Lifestyle

Swimsuit ထုတ်မယ်ဆိုတဲ့ မော်ဒယ်လ်လုလုအောင်နဲ့ အင်တာဗျူး

Want create site? Find Free WordPress Themes and plugins.

Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဒီရက်ပိုင်းအတွင်း နာမည်ကျော်ကြား လူကြိုက်များလာတယ်လို့ ဆိုရမယ့်  မော်ဒယ်လ်တဦးဆိုရင် အားလုံးလည်း သိလောက်မယ်လို့ထင်ပါရဲ့။ သူကတော့ ကချင်တိုင်းရင်းသူ မော်ဒယ်လ် လုလုအောင်ပါ။ မော်ဒယ်လ် လုလုအောင်ဟာ သူ့ရဲ့ Sexy ကျကျ အလှဓာတ်ပုံများကို ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြရင်း ပရိသတ်ကြားမှာ ရေပန်းစားလာတဲ့သူတယောက်လည်း ဖြစ်ပါတယ်။

လုလုအောင်ကို အားပေးဝန်းရံကြတဲ့ အမျိုးသားပရိသတ်တွေကြောင့်လဲ သူဟာ ပိုပြီး နာမည်ရ အောင်မြင်လာတယ် လို့ ဆိုရင်လည်း မမှားပါဘူး။

၂၀၀၄ ခုနှစ်ဝန်းကျင်လောက်မှာ မော်ဒယ်လ်အဖြစ်ရပ်တည်ခဲ့ပြီး အဲ့ဒီလောကကနေ ခေတ္တခဏပျောက်ကွယ်သွားရာမှ အခုတခါ အွန်လိုင်းစာမျက်နှာတွေမှာ တကျော့ပြန်လည်အောင်မြင်လာကာ ပရိသတ် အားပေးမှုကို ပြန်လည် ရရှိ လာခဲ့တာပါ။ ဒါကြောင့် အွန်လိုင်းမှာနာမည်ကြီးနေတဲ့ မော်ဒယ်လ်လုလုအောင်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး  အရင်တုန်းကလည်း မော်ဒယ်လ်အဖြစ် ရပ်တည်ဖြစ်ခဲ့သေးတယ်နော်။ အဲ့ဒါနဲ့ပတ်သက်လို့ ပြောပေးပါလား။

ဖြေ ကျမက ၂၀၀၄ ခုနှစ်တုန်းက ရန်ကုန်ရောက်တယ်။ ပြိုင်ပွဲတွေဝင်ပြိုင်ခဲ့တယ်။ ဆုတွေရခဲ့တယ်။ နောက် ဘေလ်ဘုတ်တွေတဲ့အခါမှာလည်း ကျမပါတယ်။ အဲဒီတုန်းက ကျမက ရန်ကုန်နဲ့ မြစ်ကြီးနားကို သွားလိုက်လာလိုက် လုပ်နေရတာ။ မြစ်ကြီးနားမှာက စာမေးပွဲဖြေရတာကိုး။ တဖြည်းဖြည်းနဲ့ အဆက်ပြတ်သွားပြီး လွန်ခဲ့တဲ့ သုံးနှစ် လောက်ကမှ ကိုယ့်ရဲ့အားလပ်ရက်တွေမှာ ဓာတ်ပုံတွေ တပုံတင်တပုံတင်နဲ့ ပရိသတ်တွေ တဖြည်းဖြည်း နည်းနည်းပါးပါး သိလာကြတယ်။ အခု ဒီ ၂ ရက် ၃ ရက်အတွင်းမှာမှ ပရိသတ်က ပိုပြီးသိလာကြတယ်။

