Lifestyle

အသစ် မိတ်ဆက်လိုက်တဲ့ MEIZU MX6 စမတ်ဖုန်းသစ်

တရုုတ်နိုင်ငံရဲ့ စမတ်ဖုန်းကုမ္ပဏီ MEIZU Technology (MEIZU) က MEIZU MX6 စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်တဲ့ပွဲကို သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့၊ Novotel Yangon Max ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

MEIZU MX6 စမတ်ဖုန်းက MX-Series စမတ်ဖုန်းတွေထဲမှာ Processor အရည်အသွေး Deca- Core 2.3 GHz Cortex – A72 အခြေခံ CPU ကို အသုံးပြုထားတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။ MX6 က သတ္တုကိုယ်ထည် ဒီဇိုင်းနဲ့အတူ မျက်နှာပြင် အရွယ်အစား ၅.၅ လက်မရှိပါတယ်။

ကင်မရာအရည်အသွေးအတွက် Sony IMX386 CMOS Sensor အသုံးပြုထားပြီး လုုပ်ဆောင်ချက် အပြည့်အဝကောင်းမွန်အောင် သီးခြားပြုလုုပ်ထားတဲ့ 6P မှန်ဘီလူး ပါ၀င် တပ်ဆင်ထားတယ်လို့ သိရပါတယ်။ အနောက်ဘက်ကင်မရာ အရည်အသွေး 13 megapixel နဲ့ အရှေ့ဘက် Selfie ကင်မရာ 5 megapixel တို့ပါ၀င်ပြီး အရှေ့ဘက် Selfie ကင်မရာက အလင်းအားနည်းတဲ့ အခြေအနေတွေမှာ အလင်းအားဖြည့်ပေးနိုင်တဲ့  ƒ/2.0 အကျယ် အလင်းဝင်ပေါက် ပါ၀င်ပါတယ်။

RAM 4GB, ROM 32 GB ပါ၀င်ပြီး Android Os Verison 6.0 (Marshmallow) ပါ၀င် အသုံးပြု ထားပါတယ်။ Lock Screen အပိတ်အဖွင့် ပြုလုပ်နိုင်တဲ့ လက်ဗွေဖတ်စနစ် ပါ၀င်ပြီး Fingerprint Sensor 0.2s ဖြစ်ပါတယ်။

MX6 မှာ ထူးခြားချက်အနေနဲ့ ရ၅ မိနစ်အတွင်း 3060mAh ဘက်ထရီအား အပြည့်သွင်းပေးနိုုင်တဲ့ သွင်းအား 24W ရှိတဲ့ mCharge 3.0 Function ကို ထည့်သွင်းထားတာ တွေ့ရပါတယ်။ MX6 ကို အရောင်အားဖြင့် ခဲရောင်၊ ငွေရောင်၊ ရွှေရောင် စသဖြင့် အရောင် ၃ မျိုးနဲ့ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပြီး စျေးနှုန်းအနေနဲ့ မြန်မာငွေ ကျပ် ၃၃၉,၀၀၀ နဲ့ စတင်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

MX6 မိတ်ဆက်တဲ့ အခမ်းအနားမှာ MEIZU Technology မှ နောက်ထပ် စမတ်ဖုန်းသစ် MEIZU M3S ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ M3S က RAM 2G နဲ့ 3Gပါ၀င်ပြီး သိုုလှောင်မှုပမာဏ 16GB၊ 32GB ၂ မျိုး ထွက်ရှိပြီး အရောင်အားဖြင့် ခဲရောင်၊ ငွေရောင်နှင့် ရွှေရောင် အရောင် ၃ ရောင် ၀ယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။

M3S စမတ်ဖုန်းကို သတ္တုကိုယ်ထည်နဲ့ 360° Sandblasting နည်းပညာ အသုံးပြုထားပြီး mBack ခလုတ်နဲ့ ဖုန်းမူရင်း မျက်နှာပြင်ကို သွားရောက်နိုင်တဲ့ လုပ်ဆောင်ချက်ပါ၀င်ပြီး mTouch 2.1 လက်ဗွေစနစ် ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Andriod Version 5.1 အသုံးပြုထားပြီး စျေးနှုန်းက မြန်မာငွေ ကျပ် ၁၆၈,၀၀၀ ဖြစ်ပါတယ်။

Loading