Lifestyle

ဖရဲသီးနဲ့ ကျန်းမာရေး အကျိုးကျေးဇူး

Want create site? Find Free WordPress Themes and plugins.

ဖရဲသီး

ဖရဲသီး ကြိုက်တတ်သူတွေအတွက် ဝမ်းမြောက်စရာ သတင်းကောင်းတခုတော့ ရှိနေပါပြီ။  ဖရဲသီး များများ စားသူတွေမှာ အဝလွန်တာ၊ ဆီးချိုနဲ့ နှလုံးရောဂါ ဖြစ်နိုင်ချေတွေ လျော့နည်းစေတယ်လို့ လေ့လာထားတဲ့ ကျွမ်းကျင်သူတွေက ဆိုနေပါပြီ။ ဖရဲသီး တခွက်စာ (၁၅၂ ဂရမ်) မှာမှ ကယ်လိုရီက ၄၃ သာ ရှိပါတယ်။ အဆီလုံးဝမပါဘဲ ဆိုယီယမ်က ၂ ဂရမ်၊ ကာဘိုဟိုက်ဒရိတ် ၁၁ ဂရမ် (သကြားဓာတ် ၉ ဂရမ်၊ အမျှင်ဓာတ် ၂ ဂရမ်) ပါဝင်ပါတယ်။

ဖရဲသီးမှာ တခြား သစ်သီးဝလံတွေထက် ပိုပြီးများများ တွေ့ရတဲ့ Lycopene ကလည်း ကျန်းမာရေးမှာ အထောက်အကူ အများကြီး ဖြစ်စေတာပါ။ အရသာရှိသလို အကျိုးလည်းများလှတဲ့ ဖရဲသီးကို နေ့စဉ်စားသင့်တဲ့ အစားအစာ အဖြစ် တိုက်တွန်းကြပါတယ်။ ဖရဲသီးကနေရတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ပြောပြချင်ပါသေးတယ်။

ပန်းနာရင်ကျပ် ကာကွယ်ရေး

ပန်းနာရင်ကျပ်လို ရောဂါတွေဖြစ်နိုင်ချေ များတာက လုံလောက်တဲ့ အာဟာရဓာတ်တွေ မစားသုံးတာကြောင့်လည်း အချက်တခုအဖြစ် ဆိုပါတယ်။ အထူးသဖြင် ့ဗီတာမင် စီပေါ့။ ဖရဲသီးမှာက အာဟာရရှိတဲ့ ဗီတာမင်တွေ ပါဝင်ပြီး ဗီတာမင် စီ ပါဝင်မှုလည်း ကြွယ်ဝတာမို့ ရင်ကျပ်ရောဂါ ကာကွယ်ရာရောက်တယ်လို့ ဆိုပါတယ်။

ကင်ဆာ

ဖရဲသီးက အင်တီအောက်ဆီးဒင့် ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများကြီးပါဝင်တဲ့ အသီးပါ။ အဲဒီ ပစ္စည်းတွေက ကင်ဆာဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးတာမို့ ကင်ဆာရောဂါ ကာကွယ်ရာရောက်ပါတယ်။ အထူးသဖြင့် အထက်မှာ ဆိုခဲ့တဲ့ Lycopene တွေ ဖရဲသီးမှာ ကြွယ်ဝတာက ဆီးကျိတ်ကင်ဆာလိုမျိုး ဖြစ်နိုင်ချေ လျော့စေတယ်လို့ သုတေသန အတော်များများက ဆိုပါတယ်။

water-melonသွေးတိုး

အမေရိကန် သွေးတိုးရောဂါဆိုင်ရာ ဂျာနယ်ရဲ့ အဆိုအရတော့ ဖရဲသီးက သွေးတိုးကျစေတဲ့ အာဟာရလို့ ဆိုပါတယ်။ အထူးသဖြင့် သက်လတ်ပိုင်း လူကြီးတွေမှာ သွေးတိုးဖြစ်တာကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ တခြား သုတေသနတွေအရ ဖရဲသီး စားသုံးတာက သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာ ကောင်းမွန်စေတယ်လို့ ဆိုတာကြောင့် ဒါကလည်း ဆက်စပ်နေတဲ့ အကျိုးတခုပါပဲ။

ရောင်ရမ်းခြင်း

ဖရဲသီးမှာ Choline ပါဝင်ပြီး နာတာရှည် ရောင်ရမ်းမှုတွေ သက်သာစေတယ်လို့ ဆိုပါတယ်။ ဒီ အဟာရဓာတ်က အိပ်စက်ရာမှာ၊ ကြွက်သားတွေ လှုပ်ရှားရာမှာ၊ သင်ယူမှုနဲ့ မှတ်ဉာဏ်တွေမှာ အရေးပါတဲ့ဓာတ် ဖြစ်နေပါတယ်။ အာရုံကြောတွေရဲ့ လုပ်ငန်းဆောင်တာ မြန်ဆန်ချောမွေ ့စေတာလည်း ထောက်ကူသလို ဆဲလ်တွေရဲ့ နံရံတွေကို ထိန်းသိမ်းကာကွယ်ပေးတာ၊ အဆီတွေစုတ်ယူမှုကို ကူညီတာ စတဲ့ လုပ်ငန်းဆောင်တာ အတောများများ အတွက် ဖရဲသီးစားတာကနေ အကျိုးထူးရတာပါ။

အရေပြား

အရေပြား ကျန်းမာရေး အတွက်ဆိုရင် ဖရဲသီးက အတော်လေး အစွမ်းရှိပါသတဲ့။ ဖရဲသီးက ဗီတာမင်အေ ကြွယ်ဝပါတယ်။ အဲဒီ ဗီတာမင် အေက ဆံပင်တွေ စိုပြေနေစေတဲ့အဆီ ထုတ်ရာမှာ လိုအပ်တဲ့ အရာတခုဖြစ်နေပါတယ်။ နောက်ပြီး ဗီတာမင်အေ က အရေပြားနဲ့ ဆံပင်တွေ ဖွံ့ဖြိုးစေဖို့လည်း အရေးပါတဲ့နေရာက ပါဝင်နေပြန်ပါတယ်။

အခု ဆိုခဲ့တာတွေက ထင်ရှားတဲ့ အကျိုးကျေးဇူးတွေပါ။ ဖရဲသီးမှာ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီး ရှိနေသေးတာပါ။ ဘာပဲဖြစ်ဖြစ် နေ့စဉ် မှီဝဲရမယ့် သစ်သီးဝလံ တခုအဖြစ် ရွေးချယ်ဖို့ကတော့ တွေဝေစရာ အကြောင်းရှိမယ် မထင်တော့ပါဘူး ။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading