Lifestyle

Samsung Galaxy Note7 ရောင်းချ၊ လဲလှယ်၊ ထုတ်လုပ်ခြင်း ကမ္ဘာတဝန်း ရပ်တန့်

Samsung မှ လက်ရှိ ဖြစ်ပေါ်နေတဲ့ Galaxy Note7 နဲ့ ပတ်သက်တဲ့ အခြေအနေကိစ္စအရပ်ရပ်ကို စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

သုံးစွဲသူများရဲ့ လုံခြုံရေးကို Samsung မှ အဓိက ဦးစားပေးလိုတာကြောင့် Galaxy Note 7 စမတ်ဖုန်းများကို ကမ္ဘာတဝန်းစျေးကွက်များမှာ ရောင်းချခြင်း၊ လဲလှယ်ခြင်းနဲ့ ထုတ်လုပ်ခြင်းတို့ကို လုံးဝ ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း Samsung မှ အောက်တိုဘာလ ၁၁ ရက်နေ့မှာ တရားဝင်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မူလ Galaxy Note 7 စမတ်ဖုန်း ကိုင်ဆောင်သူများ သို့မဟုတ် လဲလှယ်ထားတဲ့ Galaxy Note 7 စမတ်ဖုန်း ကိုင်ဆောင်သူများအနေနဲ့ ဖုန်းအားပါ၀ါကို လုံးဝပိတ်ထားသင့်ပြီး လက်ရှိ Note 7 စမတ်ဖုန်း သုံးစွဲနေခြင်းကို လည်း ရပ်တန့်ထားပြီး မိမိတို့ စျေးကွက်အလိုက် Samsung မှ ပေးအပ်မယ့် အစီအစဉ်များကိုု ရယူသင့်တယ် လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင် Galaxy Note 7 စမတ်ဖုန်းကိုင်ဆောင်ထားသူများ အနေနဲ့လည်း ယခုလက်ရှိ ကိုင်ဆောင် နေတဲ့ Galaxy Note 7 ဖုန်းကို Galaxy S7 edge စမတ်ဖုန်းနဲ့ လဲလှယ်နိုင်ပြီး စျေးနှုန်း တန်ဖိုး ကွာခြားချက် အတွက် ကျပ် ၅ သောင်းခန့်တန်ဖိုးရှိ Samsung Original Battery Pack 5200 Mah နဲ့ အခြား လက်ဆောင် ပစ္စည်းများကို ပေးအပ်သွားမယ်လို့ သိရပါတယ်။

Samsung Galaxy Note 7 စမတ်ဖုန်း
Samsung Galaxy Note 7 စမတ်ဖုန်း

အဆိုပါ အစီအစဉ်ကို ရယူလိုတဲ့ Note 7 ဖုန်း ဝယ်ယူထားသူများအနေနဲ့က Galaxy Note7 ဖုန်းကို ဝယ်ယူ ခဲ့တဲ့ Samsung Brand Shop မှာ ဆက်စပ်ပစ္စည်းများနဲ့တကွ ပြန်လည် အပ်နှံရန်လိုအပ်ပြီး ဖုန်းစတင် ဝယ်ယူရန် ဆောင်ရွက်ခဲ့တဲ့ ကမ္ဘောဇဘဏ်ခွဲမှတဆင့် ပြန်အမ်းငွေအပြည့် ပြန်လည်ထုတ်ယူခြင်း လုပ်ဆောင် နိုင်ရန် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Samsung Galaxy Note 7 စမတ်ဖုန်းကို လက်ရှိမှာ နိုင်ငံတကာ လေကြောင်းလိုင်းများက လေယာဉ်ပေါ် သယ်ဆောင်ခွင့်၊ အသုံးပြုခွင့် အထူးပိတ်ပင်ထားတာ တွေ့ရပါတယ်။

ဆက္စပ္သတင္းလင့္ခ္ – Note 7 ဖုန်း မြန်မာနိုင်ငံမှာ ရောင်းမယ့် အစီအစဉ် ရွှေ့ဆိုင်း၊ ဝယ်ထားသူများကို အစားလဲပေး

Loading