Lifestyle

လေးကြိမ်မြောက် တကိုယ်တော်ဖျော်ဖြေပွဲလုပ်ဦးမယ့် အဆိုတော် R ဇာနည်

Want create site? Find Free WordPress Themes and plugins.

အဆိုတော် R ဇာနည်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် R ဇာနည်ဟာ သူ့ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကျင်းပပြုလုပ်တာ အခုတကြိမ်ပါဆိုရင် လေးကြိမ်မြောက်ဖြစ်ပါတယ်။

ယခုပြုလုပ်မယ့် တကိုယ်တော်ဖျော်ဖြေပွဲနဲ့ ပတ်သက်လို့ R ဇာနည်က “ကျနော် One Man Show မလုပ်တာ သုံး၊ လေးနှစ်ကြာခဲ့ပါပြီ။ လုပ်မယ်လို့ စဉ်းစားနေတဲ့အချိန်မှာ အခြေအနေ အချိန်အခါလည်းတိုက်ဆိုင်တဲ့အတွက် လုပ်ဖြစ်ပါတယ်။ နောက်တခုက ကျနော့် သားလေးကလည်း ကျနော့်ကို တချိန်လုံး ပါးပါး One Man Show မလုပ်သေးဘူးလား။ မလုပ်သေးဘူးလား လို့ ခဏခဏမေးပါတယ်။ နောက်ပြီး ဒီပွဲကရတဲ့ အကျိုးအမြတ် တချို့ကို အသည်းဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော့်ပွဲကို လာရောက်အားပေးတဲ့ ပရိသတ်ကြီးက အပျင်းလည်းပြေ၊ ကုသိုလ်လည်း ရ ဆိုတဲ့ အစီအစဉ်မျိုးလေးကို စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အတွက် ထစ်ခနဲရှိ ပရဟိတ ထစ်ခနဲရှိ ပရဟိတ ဆိုတဲ့ ပုံစံမျိုးတော့လည်း မဟုတ်ပါဘူး”လို့လည်းဆိုပါတယ်။

ရန်ကုန်မှာ ကျင်းပပြုလုပ်မယ့် တကိုယ်တော်ဖျော်ဖြေပွဲအတွက် သီချင်းများ ရွေးချယ်နေဆဲဖြစ်ပြီး Rဇာနည်က ရန်ကုန်ပွဲဖျော်ဖြေပြီးတဲ့အခါ မန္တလေးမှာတပွဲ၊ တောင်ကြီးမြို့မှာတပွဲ ထပ်မံပြုလုပ်ဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အဆိုတော် R ဇာနည်ရဲ့ တကိုယ်တော်ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၆ နာရီအချိန် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ဖျော်ဖြေပေးမှာဖြစ်ပြီး လက်မှတ်စျေးနှုန်းများကို ကျပ် ၁ သောင်း၊ ၂ သောင်း၊ ၃ သောင်း၊ ၄ သောင်း၊ ၅ သောင်း သတ်မှတ်ပြီး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading