နိုင်ငံတကာမှာ Top 5 စာရင်းဝင်နေတဲ့ International သီချင်းတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
Closer – Chainsmokers (Featuring: Halsey)
ပထမဆုံးအနေနဲ့ Billborad မှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတဲ့ “Closer” ဆိုတဲ့ သီချင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမေရိကန် DJ သမားနှစ်ယောက်ဖြစ်တဲ့ Andrew Taggart နဲ့ Alex Pall တို့နဲ့ ဖွဲ့စည်းထားတဲ့ Chainsmokers ဆိုတဲ့ အဖွဲ့က သီဆိုထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း Selfie ဆိုတဲ့ သီချင်းနဲ့ US Billboard မှာ နံပါတ် ၁၆ နဲ့ စာရင်းဝင်ခဲ့ပါသေးတယ်။ ချစ်သူနှစ်ဦး မတွေ့တာ ၄ နှစ်ကြာခဲ့ပေမယ့် သတိရနေတဲ့ ခံစားမှုတွေကို Electro Music နဲ့ ပုံဖော်ထားလို့ နံပါတ် ၁ နေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
Heathens – Twenty One Pilots
ဒုတိယနေရာမှာ ရောက်ရှိနေတဲ့ သီချင်းကတော့ “Suicide Squid (2016 )” ဇာတ်ကားမှ ဇာတ်ဝင် တေးသီချင်းတပုဒ်ဖြစ်တဲ့ “Heathens” ဆိုတဲ့ Twenty One Pilots အဖွဲ့ရဲ့ သီချင်းဖြစ်ပါတယ်။ Twenty One Pilots အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်တွေကတော့ Josh Dun, Tyler Joseph တို့ နှစ်ဦးဖြစ်ကာ ဒီတေးသီချင်းကို သူတို့နှစ်ဦးက သီဆိုထားတာဖြစ်ပါတယ်။ “Twenty One Pilots” ဆိုတာနဲ့ ဒီသီချင်းကို ပြေးမြင်စေရမယ်လို့ အဖွဲ့ဝင် Joseph ကပြောထားပါသေးတယ်။ သူတို့အဖွဲ့ရဲ့ နောက်သီချင်းတပုဒ်ဖြစ်တဲ့ “Ride” ကလည်း Top 6 မှာ နေရာယူထားပါသေးတယ်။
Cold Water – Major Lazer
တတိယနေရာမှာ စာရင်းဝင်နေတဲ့ သီချင်းကတော့ “Music is the Weapon “ တေးစီးရီထဲမှ သီချင်းတပုဒ်ဖြစ်တဲ့ “Cold Water” ဖြစ်ပါတယ်။ Major Lazer သီဆိုထားပြီး Justin Bieber နဲ့ MO တို့က အားဖြည့်သီဆိုထားတဲ့ Club Music အမျိုးအစားသီချင်းတပုဒ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တပတ်တုန်းက နံပါတ် ၂ နေရာမှာ ချိတ်ခဲ့တဲ့ သီချင်းလည်းဖြစ်ပါတယ်။
Cheap Thrills – Sia & Seal Paul
နံပါတ် ၄ နေရာမှာ ရောက်ရှိနေတာကတော့ သြစတြေးလျ တေးရေတေးဆိုတဦးဖြစ်တဲ့ Sia နဲ့ အဆိုတော်တစ်ဦး ဖြစ်တဲ့ Seal Paul တို့ တွဲဖက်သီဆိုထားတဲ့ “Cheap Thrills “ ဆိုတဲ့ သီချင်းပါ။ ဒီ သီချင်းဟာဆိုရင် Sia ရဲ့ ခုနှစ်ခွေမြောက် သီချင်းအယ်လ်ဘမ်ဖြစ်တဲ့ “This is acting “ ထဲက သီချင်းတပုဒ်ဖြစ်ပါတယ်။ Billboard ရဲ့ နံပါတ် ၁ နေရာကို ရောက်ခဲ့တဲ့ သီချင်းတပုဒ်လည်း ဖြစ်ပါတယ်။
Don’t let me down – Chainsmokers & Daya
နံပါတ် ၅ နေရာကို ရောက်ရှိနေတဲ့ သီချင်းကတော့ Chainsmokers နဲ့ Daya တို့ သီဆိုထားတဲ့ “Don’t let me down” ဆိုတဲ့ တေးသီချင်းဖြစ်ပါတယ်။ ဒီတေးသီချင်းဟာ Billboard မှာ နံပါတ် ၃ နေရာထိ ချိတ်ခဲ့တဲ့သီချင်းပါ။ Hip Hop သီချင်းအမျိုးစားတစ်ခုဖြစ်ကာ Trap သီချင်းအမျိုးအစားနဲ့ ရေးစပ်သီကုံးထားပြီး Daya ရဲ့ အသံပါဝါနဲ့ ပတ်သက်ပြီး မှတ်ချက် ကောင်းကောင်းပေးခံထားရတဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။
Ref: billboard.com, wiki.com