မေး Sexy ကျကျ ဓာတ်ပုံတွေ ရိုုက်ကူးဖြစ်တာက ဘယ်လိုခံယူချက်ကြောင့်ပါလဲ။

ဖြေ လူတိုင်းမှာက သူ့ဝါသနာနဲ့သူရှိကြတယ်လေ။ ကိုယ့်ရဲ့အားလပ်တဲ့အချိန်မှာ လုပ်ချင်တဲ့အရာရှိမယ်။ ပြီးရင် ငယ်ငယ်တုန်းက မလုပ်ခဲ့ရတာတွေရှိမယ်။ ကျမဆိုရင်လည်းငယ်ငယ်တုန်းက ဒီ အနုပညာကို သိပ်ဝါသနာပါခဲ့တယ်။ ဒါပေမယ့် အခုလို မီဒီယာတွေလည်း အားမကောင်းခဲ့သေးဘူး။ ကိုယ်မလုပ်ခဲ့ရတာတွေကို အခုလို ကိုယ် အေးအေး ဆေးဆေးလေး ဖြစ်နေတဲ့အချိန်မှာ ကိုယ်ရဲ့အားလပ်ချိန်မှာ Relax လုပ်ရင်းဓာတ်ပုံရိုက်ခဲ့တာပါ။

မေး မလုလုအောင်ရဲ့ပုံတွေကို တချို့အားပေးတဲ့သူတွေရှိမယ်။ တချို့ယဉ်ကျေးမှုအရ မကြိ်ုက်ကြတဲ့သူတွေလည်း ရှိမယ်။ ဒါနဲ့ပတ်သတ်ပြီးတော့ရော ဘာပြောချင်ပါသလဲ။ ပုံတွေတင်တဲ့အခါမှာလည်း ဟာသဆန်ဆန် စာသားမျိုးတွေ ရေးပြီး တင်လေ့ရှိတာလည်းတွေ့ရတယ်။

ဖြေ ဒါကတော့ အဆိုးနဲ့အကောင်းကတော့ ဒွန်တွဲနေတာပေါ့။ ကိုယ်ကိုသဘောကျတဲ့့သူရှိမယ်၊ မကျတဲ့သူရှိမယ်။ ကောင်းတာပြောတဲ့သူရှိမယ်၊ မကောင်းတာပြောတဲ့သူရှိမယ်။ ဘာပဲပြောပြော ဒါကတော့ လူ့အခွင့်အရေးပဲလေ။ သူတို့ပြောချင်တာကို သူတို့ပြောပိုင်ခွင့်ရှိပါတယ်။

ကိုယ်ကတော့ ကိုယ်လုပ်ချင်တာလေးကို လုပ်သွားချင်တာပဲ ရှိတာပါ။ ပုံတင်ရင် ကြည့်တဲ့သူလည်း Relax ဖြစ်အောင်ပါ။ ကိုယ်တွေလည်း Facebook မှာ ဟာသတွေတွေ့ရင် သဘောကျတယ်။ ကြည့်တယ်။ ဒါကြောင့် သူများတွေကိုလည်းပျော်စေချင်တယ်။ သူငယ်ချင်းတွေဆိုရင်လည်း အဲ့ဒီလိုပဲ။ ဒါကြောင့် သူတို့ရဲ့ ဓာတ်တွေကူးတာလား မသိပါဘူး။ မခွီရရင်လည်း နေလို့ထိုင်လို့မကောင်းဘူးဖြစ်နေတာ။ ဒါကြောင့် ပုံတင်ရင် ရယ်စရာအနေနဲ့ ရေးမိပြောမိတာပါ။ တချို့က ဒါကို ညုတုတုပြောချင်တာလားလို့  ထင်ကြတာ လည်း  ရှိပါတယ်။

မေး Facebook မှာ ကိုယ့်ကို အားပေးတဲ့သူ များလာတာ ဘယ်အချိန်မှာစသိတာလဲ။ ဘယ်လိုခံစားရပါလဲ။

