Lifestyle

မိသားစုဓာတ်ပုံဖြစ်တယ်လို့ ပရိသတ်ကို ဖေ့စ်ဘုတ် Live လွင့်ပြီးပြောပြတဲ့ နီနီခင်ဇော်

Want create site? Find Free WordPress Themes and plugins.

လတ်တလော ပရိသတ်စိတ်ဝင်စားခြင်းခံနေရတဲ့သတင်းတွေထဲက တခုကတော့ အဆိုတော် နီနီခင်ဇော်ရဲ့ အတိတ်က အိမ်ထောင်ရှိခဲ့ဖူးတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

အဆိုတော် နီနီခင်ဇော်နဲ့ အသက်ကြီးကြီးအမျိုးသားတဦးရဲ့ ဓာတ်ပုံများ ဖေ့စ်ဘုတ်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် နီနီခင်ဇော်က မီဒီယာတခုနဲ့ရုပ်သံအင်တာဗျူးတွင် သူ့အသက် ၁၇ နှစ်မှာ အိမ်ထောင်ကျခဲ့ခြင်းဖြစ်ကြောင်းကို အမှန်အတိုင်း ဖွင့်ပြောပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဖေ့စ်ဘုတ်တွင်နောက်ထပ်ပျံ့နှံ့လာတဲ့ ဓာတ်ပုံဓာတ်ပုံတပုံကတော့ နီနီခင်ဇော် ဘွဲ့ယူစဉ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး အဲ့ဒီ ဓာတ်ပုံထဲက အမျိုးသားဟာ နီနီခင်ဇော်ရဲ့ အမျိုးသား ဖြစ်တယ်လို့ ထပ်မံဝေဖန် ပြောဆိုလာကြတာပါ။

ဒီအတွက် နီနီခင်ဇော်က သူရဲ့ပရိသတ်များကို စက်တင်ဘာ ၆ ရက်နေ့ ည ၈နာရီအချိန်မှာ သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ Live ထုတ်လွှင့်ပြီး ထပ်မံဖြေရှင်းပြောကြားခဲ့ပါတယ်။

အဆိုတော် နီနီခင်ဇော်ရဲ့ Live မှာ ပရိသတ်ကို ပြောပြခဲ့တာတွေကတော့ “နီနီတို့မိသားစုလေးယောက်ရှားရှားပါးပါး ပြန်လည်ဆုံစည်းပြီး ကြိုးစားထားခဲ့ရတဲ့ ရိုက်ကူးခဲ့ရတဲ့ အဖေရယ် အမေရယ် အကိုရယ် နီနီဘွဲ့ယူတုန်းက ရိုက်ကူး ထားရတဲ့ ပုံလေးဖြစ်ပါတယ်”လို့ ဖြေရှင်းပြောပြခဲ့ပါတယ်။

ဒါ့အပြင် နီနီခင်ဇော်က လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေအတွက် စိတ််ဓာတ်ကျသွားမှာမဟုတ်ဘဲ ပရိသတ်အတွက် သီချင်းအသစ်တွေ ထပ်မံဖန်တီးပြီး အရောက် ပို့ပေးဦးမယ်လို့လည်း ပြောဆိုသွားပါသေးတယ်။

ကြည့်ရှုနေတဲ့ပရိသတ်အတွက်လည်း နီနီခင်ဇော်က တေးရေးဆောင်းဦးလှိုင် ရေးသားပေးထားတဲ့ ဘယ်တော့မှ အရှုံးမပေးဘူးလို့ အဓိပ္ပာယ်ရတဲ့ သီချင်းတပုဒ်ကိုလည်း ဆိုပြခဲ့ပါသေးတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading