုန်းက နှစ်တနှစ်ရဲ့ တခြားသောရာသီတွေ ထက်စာရင် ဆောင်းရာသီမှာ ပိုပြီး လုပ်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဘာကြောင့်လဲ ဆိုတာ ရှင်းလင်းချက် မပါပေမယ့် ဆောင်းရာသီရဲ့ အအေးဒဏ် ကြောင့် ဘယ်မှ မသွားဖြစ်ဘဲ ကိုယ်အိမ်မှာပဲ၊ အိပ်ခန်းထဲမှာပဲ ရှိနေတတ်တဲ့ အနေအထားကြောင့်လို့ ယူဆရပါတယ်။
တကိုယ်ရည် စိတ်ဖြေမှုနဲ့ ပတ်သက်လို့ လူတွေ ပွင့်ပွင့်လင်းလင်း ပြောလာကြပါတယ်။
လူတွေက ရာစုနှစ်ပေါင်းများစွာ အတွင်း တကိုယ်ရေ စိတ်ဖြေမှုကြောင့် မျက်စိကွယ်နိုင်တယ်၊ လက်ဖဝါးမှာ အမွေးတွေ ပေါက်လာမယ်၊ ဒီလိုလုပ်တာဟာ စိတ်ဓာတ်ချို့ ယွင်းမှုဖြစ်တယ် စတဲ့ အယူအဆတွေ ရှိခဲ့ပြီးတဲ့ နောက်မှာတော့ ဒီကိစ္စ ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြတာကိုတွေ့ရပါတယ်။
We-Vibe ရဲ့ စစ်တမ်းကိုဖြေဆိုသူ ၈၅ ရာခိုင်နှုန်းက အရင်ကထက်စာရင် တကိုယ်ရေ စိတ်ဖြေမှုအကြောင်း ပြောရတာ ပို ပြီး သက်တောင့်သက်သာ ဖြစ်လာတယ်လို့ ဖြေခဲ့ကြပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပြောဆို ဆွေးနွေး ဖြစ်တယ်လို့ ဖြေဆိုသူက ၇၀ ရာခိုင်နှုန်း ရှိပါတယ်။
ဒါဟာ နာမည် ရုပ်သံဇာတ်လမ်းတွေမှာတောင် ဒီကိစ္စနဲ့ ပတ်သက်လို့ ထည့်သွင်းဖော်ပြလာတာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Broad City၊ The Mindy Project နဲ့ Girls စတဲ့ ဇာတ်လမ်းတွေမှာ ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်း ရဲရဲ ရင့်ရင့် ပြောဆိုမှုတွေ ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။
Source: news.com.au