Lifestyle

ပြည်တွင်းမှာ လူစီးအများဆုံး Honda CBR1000RR

တန်ကြေးနည်း Sport Bikeတန်းဝင် မော်ဒယ်တွေထဲမှာတော့ ပြည်တွင်းမှာ လူကြိုက်အများဆုံးကို ပြပါဆိုရင် Honda CBRနဲ့ Yamaha FZတွေကို ပြောရမှာပါ။ ဒါပေမယ့် FZကတော့ ဂျပန်ထုတ်တင် မဟုတ်ဘဲ အိန္ဒိယ ထုတ်ပါ စျေးကွက်ဝင်လို့ ထုတ်လုပ်တဲ့ နိုင်ငံအပေါ်ကို မူတည်ပြီး စျေးနှုန်း ကွာခြားသလို ပျမ်းမျှ အနေနဲ့ CBRထက် စျေးချိုပါတယ်။

CBRကတော့ ထိုင််းနဲ့ ဂျပန်ထုတ်တွေပဲ အများဆုံး စျေးကွက် ၀င်ပြီး ထိုင်းနိုင်ငံထုတ် ဆိုရင်တောင် FZထက် စျေးများတာ တွေ့နိုင်ပါတယ်။ အခု ပြောချင်တာကတော့ CBRရဲ့ မော်ဒယ်ခွဲ တခု ဖြစ်တဲ့ CBR1000RRအကြောင်းလေးပါ။

တချို့စျေးကွက်မှာ Firebaldeလို့ နာမည်ကျော်ကြားပြီးတော့ ပြိုင်ပွဲဝင် မော်ဒယ််အဖြစ် ထုတ်လုပ်ရင်းကနေ အောင်မြင် လာတာကြောင့် နောက်ပိုင်း စျေးကွက်ကိုပါ ထုတ်လုပ်ရောင်းချနေတာ ဖြစ်ကာ ၂၀၀၄ခုနှစ် ကတည်းက ဒီမော်ဒယ်က ထွက်ရှိနေခဲ့တာပါ။ CBR954RRရဲ့ နောက်ဆက်တွဲ မော်ဒယ်ဖြစ်ပြီး အင်ဂျင်စနစ်ကို အရွယ်အစားပြောင်းလဲ ထုတ်လုပ်မှုနဲ့ အတူ CBR1000RR အဖြစ် ထွက်ရှိလာခဲ့တာပါ။

ဒါပေမယ့် အင်ဂျင်စနစ်က ၁ ဒသမ ၀လီတာသုံး ဖြစ်လို့ စွမ်းဆောင််ရည် ကောင်းပေမယ့် ဆီစားလည်း များသလို လမ်းကြောင်းတိုင်းနဲ့ အဆင်ပြေအောင် မောင်းနှင်နိုင်ဖို့ ခက်တာကြောင့် အခု မော်ဒယ်ရဲ့ နောက်ဆက်တွဲ အဖြစ် CBR600RRမော်ဒယ် ထွက်ရှိထားသေးတာ တွေ့ရပါတယ်။

CBRမော်ဒယ်ဆိုတာကတော့ Hondaရဲ့ သက်တမ်းရင့် မော်ဒယ် ဖြစ်ပြီး အခု CBR1000RRက မျိုးဆက် ရဆက်မြောက်ပြောင်းလဲ ထုတ်လုပ်မှု အဖြစ် ထွက်ရှိထားတာပါ။ မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က အရည်အအေးခံစနစ်ပါတဲ့ လေးလုံးထိုး ၁ ဒသမ ၀လီတာသုံး အင်ဂျင်ဖြစ်ပြီးတော့ သူက မော်တော်ကားတွေမှာ ပါရှိတဲ့ အဆို့ရှင်စနစ်လိုပဲ DOHCနဲ့သွားပါတယ်။

ဆီထိုးသွင်းခြင်းစနစ်က Dualပုံစံနဲ့ သွားပြီး မြင်းကောင်ရေ ၁၇၁ကောင်အားထိအောင် ထုတ်ပေးနိုင်ပါတယ်။ အင်ဂျင်က အမြင့်ဆုံး အနေနဲ့ တစ်မိနစ်ကို အပတ်ရေ ၁၀၆၇၀ထိအောင် လည်ပတ်မှာ ဖြစ်ပြီး ဆိုင်ကယ်ရဲ့ အလေးချိန်က ဆီမပါပဲ ၄၄၀ပေါင် ရှိပါတယ်။ တပ်ဆင် ဆီတိုင်ကီကတော့ ၄.၇ဂါလံ ဆံ့မှာ ဖြစ်ပြီး ကိုယ်ထည် အရှေ့ခြမ်း အလေးချိန်များပြီး ဘီးထောင်မှုတွေမှာ အဆင်ပြေအောင် တိုင်ကီကို ကြီးမားထားတာ တွေ့ရပါတယ်။

CBR1000RRနောက်ဆုံးထုတ်မော်ဒယ်ရဲ့ စွမ်းဆောင်ရည် တချို့ကို ကြည့်မယ် ဆိုရင် တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၂ ဒသမ ၆စက္ကန့်တည်းနဲ့ ရောက်ရှိအောင် မောင်းနှင်နို်င်မှာ ဖြစ်ပြီး တစ်မိုင်ရဲ့ လေးချိုးတချိုးဖြစ်တဲ့ ၀ ဒသမ ၄၀ကီလိုမီတာကိုတော့ ၉ ဒသမ ၈၂ စက္ကန့်နဲ့ ရောက်မှာပါ။

အမြန်ဆုံးနှုန်း အနေနဲ့ တစ်နာရီ ၁၇၄မိုင် (၂၈၀ကီလိုမီတာ)ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ကာ တကယ်လို့ တစ်နာရီ မိုင် ၆၀နှုန်းကနေ ရပ်တန့်မယ် ဆိုရင်တော့ ၁၂၃ပေ( ၃၇မီတာ)အရောက်မှာ ရပ်ပါလိမ့်မယ်။ အင်ဂျင်စနစ် အကြီးစား တပ်ဆင်ထားတယ် ဆိုပေမယ့် မော်ဒယ်က ဆီစားနှုန်းမှာတော့ ချိုသာတာ တွေ့့ရပြီး ဆီတစ်ဂါလံကို ၄၆မိုင်ထိအောင် စီးနင်းနိုင်မှာပါ။ စျေးကွက် အတွင်းမှာတော့ ၂၀၀၆ခုနှစ်ထုတ် CBR1000RRကို အသစ် အနေအထားနဲ့ ရနိုင်ပြီးတော့ အဆိုပါ မော်ဒယ်ဆိုရင်တော့ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၃စက္ကန့် ယူမယ်၊ တနာရီ ၁၇၇မိုင်လောက်ထိအောင် မောင်းနိုင်မယ်၊  မိုင် ၆၀နှုန်းက ရပ်မယ် ဆိုရင် ၁၁၇ပေပဲ ယူမယ်၊ ဆီစားနှုန်း တော့ နည်းနည်းပိုများပြီး ၃၆မိုင်လောက်ပဲ စီးနင်းနိုင်မှာပါ။ စျေးနှုန်းကတော့ သိန်း ၁၁၀နဲ့ အောက်ဖက်မှာ ရှိနုုိင်ပါတယ်။

Loading