ဟယ်ရီပေါ်တာ ဇာတ်ကားလိုမျိုး စိတ်ဝင်စားစရာ မှော်ဇာတ်လမ်း ကြိုက်သူတွေအတွက် ဟယ်ရီပေါ်တာ စာရေးဆရာမ ရေးသားထားတဲ့ “Fantastic Beats and Where to Find” ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။
ဇာတ်လမ်းအစကိုတော့ ၁၉၆၂ ခုနှစ်ဝန်းကျင်ကာလနဲ့ စတင်ဖွင့်ထားပြီး အမေရိကန် မှော်ဆရာများ အစည်းအဝေးပွဲတခုမှာ Newt Scamander ဆိုတဲ့ မှော်ဆရာတယောက်ဟာ အရေးကြီး ပုဂ္ဂိုလ် တယောက်အနေနဲ့ တက်ရောက်လာပါတယ်။
တက်ရောက်ရတဲ့အကြောင်းကတော့ မှော်အစွမ်းတွေနဲ့ ဖန်တီးပြုလုပ်ထားသော ထူးခြားတဲ့ စွမ်းအင်တွေ ပိုင်ဆိုင်နေပြီး သတ္တဝါဆန်းတွေနေတဲ့ အိမ်တစ်လုံးကို ထည့်ထားတဲ့ မှော်သေတ္တာတခုကြောင့် ဖြစ်ပါတယ်။
အဲ့ဒီသေတ္တာထဲမှာရှိတဲ့ သတ္တဝါတွေ လွတ်မြောက်သွားတဲ့အတွက် မှော်ဆရာတွေနေထိုင်တဲ့ နေရာကိုရော မှော်ဆရာမဟုတ်ဘဲ သာမန်လူသားတွေ နေထိုင်တဲ့ကမ္ဘာကိုရော ခြိမ်းခြောက်လာသလိုဖြစ်ခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် Newt Scamander ကို အထူးတာဝန်ပေးအပ်ဖို့အတွက် ဖြစ်လာပါတော့တယ်။
“Fantastic Beats and Where to Find” ဇာတ်ကားဟာဆိုရင် ဗြိတိန် စာရေးဆရာမ ဂျေကေရိုးလင်း က ၂၀၀၁ ခုနှစ်မှာရေးသားခဲ့တဲ့စာအုပ်ကို ပြန်လည် ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အဲ့ဒီစာအုပ်ဟာ ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲရဲ့ ပထမဆုံး ဇာတ်လမ်းတွဲဖြစ်တဲ့ “Harry Potter and the Sorcerer’s Stone” ထဲမှာ ပထမနှစ်ကျောင်းသားတွေ စတင်ဖတ်ရှုသင်ယူရတဲ့စာအုပ်ကို အကျယ်ချဲ့ရေးသားခဲ့တာဖြစ်ပါတယ်။
Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးက ၂၀၁၃ ခုနှစ်တုန်းက စာရေးဆရာမှာ ဂျေကေရိုးလင်းဟာ သူ့ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်ဖန်တီးပုံဖော်ဖို့ ဇာတ်ညွန်းရေးသားနေပြီလို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားဟာ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲရဲ့ အဆက်လည်း မဟုတ်သလို ဇာတ်လမ်းတွဲကို အစပြုထားတဲ့ ဇာတ်ကားမဟုတ်ပါဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။
သရုပ်ဆောင်တွေကတော့ အဓိက ဇာတ်ကောင် Newet Scamander အဖြစ် Eddie Redmayne၊ Tina အဖြစ် Katherine Waterston လူတွေရဲ့ စိတ်ကိုဖတ်နိုင်တဲ့အစွမ်းရှိပြီး Tina ရဲ့ ညီမဖြစ်တဲ့ Queenie Goldstein အဖြစ် Alison Sudol၊ အကောင်းမြင်တဲ့စိတ်ထားရှိပြီး Muggle လိုခေါ်တဲ့ သာမန် လူပုဂ္ဂိုလ် တစ်ယောက် ဖြစ်တဲ့ Jacob Kowalski အဖြစ် Daniel Kevin အစရှိတဲ့ သရုပ်ဆောင်တွေနဲ့ အဓိက အားဖြည့်ထားပြီး ဒါရိုက်တာအဖြစ် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေကို ဖန်တီးရိုက်ကူးခဲ့တဲ့ David Yates ကပဲ ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာလတွင် အင်္ဂလန်နိုင်ငံမှာ စတင်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: en.wikipedia.org
: harrypotter.wikia.com
: ew.com