Lifestyle

ဘာလင်မြို့မှာ မိတ်ဆက်လိုက်တဲ့ Huawei Nova စမတ်ဖုန်း စီးရီးသစ်

Want create site? Find Free WordPress Themes and plugins.

Huawei Consumer Business Group မှ Huawei Nova စမတ်ဖုန်း စီးရီးအသစ်ကို စက်တင်ဘာလ ၆ ရက်နေ့က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။

Nova နဲ့ Nova plus လို့ အမည်ရတဲ့ စမတ်ဖုန်းသစ် ၂ မျိုးနဲ့အတူ စတင် မိတ်ဆက်လိုက်တဲ့ Nova စီးရီးက Huawei စမတ်ဖုန်းရဲ့ မျိုးဆက်သစ် စမတ်ဖုန်းစီးရီးအသစ်လို့လည်း ဆိုနိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစား ၅ လက်မနဲ့ ၅ လက်မခွဲရှိတဲ့ Nova နဲ့ Nova plus စမတ်ဖုန်းတို့ဟာ ပြီးပြည့်စုံတဲ့ ဒီဇိုင်းနဲ့အတူ Prestige Gold၊ Mystic Silver နဲ့ Titanium Grey ဆိုပြီး အရောင် ၃ ရောင်နဲ့ ထွက်ရှိလာပါတယ်။

Huawei Nova မှာ ကင်မရာအရည်အသွေး အနောက်ကင်မရာကို 12 Mega pixel နဲ့ Nova plus မှာ 16 Mega pixel အနောက်ဘက် ကင်မရာတို့ ပါဝင်အသုံးပြုထားတယ်လို့ သိရပါတယ်။ စမတ်ဖုန်း ၂ ခုလုံးရဲ့ အရှေ့ဘက် Selfie ကင်မရာအရည်အသွေး 8 Mega pixel ပါဝင်ပါတယ်။

Nova နဲ့ Nova plus ဖုန်းတို့မှာ သက်တမ်း ၂ ရက်အထိ ကြာရှည် အသုံးပြုနိုင်မယ့် 3020mAh နဲ့ 3340mAh ဘက်ထရီအသီးသီး ပါဝင်ပါတယ်။ CPU အနေနဲ့ စမတ်ဖုန်း ၂ ခုလုံးမှာ Octa-core 2.0 GHz Cortex- A53 တူညီစွာ ပါဝင်ပြီး Android Os Version 6.0.1 (Marshmallow) ပါဝင်တယ်လို့ သိရပါတယ်။

Huawei Nova စမတ်ဖုန်း စီးရီးသစ်
Huawei Nova စမတ်ဖုန်း စီးရီးသစ်

Nova နဲ့ Nova plus တို့မှာ RAM 3GB ပါဝင်ပြီး Internal Memory 32 GB ပါ။ ဖုန်း ၂ခုလုံးမှာ Finger print Sensor ပါဝင်ပြီး ဆင်းမ်ကတ် ၂ ကတ်ထိုး Dual SIM စမတ်ဖုန်းအမျိုးအစား ဖြစ်ပါတယ်။

“နေ့စဉ်တိုးပွားလာနေတဲ့ လူနေမှုဘဝရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျနော်တို့ရဲ့ ဒီဇိုင်နာများက လှပတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ပေးခဲ့ပါတယ်။ Nova နဲ့ Nova plus က သုံးစွဲသူတွေအတွက် ပိုမိုလင်းလက် တောက်ပလာစေဖို့၊ နေ့စဉ်အလုပ်တွင်စေဖို့နဲ့ သူတို့ရဲ့ နေထိုင်မှုတွေမှာ အကောင်းဆုံး လုပ်ဆောင်ချက်တွေနဲ့ တိုးတက်စေဖို့အတွက် မြှင့်တင်ပေးပါတယ်” လို့ Huawei Consumer Business Group ရဲ့ CEO၊ Mr. Richard Yu က ပြောပါတယ်။

Huawei Nova ကို အောက်တိုဘာလမှ စတင်ပြီး ဂျာမနီ၊ ပြင်သစ် ၊ စပိန်နဲ့ သြစတြီးယား အပါအဝင် နိုင်ငံပေါင်း ၅၀ မှာ ရရှိနိုင်မှာ ဖြစ်ပြီး Huawei Nova plus ကို စက်တင်ဘာလနောက်ပိုင်းမှာ စပိန်၊ အီတလီနဲ့ ကနေဒါ အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်မှာ ရရှိနိုင်မယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading