လူသူ ရှင်းတဲ့ လမ်းမကြီးတလျှောက် သင်ဟာ အေးအေးလူလူနဲ့ လမ်းလျှောက်လာနေတယ်။ လူပြတ်လွန်းတဲ့ အဲဒီလမ်းကနေ လမ်းချိုးတခု အရောက်၊ လူတယောက်ကို သင် တွေ့လိုက်ရတယ်။ သူ့က ခပ်မိုက်မိုက် တဇောက်ကန်းပုံ မျိူး။ အဲဒီမှာ သင် အန္တရာယ် အနံ့ကို ရပြီ။ သင့်ကို အန္တရာယ် ပြုတော့မယ် ဆိုတာ သိလိုက်ပြီ။ သင် ဘာလုပ်မလဲ။
ရုတ်တရက်ဆိုသလို သင့်ဆီကို အလျင်အမြန် ချဉ်းကပ်လာနေတဲ့ သင့်ထက် အင်အားကြီးတဲ့ ရန်သူကို ဘယ်လို ခုခံကာကွယ်မလဲ။ စိတ်အေးအေးထား၊ ခြေတွေ လက်တွေ အမြန်ဆုံး လှုပ်ရှားနိုင်ဖို့ အသက်ကို ဝအောင်ရှူ၊ မျက်စေ့ကို ရှင်ရှင်ထား၊ ရန်ပြုလာတဲ့ ရန်သူကို သေချာကြည့်။
သင် ရှောင်သွားဖို့လည်း မဖြစ်နိုင်၊ နောက်ပြန် ပြေးဖို့လည်း မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ သင် မဖြစ်မနေ လုပ်ရမှာက အဲဒီရန်သူကို ပြန်လည် တိုက်ခိုက်ဖို့ပဲ။ ရန်သူရဲ့ အားနည်းချက်နေရာတွေကို တိုက်ခိုက်ဖို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လျှပ်တပြက် တိုက်ကွက် ၅ ကွက် ပထမပိုင်းကို ဒီနေရာမှာ (https://burma.irrawaddy.com/lifestyle/2016/07/31/119411.html ) မှာ ဖော်ပြထားပါတယ်။
သင် အသုံးပြုရမယ့် ခန္ဓာကိုယ်ရဲ့ မာကျောတဲ့ အစိတ်အပိုင်းတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ အဲဒီ အစိတ်အပိုင်းတွေကို သုံးပြီး ဘရုစလီရဲ့ လျှပ်တပြက် တိုက်ကွက်နဲ့ ပြန်လည် တိုက်ခိုက်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
အတင်းတိုးဝင် တိုက်ခိုက်ဖို့ ဝင်လာတဲ့ ရန်သူရဲ့ ညာဘက် ပေါင်လယ်ကို သင့်ရဲ့ ဘယ်ဘက် ခြေထောက်နဲ့ ဆောင့်ကန်လိုက်ပါ။ အဲဒီအခါ ရန်သူဟာ ဟန်ချက်ပျက်သွား ပါလိမ့်မယ်၊ အဲဒီ ဟန်ချက်ပျက်သွားတာကို သင်က အခွင့်ကောင်းယူပြီး သူ့ရဲ့ ဒူးဆစ်ကို ထပ်ကန်လိုက်ပါ။
ရန်သူဟာ အင်အားကြီးပေမယ့် သူ့အားနည်းချက်ကို ထိအောင် တိုက်ခိုက်လိုက်တာကြောင့် ယိမ်းယိုင်သွားပါပြီ။
ရန်သူ ယိမ်းယိုင်သွားပြီ ဆိုရင် ထပ်ဆင့်ပြီး သင့်ရဲ့ လက်သီးတွေ တံတောင်တွေနဲ့ အဆက်မပြတ် တိုက်ခိုက်ကာ အန္တရာယ်ကို ရှင်းနိုင်ပြီပေါ့။
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လျှပ်တပြက် တိုက်ကွက် ၅ ကွက် (၁)