• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဒီဇိုင်းဆန်းတဲ့ အမေရိကန် ပြိုင်ကား Dodge Charger

by လင်းထက်(IA)
3 September 2016
in Lifestyle
A A
Dodge Charger

Dodge Charger

51.8k
VIEWS
Share on FacebookShare on Twitter

Dodge Charger ပြိုင်ကားက ဘယ်မော်ဒယ်နဲ့မှ မတူပါဘူး။ Muscle တွေရဲ့ ရုပ်ထွက်မျိုး ဆင်တူပြီး အမေရိကန် တွေ မွေးထုတ်လိုက်တဲ့ အကောင်းဆုံး လက်ရာပါ။ Nissan GT-Rထက် စာရင် ဈေးလည်း ချိုမယ်၊ ကိုယ်ထည် ပိုခိုင်ခံ့မယ်၊ ဒီဇိုင်းဆန်းမယ့် အခု Chargerက စိတ်ဝင်စားစရာပါ။ ပြီးတော့ လမ်းကြမ်းပိုင်း စွမ်း ဆောင် ရည်ပါ ရနိုင်တဲ့ တစ်ချက်က လမ်းစုံမောင်း မော်ဒယ်လို့ ဆိုရမှာပါ။

Sport Muscleတန်းဝင် မော်ဒယ်တစ်စီး ဖြစ်ပေမယ့် မောင်းနှင်ရမှု အပိုင်းမှာ ညင်သာပါတယ်၊ အထွက်တွေက အစ ဆောင့်ထွက်တာမျိုး မရှိဘူး။ ဂီယာပိုင်း အထူးဖန်တီးမှု ကောင်းတယ်၊ အတွင်းခန်း ကျယ်ဝန်းတယ်၊ ကိုယ်ထည် မာကျောတယ်၊ Gradeအလိုက် V8အင်ဂျင်တပ်မော်ဒယ် အဖြစ်နဲ့ပါ ရနိုင်တယ်။ ဘီးစုံယက် စနစ်နဲ့လည်း ရနိုင်သလို ဆီစားချိုချင်ရင်တော့ နောက်ဘီးယက်စနစ်နဲ့ကို ရွေးနိုင်မှာပါ။ အတွင်းခန်း Displayနဲ့ Controlပိုင်း တွဲထားတဲ့ စနစ်က Touchတွေက နောက်ဆုံးပေါ်တွေ ဖြစ်နေတာကလည်း အားရစရာပါ။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.3k
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
534
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
508

ဒါပေမယ့် ဆီစားတော့ များတယ်၊ အင်ဂျင်အကြီးတပ် မော်ဒယ်ခွဲတွေက ပိုသိသာပါတယ်။ ပြီးတော့ ဂီယာပိုင်းမှာ Autoတစ်မျိုးတည်းပဲ ရနိုင်ပါတယ်။ နှစ်ယောက်စီး ဦးစားပေးဖြစ်လို့ နောက်ဖက် ခရီးသည်ခန်းက နည်းနည်း ကျဉ်းချင်နေတာတွေကိုတော့ သိပ်သဘော မကျမိပါဘူး။

ကိုယ်ထည်မှာက အလျား ၁၆ပေနဲ့ ၈လက်မ၊ မျက်နှာစာ အကျယ် ၆ပေနဲ့ ၃လက်မ၊ အမြင့် ၄ပေနဲ့ ၁၀.၄လက်မ ရှိမှာ ဖြစ်ပါတယ်။ အရောင်အပိုင်းမှာတော့ စုစုပေါင်း ၈ရောင်ပဲ ရမှာ ဖြစ်ပြီး အတွင်းဖက်ကတော့ အထည် ဦးစားပေးနဲ့ လေးမျိုး ထုတ်လုပ်တာ တွေ့ရပါတယ်။

Ground Clearanceက ၆လက်မထိအောင် ရှိမှာ ဆိုတော့ Off-Roadအတွက်ရော Cityအတွက်ပါ အဆင်ပြေ စေမှာပါ။ အတွင်းခန်းတွေက ရှေ့ဖက်ခန်း ၅၉လက်မခွဲနဲ့ နောက်ဖက်ခန်းက ၅၈လက်မနီးပါးရှိပါလိမ့်မယ်။ Suspension စနစ်မှာလည်း ရှေ့ဖက်မှာက Short and Long Armစနစ်နဲ့ ထိုင်ထားပြီး နောက်ဖက်ကတော့ Multi-linkနဲ့ တွေ့ရပါတယ်။ MacPhersonကို သုံးမထားတာကတော့ တစ်ခု ပြောစရာရှိနေပေမယ့် Short and Long Armရဲ့ အားသာချက်ကတော့ Off-Roadအပိုင်းမှာ ပိုကောင်းတာ ဖြစ်ပါတယ်။

