Lifestyle

ဇိမ်ခံကားအဖြစ် ဈေးကွက်ဝင်နေတဲ့ Nissan XTerra

Want create site? Find Free WordPress Themes and plugins.

အမှန်ဆိုရင်တော့ XTerraက အဆင့်မြင့် အကြမ်းခံ မော်ဒယ် အဖြစ်နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပေမယ့့် ပြည်တွင်း ဈေးကွက်အနေအထားမှာတော့ ဈေးနှုန်းနဲ့ မော်ဒယ်ရဲ့ အပြင်အဆင်အပေါ်ကို ကြည့်ပြီးတော့ ဇိမ်ခံ မော်ဒယ် အဖြစ်နဲ့ပါ သုံးနိုင်မယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။ ကိုယ်ထည်ရဲ့ ကြံ့ခိုင်မှုကို ဦးစားပေး ဖန်တီး ထားတာ ဖြစ်ပြီး အမေရိကနဲ့ ဥရောပ လမ်းကြမ်းမောင်း SUVဈေးကွက်မှာတော့ အောင်မြင်နေတာလည်း ဖြစ်ပါတယ်။

ရုပ်ထွက်ပိုင်းကို ကြည့်ရင်လည်း ဇိမ်ခံ မော်ဒယ်မျိုး မဟုတ်ဘဲ လမ်းကြမ်းသုံး ပုံစံနဲ့ သိသာအောင် ဖန်တီး ထား တာပါ။ ဒါပေမယ့် Hummerလို မော်ဒယ်တွေကိုတောင် ဇိမ်ခံ အဖြစ် သုံးနိုင်တဲ့ အနေအထားမှာ XTerraက ဇိမ်ခံ မော်ဒယ်တခုလိုပါပဲ။ ဈေးကွက်ဝင် မော်ဒယ်တွေမှာ သားရေနဲ့ ဖန်တီးတဲ့ ထိုင်ခုံတွေက အစ ထည့်ထား သလို Controlပိုင်းအပါအဝင် Displayတွေက Touchစနစ်နဲ့ တွေ့ရပါတယ်။

မော်ဒယ် အနည်းငယ် နိမ့်လို့ နောက်ဆုံးပေါ် နည်းပညာ အသုံးပြုနိုင်မှု အားနည်းနိုင်ပေမယ့် လိုက်ပါ စီးနင်းရမှု အပိုင်းမှာရော မောင်းနှင်ရမှု အပိုင်းမှာပါ စိတ်ကြိုက်တွေ့မယ့် မော်ဒယ်ပဲ ဖြစ်ပါတယ်။ တန်းတူဈေးကွက်ဝင် မော်ဒယ်တွေထက် ဝန်တင်ဆောင်နိုင်မှု ပိုကောင်းပြီး ပေါင် ၁၀၀၀ထိလောက်အောင် ပိုမို တင်ဆောင်နိုင်မှာပါ။

လက်ကိုင်ပိုင်းက တည်ငြိမ်မှု အပြည့်ရှိတယ်၊ ဒါကိုမှ Power Steeringစနစ်နဲ့ ထပ်ပြီး အားဖြည့်ထားတယ်၊ မြန်နှုန်းမြင့် မောင်းနှင်နိုင်မှုက ပျမ်းမျှ မိုင် ၈၀နှုန်းလောက်ထိအောင် အင်ဂျင်ဆူညံမှု မရှိ၊ တုန်ခါမှု မရှိ၊ ကိုယ်ထည် တည်ငြိမ်မှု အပြည့်နဲ့ မောင်းနှင်နိုင်မှာပါ။

ရုန်းအား ဦးစားပေး မော်ဒယ် ဖြစ်လို့ Sport SUVတွေလိုတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အားမကောင်း ပေမယ့် Air-Conလို အကူစနစ်ကို စိတ်ကြိုက် အသုံးပြုပြီး ခရီးဝေး မောင်းနိုင်မယ်၊ တောင်တက်လမ်းရမယ်၊ လမ်းကြမ်း အစုံရမှာပါ။

တပ်ဆင် အင်ဂျင်က ခြောက်လုံးထိုး အင်ဂျင်ထဲမှာ အကြီးဆုံးဖြစ်မယ့် ၄ ဒသမ ဝလီတာသုံး Gasoline အင်ဂျင်ပါ။ ဒီတော့ အရွယ်နည်းနည်းကြီးနေတဲ့ အင်ဂျင်က ဆီစားနည်းနည်းများချင်နေပြီး ပျမ်းမျှ ဆီ်တဂါလံကို ၂၈ကီလိုလောက်ပဲ မောင်းနှင်နိုင်မှာပါ။ ဒါပေမယ့် တခု အကြံပေးချင်တာက ဇိမ်ခံ အဖြစ်နဲ့ သုံးမယ်၊ ဒါမှမဟုတ် နယ်ဘက်မှာ တောင်တက်၊ လမ်းကြမ်းအတွက် သုံးမယ် ဆိုရင်တော့ XTerraကို ရွေးချယ်စေချင်ပေမယ့် အိမ်စီး လောက်ပဲ ဆိုရင်တော့ ဆီစားများနေချင်လို့ အားမပေးချင်ပါဘူး။

နောက်ဘီးယက်စနစ်နဲ့ လာတယ်၊ Power Windowစနစ်ကို သုံးနိုင်မယ်၊ DVD-TVလို ဖျော်ဖြေရေးစနစ်တွေ အစုံပါရှိမယ်၊ အရောင်အပိုင်းမှာတော့ ဇိမ်ခံ SUVဖြစ်လို့ အနက်ရောင် တစ်မျိုးတည်းပဲ ဈေးကွက်မှာ အတွေ့ရများမယ်၊ Cruise Controlလည်း သုံးနိုင်မယ်၊ ပြည်တွင်းဈေးကွက်မှာ အများဆုံး တွေ့ရတဲ့ XTerraတွေက အမေရိကန်မှာ သုံးပြီး တင်သွင်းလာတာ ဖြစ်လို့ ဂျပန်ကနေ ဝင်တဲ့ မော်ဒယ်တွေနဲ့စာရင်တော့ အရည်အသွေးကို အကောင်းဆုံး ထိန်းပြီး သုံးထားတတ်ပေမယ့် ကီလိုတော့ နည်းနည်းများနေတတ်ပါတယ်။

ဈေးနှုန်းပိုင်းမှာတော့ ၂၀၀၆ခုနှစ် XTerra အနက်ရောင် ရန်ကုန်လိုင်စင်ကို သိန်း ၅၃၀လောက် အခေါ်ရှိပေမယ့် မျက်နှာသစ် မော်ဒယ်လည်း ဖြစ်သလို မော်ဒယ်နှစ်နိမ့်နေတဲ့ အနေအထားမှာ မောင်းနှင်ပြီး ကီလို အနည်း၊ အများအပေါ်မှာ ဈေးစကား အနည်းငယ် ပြောနိုင်ပြီး အကျဈေးဘက်မှာပဲ ပွဲဖြစ်ဖို့ များပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading