ပြင်သစ် အခြေစိုက် Renaultရဲ့ ဖန်တီးမှု ဖြစ်ပြီးတော့ ဂျပန် အခြေစိုက် Nissanနဲ့ မိတ်ဖက် ဖြစ်နေတာ တ ချက်က ပုံမှန်ထုတ်လုပ်နေကျ စွမ်းဆောင်ရည်ဦးစားပေး မော်ဒယ်ထက် အခုလို ကိုယ်ထည်သေးသေးနဲ့ ဆီစားနည်းအောင် ဖန်တီးထားတာက စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
Fiat 500ကို စျေးကွက်ပြိုင် ဆိုင်နိုင်အောင် ဖန်တီးခဲ့တာ ဖြစ်ပေမယ့် အချိန်တိုအတွင်း စျေးကွက်ရဲ့ လက်ခံမှု ရရှိအောင်မြင်နေတာပါ။ ပြည်တွင်းမှာလို အင်ဂျင်သေးသေးမော်ဒယ်တွေ နှစ်သက်သူတွေရဲ့စိတ်ကြိုက်ဖြစ်မှာပါ။
မော်ဒယ်က အင်ဂျင်ပိုင်း စွမ်းဆောင်ရည်ကောင်းလို့ Superminiတွေရဲ့ ပြိုင်ဘက်ကောင်းဖြစ်နေစေတယ်၊ Air-Conတစ်ချက်သာ မသုံးဘူး ဆိုရင် ခရီးဝေးကို ပုံမှန် အိမ်စီး ဆီဒင်တွေနဲ့ အပြိုင် စိတ်ကြိုက်မောင်းနှင်နိုင်မယ်။ လက်ကိုင်ပိုင်း အထူးအားကောင်းတာ တွေ့ရပြီး ပတ်လမ်းမောင်း မော်ဒယ် အနေနဲ့ ပြင်ဆင်မောင်းနှင်မယ် ဆိုရင်တောင် အဆင်ပြေနိုင်ပါတယ်။
ဘရိတ်ပိုင်းလည်း ဟန်ချက်ညီပြီးတော့ ပုံမှန်တန်းတူ မော်ဒယ်တွေရဲ့ ရပ်တန့်နိုင်မှုထက် တိုတောင်းတဲ့ အကွာ အဝေးအတွင်း ရပ်တန့်နို်င်တာတွေက မော်ဒယ်ရဲ့ အားသာချက်တွေပါ။
ဒီနေရာမှာ နည်းနည်း ဆန်းနေစေချင်တာက နောက်ဘက် အင်ဂျင်အထိုင်စနစ်ပါ။ Porscheရဲ့ မော်ဒယ် တွေ လောက်ပဲ နောက်ဘက် အင်ဂျင်အထိုင်စနစ်နဲ့ တွေ့ရတော့ချိန်မှာ Twingoကို နောက်ဘက် အင်ဂျင် ထိုင်ထား ပါတယ်။ ဒီတော့ ကိုယ်ထည်ပိုင်း တုန်ခါမှု နည်းနည်း ပိုစေပါတယ်၊ ဆူညံသံ ပေးချင်လာပါတယ်။
တပ်ဆင် အင်ဂျင်ကတော့ ၀ ဒသမ ၉လီတာသုံး အသေးစား သုံးလုံးထိုး အင်ဂျင်စနစ် ဖြစ်ပြီး စွမ်းအင် ထုတ်လုပ်မှု ကောင်းဖို့ အတွက်က HTT Turboကို အကူ အနေနဲ့ ထိုင်ထားတာ တွေ့နိုင်ပါတယ်။ အင်ဂျင်က အရွယ်အစား သေးငယ်တာကြောင့် လည်ပတ်အား အပိုင်းမှာ ပိုများတာ တွေ့ရပြီး အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၂၅၀၀အတွက် ရုန်းအားက ၁၀၀ပေါင်-ပေပဲ ထွက်ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၈၉ကောင်အား ရှိပါလိမ့်မယ်။
ဒီနေရာမှာ အင်ဂျင်ရဲ့ လည်ပတ်အား ၃၅၀၀လောက်မှပဲ ရုန်းအား အပြည့်အဝဆုံး အနေအထားကို ရောက်နိုင် မှာ လည်း ဖြစ်သလို အမြင့်ဆုံး လည်ပတ်အား တစ်မိနစ် အပတ်ရေ ၅၅၀၀ ဆိုရင်တော့ မော်ဒယ်က တုန်ခါမှု သိသာလောက်အောင် ခံစားလာရပါတယ်။
မော်ဒယ်ရဲ့ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းကို ကြည့်မယ် ဆိုရင် တစ်နာရီ မိုင် ၆၀နှုန်း အတွက် အချိန် ၈ ဒသမ ရစက္ကန့်ထိအောင် ကြာမှာ ဖြစ်ပြီး သုံးလိုးထိုး အင်ဂျင်တပ် မော်ဒယ်တွေထဲမှာတော့ အသင့် အနေအထား လောက်ပါပဲ။
အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းက တစ်နာရီ ၁၁၇မိုင်နှုန်းထိအောင် ဖြစ်ပေမယ့် ကားရဲ့ ကိုယ်ထည် ဒီဇိုင်းနဲ့ အလေးချိန် တွေအရ အဲဒီလောက် မောင်းနှင်ဖို့ မသင့်ပါဘူး။ မော်ဒယ်ကို Autoစနစ်နဲ့လည်း ရနိုင်သလို Manualနဲ့လည်း ထုတ်လုပ်ပါတယ်။ စျေးနှုန်းပိုင်းမှာတော့ Manualနဲ့ မော်ဒယ်တွေက ပိုမို ချိုသာတာတွေ့နိုင်ပြီးတော့ Autoစနစ်နဲ့ ဆိုရင် ဂီယာချက် ၄ချက်ကို သုံးနို်င်မှာ ဖြစ်ကာ Manualနဲ့ ဆိုရင်တော့ ၅ချက်ထိအောင် ရပါလိ်မ့်မယ်။
မော်ဒယ်ရဲ့ ဆီစားနှုန်းကိုကြည့်မယ် ဆိုရင်တော့ ဆီတစ်ဂါလံကို ပျမ်းမျှ ၆၆မိုင်လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီးတော့ ခရီးတစ်ဆက်တည်း မောင်းနှင်နိုုင်မှုက ဆီတိုင်ကီ အပြည့်နဲ့ ဆိုရင် မိုင် ၄၂၀ကျော် ဖြစ်ပြီးတော့ မနားတမ်း မောင်းနှင်မှု အတွက်ကတော့ ပျမ်းမျှ ရ၅မိုင်လောက်ထိအောင် စီးနင်းနိုင်မှာပါ။
ဒါဆိုရင်တော့ စျေးလည်း ချိုတယ်၊ ဆီစား အရမ်းသက်သာတယ်၊ နည်းပညာပိုင်း စိတ်ချရသလို စွမ်းဆောင် ရည်ပါ ကောင်းမွန်တဲ့ Twingoက လက်ခံနို်င်စရာ မော်ဒယ်တစ်ခုပါ။ စျေးကွက် ၀င်ရောက်မှု အနေအထားအရ အပိုပစ္စည်း ပေါပေါ မရနုုိင်သေးတာပါပဲ။