V8အင်ဂျင်နဲ့လည်း ရနိုင်ပါတယ်၊ ကျွန်တော်လည်း သဘောကျပါတယ်၊ ဒါပေမယ့် ဆီစားများမှာ စိုးရင်တော့ ၃ ဒသမ ၆လီတာသုံး V6အင်ဂျင်ကလည်း စွမ်းဆောင်ရည် မဆိုးလှပါဘူး။ အင်ဂျင်ရဲ့ တစ်မိနစ် လည်ပတ်အား အပတ်ရေ ၄၈၀၀မှာ ရုန်းအားက ၂၆၀ပေ-ပေါင် ဖြစ်ပြီးတော့ ထွက်ရှိလာမယ့် စွမ်းအင် ပမာဏကတော့ မြင်း ကောင်ရေ ၂၉၂ကောင်အားပါ။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကတော့ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၅ ဒသမ ၄စက္ကန့်ပဲ ကြာမှာ ဖြစ်တာကြောင့် အကြီးစား ဆီဒင်တန်းဝင် မော်ဒယ်တွေထဲမှာတော့ အမြန်ဆုံး စာရင်း သွင်းရမှာပါ။ ဒါက လေးဘီးယက်စနစ်နဲ့ ဖြစ်ပြီး နောက်ဘီးယက်စနစ်နဲ့ ဆိုရင်တော့ ၇ ဒသမ ၁စက္ကန့် အထိအောင်ကြာမှာပါ။

V6အင်ဂျင်ဖြစ်လိုု့ သူ့ရဲ့ ပျမ်းမျှ ဆီစားနှုန်းက ဆီတစ်ဂါလံကို ၁၉မိုင်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီးတော့ တန်းတူ မော်ဒယ်တွေထက် သိသိသာသာတော့ များနေတာပါ။ Cityဆိုရင် ၁၆မိုင်လောက်ထိအောင်ပဲ စီးနိုင်မှာ ဖြစ်ပြီး တော့ Highwayဆိုရင်တော့ ၂၅မိုင်လောက်ထိအောင် စီးနင်းနိုင်မှာပါ။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင် နိုင်မှုကတော့ ၁၉ ဒသမ ၁ဂါလံ ဖြစ်ပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ ၂၀၁၂ခုနှစ် ဝန်းကျင်ထုတ် Charger တွေ တွေ့ရပြီး သိန်း ၅၅၀လောက် ခေါ်ပါတယ်။ ဒါပေမယ့် လူငယ်ကြိုက်၊ အဝယ်နည်း မော်ဒယ်ဖြစ်လို့ ဈေးက အကျဘက်မှာပဲ ရှိနိုင်ပါတယ်။

Your Thoughts …
Tags: ကားဈေးကွက်
လင်းထက်(IA)

လင်းထက်(IA)

ဧရာဝတီ

Similar Picks:

ဆူဇူကီး ကားမော်ဒယ်သစ် အရောင်းပြပွဲတပွဲကို ၂၀၁၈ ခုနှစ်အတွင်း မြင်ခဲ့ရစဉ် / Kyodo

ကားတင်သွင်းခွင့်ပိတ်လိုက်လို့ ကားဈေးကွက် ကမောက်ကမ ဖြစ်လာနေ

by ဧရာဝတီ
29 June 2022
17.6k

စစ်ကောင်စီသည် သွင်းကုန်များအား အကြီးအကျယ် ကန့်သတ်နေရာ ပြည်ပမှ ကားတင်သွင်းခွင့်များကိုလည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ကာ ရပ်ဆိုင်းခဲ့သည်။

ကား ဆီအရမ်းစားနေပြီဆိုုရင် ဘာတွေကိုု စစ်ဆေးမလဲ

ကား ဆီအရမ်းစားနေပြီဆိုုရင် ဘာတွေကိုု စစ်ဆေးမလဲ

by လင်းထက်(IA)
29 September 2016
10.4k

Plug မကောင်းတဲ့အတွက် အင်ဂျင်ပေါက်ကွဲချက် မမှန်ဘဲ ဆီစားများစေနိုင်ပါတယ်။ ဒါဟာ စွမ်းအင် ထွက်ရှိမှု မမှန်တာကြောင့် ဆီပိုမို အသုံးပြု မောင်းနှင်ရစေတာလည်း ဖြစ်ပါတယ်။ ဒီအတွက် Plugကို ကီလို ၁၅၀၀မောင်းနှင်ပြီးတိုင်း ဖြစ်စေ၊ တလတခါဖြစ်စေ အနည်းဆုံး...

Honda CR-Z

ဒီဇိုင်းဆန်းတဲ့ Honda CR-Z

by လင်းထက်(IA)
27 August 2016
3k

အင်ဂျင်ကို Hybridစနစ်နဲ့ တွဲထားတာကြောင့် စွမ်းဆောင်ရည် ဦးစားပေး မော်ဒယ် မဖြစ်နိုင် တော့ပါဘူး။ ၁ ဒသမ ၅လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်က လက်ရှိ ပြည်တွင်းမှာ ဆိုရင်တော့ လူကြိုက် အများဆုံး မော်ဒယ်မျိုးပါ။...

ကိုးရီးယား ကုမ်မဏီထုတျ KIA ကား / ဧရာဝတီ

ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် နိုင်ငံခြားကားကုမ္ပဏီများ ရပ်ဆိုင်းလာ

by ဧရာဝတီ
9 July 2022
3.9k

အခုက ညွှန်ကြားချက်တွေ ထွက်လာတယ် ဆိုပေမယ့် ဘာမှ ရှင်းရှင်းလင်းလင်းလည်း မရှိသလို အခုက နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ်စနစ် ဒါတွေ အားလုံးကလည်း တည်ငြိမ်မှု မရှိဘူး။ နောက် ကားမူဝါဒကိုလည်း ဘယ်လို ပြောင်းမလဲတော့ SKD...

Toyota Rush

လမ်းကြောင်းပိုင်းမှာ စွမ်းဆောင်ရည်ကောင်းတဲ့ Toyota Rush

by လင်းထက်(IA)
6 September 2016
1.3k

Rushကလမ်းကြမ်းပိုင်းတွေမှာပါ စွမ်းဆောင်ရည် ကောင်းပြသနိုင်တဲ့ မော်ဒယ်ပါ။ ဒါဆို Rush ဈေးချိုနေရတဲ့ အကြောင်းက အင်ဂျင်ပိုင်းကြောင့်ပါပဲ။ အသေးစား အင်ဂျင်စနစ်ကို တပ်ဆင်ထားပြီး မြို့တွင်းသုံး SUV မော်ဒယ်အဖြစ် ထုတ်လုပ်ထားတာကြောင့် စွမ်းဆောင်ရည်ပိုင်း အားနည်းလို့ ဈေးချိုနေတာပါ

Nissan Caravan

လုပ်ငန်းသုံး၊ အိမ်စီး ၂ မျိုးစလုံး သင့်တော်တဲ့ Nissan Caravan

by လင်းထက်(IA)
24 September 2016
12.5k

Hiaceလို ရုပ်ထွက်မျိုးနဲ့ ဖန်တီးထားတာ ဖြစ်ပြီး ပုံမှန် မော်ဒယ်နဲ့ ဇိမ်ခံနဲ့ ကွာဟချက်မှာ အင်ဂျင်၊ စွမ်းဆောင် ရည် စသဖြင့် အားနည်းချက် ရှိနိုင်ပေမယ့် ဈေးနှုန်းပိုင်းမှာတော့ ချိုချိုသာသာနဲ့ ရနိုင်တာလည်း ဖြစ်ပါတယ်။ အလွယ်ဆုံး ပြောရရင်...

Next Post
အယူအဆလွဲသော လိင်ဆက်ဆံရေး အမှားများ

အယူအဆလွဲသော လိင်ဆက်ဆံရေး အမှားများ

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးခင်ဇော်ဦး / ကျော်ခ / ဧရာဝတီ

မြန်မာသံတော်ဆင့်ကို ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး တရားစွဲမည်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate