• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

လိင်ကိစ္စ အပေါ် အမျိုးသမီးတို့၏ မှားယွင်းသော ယူဆချက်များ

by အေးမင်း
10 September 2016
in Lifestyle
A A
လိင်ကိစ္စ အပေါ်  အမျိုးသမီးတို့၏ မှားယွင်းသော ယူဆချက်များ
49k
VIEWS
Share on FacebookShare on Twitter

အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာအကြောင်းကို နားမလည်လို့ အိပ်ရာထဲမှာ အမှားလုပ်မိတတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် မျှတစွာ ပြောရမယ်ဆိုရင် အမှား ဆိုတာ ၂ဘက်လုံးမှာ ရှိနိုင်တာမျိုးပါ။ ဒါကြောင့် အမျိုးသမီး တွေရဲ့ အမှားတွေ လည်း အများအပြား ရှိတယ်လို့ လိင်မှုသဘာ၀ ဆိုင်ရာ ကျွမ်း ကျင်သူတွေပြောကြပါတယ်။ အဲဒီလို အမှားတွေ ထဲက ဖြစ်လေ့ဖြစ်ထ အများဆုံးလို့ ပညာရှင်တွေ သတ်မှတ်တဲ့ အချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လိင်ကိစ္စနဲ့ ပတ်သက်တဲ့ စိတ်ခံစားမှုကို ဖော်ပြဖို့ ကြောက်ခြင်း

RelatedPosts

တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
264
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
337
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.9k

အမျိုးသမီး အမျာစုဟာ ဣနြေ္ဒစောင့်ထိန်း နေထိုင်ဖို့ သင်ကြားမှုနဲ့ လူလားမြောက်လာကြတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ က လိင်ဆက်ဆံစဉ်မှာ ခံစားမှုကို ဖော်ပြဖို့ အခက်တွေ့ကြ၊ ကြောက်လန့်ကြပါတယ်။ တကယ်တော့ ဒီကိစ္စတင် မဟုတ်ပါ ဘူး။ သူတို့အနေနဲ့ ဒေါသလိုမျိုး တခြားစိတ်ခံစားမှုတွေကို ဖော်ပြဖို့ ခက်ခဲလေ့ ရှိကြပါတယ်။

Seattle Pacific တက္ကသိုလ်က စိတ်ပညာပါမောက္ခ Les Parrot ကတော့ ဒီလိုထိန်းချုပ် လွန်းခြင်းက အမျိုးသမီးတွေရဲ့ အကြီးဆုံး အမှားတွေထဲက တခုလို့ ပြောပါတယ်။ “(အဲဒါကြောင့်) အမျိုးသား အများစုက သူတို့ကပဲ ဒီကိစ္စကို အမြဲတမ်း အစပြုနေရသလို ခံစားရတဲ့ အတွက် ဆက်ဆံရေးမှာ မညီမျှမှုတွေ ဖြစ်လာစေပါတယ်။” လို့ သူကဆိုပါတယ်။

New York တက္ကသိုလ်က စိတ်ပညာရှင် တဦးဖြစ်တဲ့ ဒေါက်တာ Ruth Westheimer ကလည်း လိင်ကိစ္စနဲ့ ပတ်သက်လို့ အတွေး အခေါ်ဟောင်းတွေကို ဆုပ်ကိုင်ထားခြင်းက ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ “အမျိုးသမီးတွေက လိင် မှု ကိစ္စမှာ စိတ်မဝင်စားဖူးလို့ အမျိုးသားတွေက ထင်သွားလေ့ရှိပါတယ်။ ကျမထင်တာကတော့ အမျိုးသားတွေလိုပဲ လိင်မှုကိစ္စ ကို စိတ်ဝင်စားတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။” လို့ သူကပြောသလို ၂ ဦး ၂ဘက် စိတ်ကျေနပ်မှုရရှိစေ ဖို့ အမျိုးသမီးတွေမှာလည်း တာဝန်ရှိတယ်၊ တာဝန်ယူသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

(၂) လိင်ကိစ္စဟာ အမျိုးသားတွေ အတွက် သာမန် ကိစ္စ တခုလို့ ယူဆထားခြင်း

လိင်ကိစ္စဟာ အမျိုးသားတွေ အတွက်ပဲ ဆိုတဲ့ ခေတ်ဟောင်း အတွေးအခေါ်မျိုးကို ဖယ်ရှား ပစ်ရမယ်လို့ ဒေါက်တာ Ruth Westheimer ကယုံကြည်ထားပါတယ်။ “တချို့ အမျိုးသားတွေ အတွက်တော့ လိင်ကိစ္စက ဇနီးမောင်နှံတွေ စုံတွဲတွေရဲ့ ဆက်ဆံရေးမှာ သိပ်အရေးကြီးပါတယ်။ လျှော့မတွက်လိုက်ပါနဲ့ ” လို့ သူကပြောပါတယ်။

Rutgers တက္ကသိုလ်က မနုဿဗေဒ ပညာရှင် ဒေါက်တာ Helen Fisher နဲ့ သူ့ရဲ့ ကျောင်းသားကျောင်းသူတွေလေ့လာ ခဲ့ကြတဲ့ သုတေသန တခုအရ အမျိုးသားတွေကလည်း လိင်ကိစ္စနဲ့ ဆက်ဆံရေး ကို အမျိုးသမီးတွေလိုပဲ အလေးထားတယ် ဆိုတာ တွေ့ခဲ့ရပါတယ်။ “အမျိုးသားတယောက်က စိတ်ကူးမယဉ်တတ်ဘူး။ မခံစားတတ်ဘူးလို့ ဘယ်တော့မှ မယူဆလိုက် ပါနဲ့။ အကြီးဆုံး အမှား ၂ ခုကတော့ အမျိုးသမီးတွေက လိင်ကိစ္စနဲ့ မဆိုင်ဘူးလို့ ယူဆခြင်း နဲ့ အမျိုးသားတွေက အမျိုး သမီး တွေလို အလေးအနက် မထားတတ်ဘူးလို့ သဘောထားခြင်းတွေပါပဲ။” လို့ သူက ပြောပါတယ်။

(၃) အမျိုးသားတွေက လိင်ကိစ္စ အတွက် အမြဲ အသင့်ဖြစ်နေတယ်လို့ ယူဆခြင်း

ဆယ်ကျော်သက် လူငယ်လေး တယောက်ဆိုရင်တော့ အဲဒီလို ဟုတ်ချင် ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးတဲ့ အမျိုးသား တယောက် အနေနဲ့တော့ မိသားစုကိစ္စ၊ အလုပ်အကိုင် နဲ့ ငွေရေးကြေးရေး စတဲ့ နေ့စဉ် ဘ၀ ဖိအားတွေ ရှိ နေ ပြီး လိင်စိတ်ဆန္ဒကို ထိခိုက်လျော့ပါးစေပါတယ်။ အဲဒါကို ထည့်မစဉ်းစားမိတဲ့ အခါ ကိုယ့်ရဲ့ အမျိုးသားက ကိုယ့်ကို စိတ်ကုန်နေ ပြီလို့ ထင်မှားမှုတွေ ဖြစ်စေပါတယ်။

“သူတို့ (အမျိုးသမီးများ) အတွက် အံ့သြစရာ ဖြစ်လာတယ်။ မယုံနိုင်ကြဘူး။” လို့ ဒေါက်တာ Helen Fisher က ခင်ပွန်း သည်က စိတ်ကုန်ပြီလို့ ခံစားရတဲ့ အမျိုးသမီးတွေ နဲ့ ပတ်သက်လို့ ပြောပြပါတယ်။ “သူတို့ကိုယ်သူတို့တော့ လိင်ကိစ္စနဲ့ ပတ်သက်လို့ အမြဲတမ်း စိတ်မပါဘူးဆိုတာ သိထားကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေက လိင်ဆက်ဆံဖို့ ဘာကြောင့် စိတ် မပါသလဲ ဆိုတာကို မဖော်ထုတ်နိုင်ကြတဲ့ အခါမှာတော့ ငါ့ကို မချစ်တော့ဘူးလို့ ထင်ကုန်ကြတယ်။” လို့ သူက ဆိုပါတယ်။

(၄) လိုအပ်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် မပြောဆိုခြင်း

“ပြည့်စုံတဲ့ လိင်မှုဘဝတခုကို ရဖို့ အမျိုးသမီးတွေမှာလည်းတာဝန်ရှိပါတယ်။ တကယ်လို့ အမျိုးသမီးတယောက်က သူခံစား တွေ့ကြုံရတာနဲ့ ပတ်သက်လို့ သူ့ဖာသာ ပြန်ပြီး ဂရုမစိုက်ရင် အမျိုးသားကလည်း သူ့ကို အထွဋ်အထိပ် ခံစားမှုရအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အရမ်းကို ရင်းနှီးကျွမ်းဝင်မှု ရှိတဲ့ စုံတွဲတွေ ဖြစ်မယ်ဆိုရင်တောင် အမျိုးသမီး ဘက်က သူ့လို အပ်ချက်ကို ထုတ်မပြရင် အပြည့်အစုံ သိနိုင်မှာ မဟုတ်ပါဘူး။” လို့ ဒေါက်တာ Ruth Westheimer ကပြောပါတယ်။

ဒေါက်တာ Helen Fisher ကတော့ အမျိုးသားတွေက သူတို့ရဲ့ အမျိုးသမီးကို နှစ်သိမ့်ကျေနပ်မှု အလွန်ပေးချင်ကြတဲ့ အတွက် ဖွင့်ပြောဖို့ စိုးရိမ်စရာလိုဘူး လို့ ဆိုပါတယ်။ “ သူတို့ရဲ့ အတ္တကို မထိခိုက်စေတဲ့ နည်းနဲ့ နားလည်အောင် ပြောရင် သူတို့ ကျေကျေ နပ်နပ် နားထောင်ပါတယ်။” လို့ သူကပြောပါတယ်။

(၅) လိင်ကိစ္စကို အသုံးချ၍ ထိန်းချုပ်ရန် ကြိုးစားခြင်း

လိင်ဆက်ဆံခွင့်ကို လက်နက်လို အသုံးချတာကလည်း မလုပ်သင့်တဲ့ ကိစ္စတခုဖြစ်ပါတယ်။ အခြေခံ အားဖြင့်တော့ အမျိုး သမီးတွေက ကိုယ့်ကိုယ့်ကို အားနွဲ့သူတွေလို့ ခံစားရတဲ့ အတွက် လိင်ကိစ္စကို ညင်းပယ်ခြင်းအားဖြင့် လိုချင်တာ ရယူဖို့ ကြိုး စားတတ်ကြပါတယ်။ အမျိုးသားတွေက သူတို့ အလိုဆန္ဒပြည့်ဖို့ အတွက် ကိုယ်လိုချင်တာကိုလည်း လိုက်လျော ခွင့်ပြုပေး မယ်လို့ ထင်တတ်ကြပါတယ်။ ဒီနည်းက တခါတရံ အသုံးဝင်ကောင်း ဝင်နိုင်ပေမယ့် ရေရှည် အသုံးပြုသင့်တဲ့ နည်းလမ်း ကောင်း တခုတော့ မဟုတ်ပါဘူး။

အမျိုးသားရဲ့ သာယာမှုကို ညင်းပယ်တဲ့ နည်းနဲ့ သြဇာ လွှမ်းမိုးမှု ယူမယ့် အစား ဖြစ်ချင်တာ၊ ဖြစ်သင့်တာကို တိုက်ရိုက် ပြောဆို ဆွေးနွေးပြီး ရယူတဲ့ နည်းလမ်းမျိုးကို ကြိုးစားကြည့် သင့်ပါတယ်။

(၆) စကားများ ရန်ဖြစ်ပြီးတဲ့ အချိန်မှာ လိင်ကိစ္စကို ခွင့်မပြုခြင်း

ရန်ဖြစ်ပြီးတော့မှ အိပ်ရာထဲမှာ ပြန်အဆင်ပြေသွားတဲ့ စုံတွဲတွေ အတော်များများ ရှိပါတယ်။ ဒါပေမယ့် အမျိုးသမီးအများ စု ကတော့ ခွင့်ပြုလေ့ မရှိကြတာများပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်ဆက်ဆံမှု မပြုခင်မှာ ချစ်ချစ်ခင်ခင် ဆက်ဆံမှု၊ ထိတွေ့မှုတွေ လိုအပ်တယ်လို့ အမျိုးသမီး တွေက ထင်ကြလို့ ဖြစ်ပါတယ်။ အဲဒါက မှန်သင့်သလောက်တော့မှန် ပါ တယ်။ ဒါပေမယ့် စိတ်ပညာရှင်တွေ၊ လိင်မှုဆိုင်ရာ ကုထုံးပညာရှင်တွေရဲ့ လေ့လာမှုအရ အိပ်ရာထဲမှာ ဖြေရှင်းတာက အမြန်ဆုံး ပြန်ပြီး ပြေလည်စေတယ်လို့ တွေ့ရှိရပါတယ်။

တကယ်လို့ အစပိုင်းမှာ စိတ်ထဲက မကျေလည်မှုတွေကြောင့် လိင်ကိစ္စကို စိတ်မပါဘူးဆိုရင်တောင် ကိုယ်ခန္ဓာချင်း အနီး ကပ် ဆက်သွယ် ပတ်သက်မှုက နေ တဆင့် တယောက်နဲ့ တယောက် ခံစားချက်တွေ ပြန်လည် နီးကပ်ပြီး ပြေငြိမ်းမှုကို ရစေနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးတာ၊ ကျေလည်အောင်ညှိနှိုင်း အဖြေရှာတာတွေကလည်း အငြင်းပွား မှုကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းတွေပါပဲ။ ဒါပေမယ့် တင်းမာနေတဲ့ စိတ်တွေကို ထိထိရောက်ရောက် ပြေလျော့ စေပြီး နားလည်မှု အမြန်ဆုံး ပြန်ရဖို့ကတော့ ဒီနည်းနဲ့ ကြိုးစားကြည့်သင့်ပါတယ်။

Source: webmd.com

Your Thoughts …
Tags: ကျန်းမာရေး
အေးမင်း

အေးမင်း

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.4k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

by ဧရာဝတီ
17 April 2024
9.3k

၎င်းတို့နှစ်ဦးအား အကျဉ်းထောင်ထဲမှ ပြောင်းရွှေ့လိုက်သည်ဆိုသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့ ဆက်လက်ချုပ်နှောင်ထားသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

by ဧရာဝတီ
4 January 2024
6.6k

မြန်မာနိုင်ငံသားများ ပါဝင်သည့် ကျောက်ကပ် ရောင်းဝယ်မှု စွပ်စွဲချက်နှင့် အပိုလိုဆေးရုံများ ပတ်သက်နေသည်ဆိုသော သတင်းများကို စုံစမ်းစစ်ဆေးနေသည့် ဒေလီအစိုးရ ကော်မတီသည် စာရွက်စာတမ်း ကိစ္စများတွင် ဟာကွက်များ တွေ့ရှိခဲ့သည်။

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

by အီဂေါဗလာဇီဗစ်
12 December 2023
5.1k

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

အားလုံး ပြီးမြောက်အောင်မြင်ချိန်ထိ ဘုန်းကြီးရှိနေမယ် (ရုပ်/သံ)

အားလုံး ပြီးမြောက်အောင်မြင်ချိန်ထိ ဘုန်းကြီးရှိနေမယ် (ရုပ်/သံ)

by ယဉ်မွန်
2 September 2024
4.5k

ရွှေညဝါ ဆရာတော်လို့ လူသိများတဲ့ ဆရာတော် အရှင်ပညာသီဟဟာ ဩဂုတ်လတွင်းမှာပဲ လူကြီးရောဂါနဲ့ ဆေးရုံမှာ တက်ရောက်နေရပြီး ဆေးဝါးကုသမှု ခံယူနေပေမယ့်၊ ကျန်းမာရေးကတော့ ကောင်းမွန်စပြုလာပြီလို့ ဆရာတော်က ဧရာဝတီကို မိန့်ကြားပါတယ်။

Next Post
စင်ကာပူလေကြောင်းမှ ဆမ်ဆောင်း Galaxy Note 7 ဖုန်း အသုံးပြုခွင့်ပိတ်ပင်

စင်ကာပူလေကြောင်းမှ ဆမ်ဆောင်း Galaxy Note 7 ဖုန်း အသုံးပြုခွင့်ပိတ်ပင်

သမ္မတဟောင်း ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နှင့်တွေ့ဆုံစဉ်။ / Reuters

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နှင့် အချိန်ကိုက် CSIS မြန်မာ့ အရေး ဆွေးနွေးပွဲ ဝါရှင်တန်တွင် ပြုလုပ်မည်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0
  • မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate