ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အပြိုင်အဆိုင် ဘရာစီယာများ
လူတိုင်းဟာ ကိုယ့်ရဲ့ ကိုယ်ပိုင် အဝတ်အထည် အသုံးအဆောင်ကို နှစ်သက်စွဲလမ်း ဖြစ်တတ်ကြပါတယ်။ မော်တော်ကား၊ ဂစ်တာ၊ ဘောလ်ပင်၊ ဦးထုပ်၊ အိမ်ခန်းတွေ၊ အဝတ်အထည် စသဖြင့် ကိုယ့်အသုံးအဆောင်တွေကို တန်ဖိုးကြီးကြီးပေးပြီး အသုံးပြုကြ၊ ဖန်တီး ဝတ်ဆင်ကြတာတွေ ရှိပါတယ်။ အခု ဖော်ပြမှာကတော့ ဂင်းနစ်စံချိန်တင် ကမ္ဘာ့တန်ဖိုး အကြီးဆုံး ဘရာစီယာတွေ အကြောင်းပါ။
အောက်မှာ ဖော်ပြထားတဲ့ Heavenly Star Bra လို့ခေါ်တဲ့ ဘရာစီယာက အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅ သန်း တန်ဖိုး ရှိပါတယ်။
အဲဒီ Heavenly Star Bra က ၂၀၀၁ ခုနှစ် ကမ္ဘာ့စျေးအကြီးဆုံး ဂင်းနစ်စံချိန် တင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဘရာကို Heidi Klum က ပုံစံပြုလုပ်ခဲ့တာ ဖြစ်ပြီး သီရိလင်္ကာ နီလာ ၁၂၀၀၊ ကာရက် ၉၀ ရှိတဲ့ စိန်ပွင့်ကိုလည်း ဘရာ အလယ်မှာ ထည့်သွင်း ဖန်တီးသလို အဲဒီ စိန်ရဲ့ တန်ဖိုးကိုက အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၆ သန်း တန်ဖိုးရှိတယ် လို့ ဆိုပါတယ်။
Red Hot Fantasy Bra လို့ ခေါ်တဲ့ ဘရာကတော့ အမေရိကန် ဒေါ်လာ ၁၅ သန်း တန်ပါတယ်။
ဒီဘရာကလည်း ဂင်းနစ်စံချိန်သစ်ကို ၂၀၀၆ ခုနှစ်က တင်လိုက်နိုင်တာကြောင့် အထက်က ဖော်ပြခဲ့တဲ့ Heaven Star Bra ကို ဖြတ်ကျော်သွားတာ ဖြစ်ပါတယ်။ ဒီဘရာကိုတော့ တန်ဖိုးကြီး ကျောက်မျက်ရတနာ ၁၃၀၀ ပါဝင်ပြီး ပတ္တမြား ကာရက် ၃၀၀ ပါတယ်လို့ ဆိုပါတယ်။
အမေရိကန် ဒေါ်လာ သန်း ၂၀ တန်တဲ့ Molly Sims Bra ပါ။ လက်ရှိကာလမှာ တန်ဖိုး အကြီးဆုံး ဘရာ ဖြစ်ပါတယ်။ ဒီဘရာကို ဒီဇိုင်းဖန်တီးသူက Susan Rosen ဖြစ်ပြီး၊ Steinmetz Diamonds စိန်တွေနဲ့ သီခြယ်ထားတာပါ။ အပြစ် အနာအဆာကင်းတဲ့ ၂၅၄ ကာရက်ရှိတဲ့ ပုံစံ အမျိုးမျိုး အရွယ်အမျိုးမျိုး စိန်တွေပါဝင်ပါတယ်။
Ref: ontopof.com