ဖြေ ကိုယ်ကလည်း အဲလိုဖြစ်ပါစေဆိုပြီး လုပ်တာထက် ကိုယ့်အမတွေက နိုင်ငံခြားကနေ အကျီအသစ်တွေ ၀ယ်ပေးတယ်။ ပို့ပေးတယ်။ ဒီအတိုင်းဆိုရင် နှမျောစရာကြီးလို့ ကိုယ်ကလည်း ၀ါသနာပါတာ ဓာတ်ပုံရိုက်ဆိုတော့ ရိုက်ပြီး Facebook ပေါ်မှာတင်လိုက်တယ်။  ကိုယ်ကလည်း အပြင်မှာသူငယ်ချင်းများများ မရှိပါဘူး။ Facebook မှာက ကိုယ့်ရဲ့ဆွေမျိုး သူငယ်ချင်းလည်း မဟုတ်ဘဲ သူတို့က “ဟယ် အကျီလေးက ဘယ်လို ဘာညာ”ဆိုပြီး လာ ရေးပေး ကြတော့ ကိုယ်က ပျော်တာပေါ့။ မသိတဲ့သူငယ်ချင်းတွေလည်း အများကြီးရတယ်။ စိတ်ထဲမှာ ကျေနပ်တာပေါ့။ အဲလို မျိုး တပုံစ တပုံစ တင်ရင်းကနေ Page ကနေ အားပေးတဲ့ ပရိသတ်တဖြည်းဖြည်းနဲ့တိုးလာခဲ့တာပါ။ ငါ့ကို အားပေးတဲ့ သူတွေရှိတာပဲဆိုပြီး တဖြည်းဖြည်းနဲ့အားတက်လာခဲ့တယ်။

မေး Facebook မှာ “လု ကို ၀န်းရံကြ”ဆိုပြီး အမျိုးသားပရိသတ်တွေ တော်တော်များတယ်။ အဲ့ဒီ ပရိသတ်တွေကို ဘာပြန်ပြောချင်ပါလဲ။

ဖြေ ရုတ်တရက်ဒီလိုဖြစ်သွားတာ အရမ်းလည်း အံ့သြပြီး ပျော်လည်းပျော်တယ်။ စိတ်လည်း လှုပ်ရှားတယ်။ ကျေးဇူးလည်းတင်တယ်။ ၀န်းရံကြတဲ့ အမျိုးသားတွေဆိုရင် သူတို့ရဲ့ အကောင့်တွေထဲမှာ အမျိုးသမီးတွေလည်း ရှိတယ်လေ။ သူတို့ကို အငြူစူခံပြီးတော့ ကိုယ့်ကို အားပေးကြတဲ့အတွက် တကယ်ကိုကျေးဇူးတင်ပါတယ်။

မေး လုလုအောင် နာမည်နဲ့ ပစ္စည်းတခုခုထုတ်ရင်တောင် ၀ယ်မယ်ဆိုပြီးပြောကြတာတွေလည်း တွေ့ရတယ်။ အဲဒီအတွက် အစီအစဉ် တခုခုများရှိပါလား။

ဖြေ ဟုတ်ကဲ့ သူငယ်ချင်းတွေကလည်းပြောကြတယ်။ တခုခုလုပ်ကြရအောင်ဆိုပြီးတိုင်ပင်နေကြတာ ရှိတယ်။ လုပ်ဖြစ်ရင် မြန်မာနိုင်ငံမှာက Swimsuit တွေက ၀ယ်ရတာ မဆင်မပြေဘူးလေ။ တချို့ အိမ်နီးနားချင်း နိုင်ငံတွေက လာတာတွေရှိတယ်။ ဒါပေမယ့် တချို့က ကျမတို့လို ခန္ဓာကိုယ်ကြီးတဲ့သူတွေအတွက်က ရှားတယ်လေ။ ဒါကြောင့် တကယ်တမ်း Branded လည်းကောင်းပြီးတော့ ချုပ်သားကောင်းကောင်းနဲ့ ထုတ်ဖို့ စဉ်းစားထားတယ်။ သူငယ်ချင်း တွေကလည်း အားပေးကြတယ်။ စိတ်လည်းဝင်စားနေတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading