ဖုန်းဆင်းမ်ကတ်တွေ ပေါများလာပြီးနောက်ပိုင်း လူတိုင်းကိုယ်စီ ဖုန်းကိုင်နိုင်လာကြပါတယ်။ ဖေ့စ်ဘုတ် သုံးကြ၊ လူငယ်တွေဆိုရင်လည်း ဂိမ်းကစားကြ၊ ဓာတ်ပုံရိုက်ကြ၊ ဒါတွေကို ဖုန်းနဲ့ အမြဲတမ်း လုပ်ဖြစ်နေကြတော့ ဖုန်းဟာ အနီးဆုံးအဖော်ဖြစ်လို့လာတာ ဆန်းတော့မဆန်းပါဘူး။
ဒီလို ဂိမ်းကစား၊ ဖေ့စ်ဘုတ််သုံး၊ ဆယ်လ်ဖီရိုက်တာတွေဟာ ဖုန်းအားကို အကုန်မြန်စေပါတယ်။ အတိအကျမသိဘဲ ပျက်တတ်တဲ့ မီးရယ်၊ အဲ့ဒီလို မီးမပျက်ရင်တောင်မှ တခါတလေ ကိုယ်က ဖုန်းအားသွင်းဖို့ မလွယ်ကူတဲ့ နေရာမျိုးမှာ ရောက်နေခဲ့မယ်ဆိုရင် မရှိမဖြစ်လိုအပ်တာ Power bank ပါ။
Power bank ကလည်း ဖုန်းနဲ့အတူ မရှိမဖြစ်အတူထားသင့်တဲ့ အရာတွေထဲက တခုပါပဲ။
ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ လူငယ်တချို့ ဖုန်းအသုံးများပြီး စာအုပ်စာပေ၊ မိသားစုတွေနဲ့ စိမ်းလာတာကိုတော့ သတိထားသင့်ပါတယ်။ ညဖက် မိသားစု စကားဝိုင်းမှာ ကိုယ်က ဖုန်းတလုံးနဲ့ သီးသန့်ဖြစ်မနေသင့်ပါ။ သူငယ်ချင်းတွေ ဆုံချိန်မှာ လည်း ဖုန်းသုံးတာကို လျော့ထားသင့်ပါတယ်။ တယောက်တည်းနေချိန်တွေမှာလည်း ဖုန်းတလုံးနဲ့ အလုပ်ရှုပ်နေတာထက် စာအုပ်တအုပ်နဲ့ဖြစ်ဖြစ် အနားယူဖြစ်မယ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။
ဖုန်းတလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ Power bank လေးတွေကို အခုအခါ ဖေ့စ်ဘုတ်တွင် ခေတ်စားနေတဲ့ Emoji sticker ပုံစံ ဒီဇိုင်းသစ်တွေနဲ့ ဝယ်ယူအသုံးပြုနိုင်ပါပြီ။ အရင်ကလည်း ဒီဇိုင်းမျိုးစုံနဲ့ Power bank တွေ ထွက်ရှိခဲ့ပေမယ့် အခု Emoji ဒီဇိုင်းတွေက ယခုလက်ရှိ လူမှုကွန်ရက်မှာလည်း ခေတ်စားနေတာကြောင့် လူငယ်တွေအကြိုက် ဒီဇိုင်းမျိုး ဖြစ်စေမှာပါ။
“Power bank လေးတွေက China made ပါ။ ပုံစံ အားလုံး ၁၅ မျိုးလောက်ရှိပါတယ်။ 8600mAh နဲ့ 2600mAh ဆိုပြီး ၂ မျိုးရှိပါတယ်။ စျေးနှုန်းအနေနဲ့ 2600mAh က ၁ သောင်းဖြစ်ပြီး 8600mAh က ၁ သောင်းနှစ်ထောင်ပါ” လို့ Mandalay Fair Price Online Mart မှ မနိုရာက ပြောပါတယ်။