Lifestyle

သီချင်းမူပိုင်ခွင့် နဲ့ ပတ်သက်ပြီး တေးသံရှင်ဂျက်မြသောင်း တရားစွဲဆိုတော့မည်

Want create site? Find Free WordPress Themes and plugins.

တေးသံရှင် ဂျက်မြသောင်း က သူရဲ့တေးသီချင်းများနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံးအပါအဝင် မည်သူ့ကိုမှ လွှဲပြောင်းအပ်နှံထားခြင်း မရှိကြောင်းနဲ့ သူ့ရဲ့ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ရုပ်သံထုတ်လွှင့်မှုများ၊ FM မှ ထုတ်လွှင့်မှုများနဲ့ ပြိုင်ပွဲများမှာ သီဆိုမှုတွေအတွက် အလွဲသုံးစားပြုမှုနဲ့ တရားစွဲဆိုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကို တေးသံရှင် ဂျက်မြသောင်းက ဒီနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

တေးသံရှင် ဂျက်မြသောင်းက သူကိုယ်တိုင် ရေး၊ ဆို၊ တီး ထားတဲ့ သီချင်းများကို ခွင့်ပြုချက်မတောင်းခံဘဲ မိမိကိုယ်စား တဆင့်ရောင်းချခြင်းများ၊ အသုံးပြုသီဆိုမှုများ၊ ရိုက်ကူးမှုများ၊ ထုတ်လုပ်မှုများ၊ အသံလွှင့်မှုများ၊ ပြိုင်ပွဲများမှာ သီဆိုစေမှုများအပါအဝင် စီးပွားရေး ကိစ္စအလို့ငှာ အလွဲသုံးစားပြုနေခြင်းများကို သူရဲ့ တရား လွှတ်တော်ရှေ့နေများမှ သတိပေးတားမြစ်ချက်များကို နိုင်ငံတော်ပိုင်အစိုးရသတင်းစာများမှာ ၂ ကြိမ်တိတိ ကြော်ငြာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှာ ကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သော်လည်း မဖြေရှင်းပေးတဲ့အတွက် ယခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်တယ်လို့လည်း သိရပါတယ်။

အဆိုတော် ဂျက်မြသောင်းက သူရဲ့ တေးသီချင်းများထုတ်လွှင့်မှုများနဲ့ ပတ်သက်လို့လည်း သက်သေခံ အထောက်အထား အပြည့်အစုံနဲ့ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး၊ဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း လွှတ်တော်အမတ် စတဲ့ နိုင်ငံတော်အဆင့်ဆင့် ကိုလည်း တိုင်တန်းထားတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading