Lifestyle

လမ်းကြောင်းပိုင်းမှာ စွမ်းဆောင်ရည်ကောင်းတဲ့ Toyota Rush

Want create site? Find Free WordPress Themes and plugins.

တကယ်တမ်း ပြည်တွင်းဈေးကွက်မှာ Toyotaရဲ့ လူကြိုက်များတဲ့ SUVတွေကို ပြောပါဆိုရင် Klueger တု့ိ RAV-4တို့ကို ပြရမှာပါ။ ဒါက တန်ကြေးနည်းနဲ့ တန်ကြေးသင့် ဈေးကွက်တွေရဲ့ မော်ဒယ်တွေကို ပြောတာပါ။ ဒါပေမယ့် အခု Rushကတော့ တန်ကြေးနည်းဈေးကွက်ထဲမှာ အထက်က ပြောခဲ့တဲ့ မော်ဒယ်တွေထက်ကိုပဲ ဈေးနှုန်းချိုချိုနဲ့ ရနိုင်ပါတယ်။

ရုပ်ထွက်က Kluegerနဲ့ ပိုပြီး ဆင်ပါတယ်၊ ဒါပေမယ့် ကိုယ်ထည်ပိုင်းမှာတော့ RAV-4နဲ့ တည်ဆောက်ပုံချင်း ဆင်တူပါတယ်။ ဒါဆို ဘာကြောင့်များ ဈေးချိုနေရတာပါလဲ။ မော်ဒယ်များ နိမ့်လို့လား ဆိုတော့လည်း မဟုတ်ပါဘူး။ ပြိုင်ဘက် မော်ဒယ်နှစ်ခုရဲ့ မော်ဒယ်တွေထက် နောက်ကျတဲ့ မြင့်တဲ့ မော်ဒယ်တွေ ပြည်တွင်း ဈေးကွက်မှာ ရနိုင်နေတာပါ။ ဒါဆို အရည်အသွေးလား ဆိုတော့လည်း မဟုတ်ပါဘူး၊

Rushကလမ်းကြမ်းပိုင်းတွေမှာပါ စွမ်းဆောင်ရည် ကောင်းပြသနိုင်တဲ့ မော်ဒယ်ပါ။ ဒါဆို Rushဈေးချိုနေရတဲ့ အကြောင်းက အင်ဂျင်ပိုင်းကြောင့်ပါပဲ။ အသေးစား အင်ဂျင်စနစ်ကို တပ်ဆင်ထားပြီး မြို့တွင်းသုံး SUV မော်ဒယ်အဖြစ် ထုတ်လုပ်ထားတာကြောင့် စွမ်းဆောင်ရည်ပိုင်း အားနည်းလို့ ဈေးချိုနေတာပါ။

တပ်ဆင် အင်ဂျင်က ၁ ဒသမ ၅လီတာသုံး အင်ဂျင်ပဲ ဖြစ်လို့ မြို့တွင်းသုံး SUVမော်ဒယ် စစ်စစ်ပါ။ တခါတရံ ခရီးဝေး မောင်းနှင်မှုတွေ အတွက်လည်း အဓိက အနေနဲ့ Air-Conမသုံးဘူးဆိုရင် အဆင်ပြေပါတယ်။ Rushက လမ်းကြမ်းပိုင်းရော လမ်းကြောင်းစုံပါ မောင်းနှင်လို့ ကောင်းပါတယ်၊ ဒါပေမယ့် တခုရှိတာက သူ့ အင်ဂျင်ရဲ့ စွမ်းနိုင်သလောက်ပေါ့နော်။

အင်ဂျင်က Gasolineသုံး ဖြစ်ပြီးတော့ ညာမောင်း မော်ဒယ် အဖြစ် တွေ့ရပါတယ်။ အရောင်ပိုင်းမှာ တခါတလေ အနက်ရောင် လာပေမယ့် ရှားပါတယ်၊ နောက်ပြီး တန်ကြေးနည်း မော်ဒယ်ဖြစ်လို့ ဆေးသားအကျနည်းနည်း မြန်ချင်ပြီး အနက်ရောင်က ကြည့်လို့ မကောင်းပါဘူး။ များသောအားဖြင့်တော့ အဖြူရောင်ပဲ လူကြိုက် များပါတယ်။

ဈေးကွက်မှာ တွေ့ရတဲ့ Rushရဲ့ အားသာချက်လေး နည်းနည်းလောက် ပြောပြချင်ပါတယ်နော်။ Autoစနစ်နဲ့ ဖြစ်လို့ စွမ်းဆောင်ရည်နည်းနည်းနဲ့ မော်ဒယ်ကို အမျိုးသမီးတွေ မောင်းနှင်မယ် ဆိုရင်ပါ အဆင်ပြေစေနိုင်ပါတယ်၊ Smart Keyစနစ်ကိုလည်း သုံးနိုင်မှာပါ၊

အတွင်းခန်းမှာ တပ်ဆင်ပစ္စည်း အစုံအလင် ပါရှိပြီး ပြန်ထည့်ထားတာ များပေမယ့် အားလုံး အသစ်တွေပါပဲ။ အသက်ကယ်လေအိတ်စနစ်တွေ ပါရှိပြီး ရှေ့ဖက်ခန်း အတွက်တော့ အပြည့်အစုံပါရှိပါတယ်။ TV-DVDလို ဖျော်ဖြေရေးစနစ်တွေလည်း ထည့်ထားပြီး ဖြစ်သလို Power Steeringလို စနစ်တွေထိအောင်ပါ သုံးနိုင်မှာပါ။ ဒီနေရာမှာ Rushကို ပြိုင်ဖက် မော်ဒယ်တွေထက် ဈေးချိုတယ်လို့ ဆိုရတဲ့ အကြောင်းရင်းကလည်း ၂၀၀၇ခုနှစ်ထုတ် ကီလို ၆သောင်း ဝန်းကျင်ကို သိန်း ၂၃၀လောက်ပဲ အခေါ်ရှိပြီး မျက်နှာသစ် Rushရဲ့ ဈေးက ရန်ကုန်လိုင်စင် အနေနဲ့သာ ဈေးမာနိုင်ပေမယ့် နယ်လိုင်စင်မျိုးတွေ ရှိတတ်ပြီး ဈေးက အကျဘက်မှာ ရှိနေ တာပါ။

ဒီနေရာမှာ ၂၀၀၆ခုနှစ် RAV-4ဆိုရင် သိန်း ၃၅၀ ဝန်းကျင်လောက် ရှိနေမှာ ဖြစ်ပြီး ၂၀၀၆ခုနှစ်ထုတ် Kluger ဆိုရင်ပဲ သိန်း ၃၈၀လောက် အခေါ် ရှိနေတာဖြစ်လို့ မော်ဒယ်မြင့်သည့်တိုင်အောင် အင်ဂျင် စနစ် သေးငယ် နေတာ ကြောင့် ဈေးချိုချိုနဲ့ ရနိုင်နေတဲ့ Rushက စီးဖိုု့ သင့်တော်တဲ့ မော်ဒယ်လေးပါပဲ။

Did you find apk for android? You can find new Free Android Games and apps.
Loading