ချင်းတောင်တန်း အလှအပကို ရေးဆွဲတင်ပြထားတဲ့ ပန်းချီသန်းဌေးရဲ့ ပန်းချီသန်းဌေးရဲ့ Picturesque ပန်းချီပြပွဲကို အောက်တိုဘာ ၈ မှ ၁၇ ရက်နေ့ အထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၁၇ ရှိ အလှသစ် အနုပညာ ပြခန်းတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ပန်းချီ သန်းဌေးသည် ချင်းပြည်နယ် ဖလန်းမြို့သို့ ၂ လကြာ သွားရောက်ခဲ့ပြီး ချင်းတောင်တန်းဒေသ အလှကို ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ပြပွဲတွင် ၄ ပေ × ၅ ပေ အရွယ် ပန်းချီကားပေါင်း ၂၀ ပါဝင်ပြီး၊ ပန်းချီကား ၁ ကားတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅၀၀ ဖြစ်ကြောင်းနှင့် သိရသည်။
ငယ်စဉ် ကတည်းက ပန်းချီရေးဆွဲခြင်းကို စွဲလမ်းခဲ့သည့် ပန်းချီသန်းဌေးသည် ၁၉၈၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရင်း အုပ်စုပန်းချီပြပွဲများတွင် ပါဝင်ပြသူနိုင်ခဲ့ သလို ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့တွင်လည်း အုပ်စုပန်းချီပြပွဲနှင့် တကိုယ်တော် ပန်းချီပြပွဲများ ပြုလုပ်နိုင်ခဲ့သည်။
ပန်းချီသန်းဌေးသည် ပန်းချီဆု အနေဖြင့် ၁၉၉၂ ခုနှစ်က ဂျပန်နိုင်ငံ ရှီဘခရိုင်ရှိ Urayasy City ၌ ပြုလုပ်သည့် ပန်းချီပြပွဲတွင် မြို့တော်ဝန်ဆု (Mayor Prize) နှင့် Urayasu City (2nd and 3rd Prize) ဆု ၂ ဆုလည်း ရရှိခဲ့ပြီး၊ ၁၉၉၈ ခုနှစ်တွင် တိုကျိုရှိ GENZA အနုပညာရပ်ကွက် အတွင်းရှိ MOTAKI ပြခန်း၌ တကိုယ်တော် ပန်းချီပြပွဲကို ပြုလုပ်နိုင်ခဲ့သည်။
ယင်းနောက် တိုကျိုပြတိုက်တွင် ပြုလုပ်သည့် SEIKO TEN International Art Exhibition နိုင်ငံတကာ အနုပညာပြပွဲတွင် ဂျပန် နိုင်ငံတကာ အနုပညာရှင်များနဲ့ အတူ ပါဝင်ပြသနိုင်ခဲ့ပြီး ပြပွဲ၏ အကောင်းဆုံး နည်းပညာပန်းချီကားဆုလည်း ဆွတ်ခူးနိုင်ခဲ့သည်။ ပန်းချီသန်းဌေးသည် ၂၀၁၁ ခုနှစ်မှာလည်း Fuji TV Award ဆု ရရှိခဲ့ပြီး၊ ဂျပန်နိုင်ငံ အာရှ မော်ဒန်အတ်ထ် အသင်း (Artist Association of Asia – AAA) ၏ ၂၀၁၄ ခုနှစ် အတွက် စတုတ္ထဆု ရရှိခဲ့သည့် အပြင် လက်ရှိမှာလည်း ယင်း အဖွဲ့၏ အဖွဲ့ဝင် အနုပညာရှင်တဦး ဖြစ်ပါတယ်။
ပန်းချီဖန်တီး ပုံဖော်မှုတွေ အဆက်မပြတ် လုပ်ကိုင်လျက်ရှိသည့် ၁၉၅၈ ခုနှစ်ဖွား၊ ရန်ကုန်ဇာတိသား အသက် ၅၈ နှစ် အရွယ်ရှိ ပန်းချီသန်းဌေးသည် ၂၀၁၃ ခုနှစ် ထွန်းဖောင်ဒေးရှင်းဘဏ်က ပြုလုပ်တဲ့ Best Painting of 2013 မှာလည်း ပန်းချီ အထူးဆု ရရှိခဲ့ပါတယ်။ ။