နည်းပညာမြင့် ဇိမ်ခံ BMW 5 Series 528i
ပြည်တွင်းမှာ Mercedesရဲ့ နောက်မှ ၀င်လာတယ် ဆိုပေမယ့် BMWရဲ့ စျေးကွက်အတွင်း အဆင့်အတန်းက လူကြိုက်ပိုများနေသလိုပါ။ ရွေးချယ်နိုင်စရာ မော်ဒယ် အများအပြား ရှိပေမယ့် အများစုက စျေးမြင့်တာကြောင့် Mercedes ထက်ကိုပဲ ပိုပြီး အလေးထားနေတာလည်း တွေ့နိုင်ပါတယ်။ ဒါပေမယ့် အခုတော့ Brand New မော်ဒယ်နဲ့ ဆိုတာထက် စျေးကွက်အတွင်းက 5 Seriesတန်းဝင် တစ်စီးနဲ့ မိတ်ဆက်ပေးချင်တာပါ။
ဆီဒင်တန်းဝင် ဖြစ်ပြီးတော့ ဇိမ်ခံမော်ဒယ် စစ်စစ်အနေနဲ့ ရနိုင်ပါတယ်။ ဒါပေမယ့် စျေးနှုန်းပိုင်းမှာတော့ ချိုပါ တယ်။ တန်ကြေးနည်း မော်ဒယ် မဟုတ်လို့ အရောင်၊ အစီးအရေအတွက် အများအပြား ရွေးချယ်နိုင်စရာ မရှိပေ မယ့် စျေးကွက်အတွင်းမှာ 5 Seriesတွေ မော်ဒယ်နှစ်အလိုက်၊ အရောင် ၃မျိုးလောက််နဲ့ တွေ့ရများ ပါတယ်။
အခု ပြောနေတဲ့ မော်ဒယ်ကတော့ 5 Seriesတန်းဝင် 528iပါ။ သူက တပ်ဆင် အင်ဂျင်အပိုင်းမှာ ၃ ဒသမ ၀လီတာသုံးကို ထည့်ထားတယ်၊ ဇိမ်ခံ မော်ဒယ်ကို သုံးမယ့်သူတွေ အတွက် ဖျော်ဖြေရေးစနစ်က အစ Air-Conလို အခြေခံ အသုံးအားလုံးကို စိတ်ကြိုက် သုံးနိုင်စေမယ့် အင်ဂျင် အရွယ်အစားပါ။
နောက်ပြီး ခရီးဝေးလည်း စိတ်ကြိုက်မောင်းနှင်နိုင်မယ်။ Sportဆန်တဲ့ ရုပ်ထွက်မျိုးနဲ့ ဖန်တီးထားပြီး စွမ်း ဆောင်ရည်ပို်င်းမှာ နောက်ဘက် Wing တွေ တပ်ဆင် စီးနင်းဖို့ သိပ်မဖြစ်နိုင်ပေမယ့် ကိုယ်ထည်ပိုင်းကို မြို့တွင်းသုံး သီးသန့် ဆိုရင် Sport Sedanပုံစံ ပြင်ဆင် စီးနင်းမယ် ဆိုရင် ရုပ်ထွက်က ပိုပြီး ဆွဲဆောင်မှု ကောင်းသွားမှာ အမှန်ပါ။
အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းတွေလည်း အားကောင်းပြီး ခရီးဝေး မောင်းနှင်နေချိန်တွေ၊ မြန်နှုန်းမြှင့် မောင်း နှင် ချိန်တွေမှာပါ အသက်ကယ်စနစ်နဲ့ အလိုအလျောက် အကူအညီပေးစနစ်တွေက ထိပ်တန်းအ ဆင့်မှာ ရှိပါ တယ်။ ကီလို မီတာ ၅သောင်းဝန်းကျင် သုံးထားပြီး မော်ဒယ်တွေ စျေးကွက် ၀င်နေတာ များပြီး ဒီမော်ဒယ် တွေက အခြေခံ ကားတစ်စီးရဲ့ သက်တမ်း လေးချိုး တချိုးကျန်နေသေးတာမို့ ရေရှည် စီးနင်းချင် သူတွေ အ တွက် လည်း အဆင်ပြေစေမှာ အမှန်ပါ။
မော်ဒယ်က အတွင်းခန်း အားလုံးကို ဇိမ်ခံပုံစံ ပြင်ဆင်ထားပြီးသားပါ၊ TV-DVDတွေ အားလုံး ကောင်းနေသေး တယ်၊ အသစ်လဲထားတာ မဟုတ်ဘဲ Oriအနေနဲ့ ရနိုင်တယ်၊ ထိုင်ခုံတွေက သားရေသားနဲ့ ဖန်တီးထားတဲ့ အဆင့်မြင့် ခုံတွေ ဖြစ်မယ်၊ Smart Keyစနစ်နဲ့ လာမယ်၊ Autoစနစ်နဲ့ သွားမှာ ဖြစ်ပြီး ညာမောင်း ပုံစံနဲ့ Gasoline သုံးမယ်၊ စျေးကွက်မှာ အနက်ရောင် တမျိုးတည်းကိုပဲ အတွေ့ရများပြီး တခြား အရောင် အနေနဲ့ ဇီးရောင် လည်း တခါတလေ ၀င်ပါတယ်။
ဒါပေမယ့် လူကြိုက်နည်းသလို အနက်ရောင်နဲ့စာရင် စျေးနှုန်းကလည်း အရောင်တစ်ခုကြောင့် သိန်း ၅၀နီးပါး လောက် ဟတတ်ပါတယ်။ ၂၀၁၀ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်တွေပဲ စျေးကွက် အဝင်များပြီး အရောင်နဲ့ မော်ဒယ်နှစ်က စျေးစကား တော်တော်ပြောပါတယ်။
အပြင်အဆင်နဲ့ မောင်းနှင်ပြီး ကီလိုတွေက အရည် အသွေးမြင့် မော်ဒယ်ဖြစ်လို့ စိတ်ချရပြီး စျေးငြိမ်ချင်ပေမယ့် မော်ဒယ်နှစ် တနှစ်လောက် မြင့်တိုင်း စျေးနှုန်းက သိန်း ၁၀၀ ၀န်းကျင်လောက် မြင့်သွားတာ တွေ့ရပါတယ်။ စျေးကွက်မှာတော့ ၂၀၁၀ခုနှစ်ထုတ် အနက်ရောင် ကားသန့် 528iကို ခေါ်စျေး သိန်း ၉၀၀ရှိပြီး အခြား အရောင် ဆိုရင်တော့ အကျစျေး ရှိနို်င်ပေမယ့် အနက်လည်း ဖြစ်ပြီး ကီလိုလည်း ၅သောင်း ၀န်းကျင်မို့ ဒီနှုန်းလောက်နဲ့ပဲ စျေးမာနေနိုင်ပါတယ်။