• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဒီနှစ်မှာ ခေတ်စားလာမယ့် မင်္ဂလာဝတ်စုံအရောင်များ

by ထက်ဦးဝေ
20 October 2016
in Lifestyle
A A
ဒီဇိုင်နာ မျိုးမင်းစိုး ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံဒီဇိုင်းများ  / မျိုးမင်းစိုး / facebook
ဒီနှစ်မှာ ခေတ်စားလာမယ့် မင်္ဂလာဝတ်စုံအရောင်များ
ဒီနှစ်မှာ ခေတ်စားလာမယ့် မင်္ဂလာဝတ်စုံအရောင်များ
ဒီနှစ်မှာ ခေတ်စားလာမယ့် မင်္ဂလာဝတ်စုံအရောင်များ
10.8k
VIEWS
Share on FacebookShare on Twitter

ဝါလကင်းလွတ် သီတင်းကျွတ်ပြီဆိုတော့ မကြာတော့မယ့် ကာလအတွင်းမှာပဲ လက်ထပ်မင်္ဂလာပွဲတွေ ခြိမ့်ခြိမ့်သဲ စည်ကားလာတော့မှာဖြစ်ပါတယ်။

မြန်မာတွေရဲ့ ထုံးတမ်းအစဉ်အလာအတိုင်း လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲကြပြီဆိုရင် အရေးကြီးဆုံးက သတို့သား၊ သတို့သမီးတို့ရဲ့ မင်္ဂလာဝတ်စုံဒီဇိုင်းနဲ့ အရောင်ရွေးချယ်မှုတွေ ပဲဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
516
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
864
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

ယခင်က မင်္ဂလာဝတ်စုံ ထိုင်မသိမ်းကို များသောအားဖြင့် မြန်မာတွေက ပန်းရောင်၊ အဝါနုရောင်၊ အပြာနုရောင်၊ အဖြူရောင်၊ သခွားရောင် စတဲ့ အရောင်ဖျော့ဖျော့တွေကို မင်္ဂလာအရောင်အနေနဲ့ အသုံးပြုဝတ်ဆင်တတ်ကြပေမယ့် နောက်ပိုင်းမှာတော့ ခရမ်း၊ အဝါ၊ အပြာ စတဲ့ အရောင်ခပ်ရင့်ရင့်တွေ ခေတ်စားလာခဲ့တာကို တွေ့လာရပါတယ်။

“မနှစ်ကတော့ အရောင်တောက်တောက်တွေ ခေတ်စားခဲ့တယ်ဆိုတာ မြန်မာလူမျိုးတွေက အရောင်တောက်တောက်တွေ ကြိုက်တယ်လေ။ မြန်မာလူမျိုးတွေက အရောင်တောက်တောက်တွေ ကြိုက်ပေမယ့် ဒီနှစ်တော့ ဗိုလ်ဆန်လာကြတယ်လို့ ထင်ပါတယ်။ ပုံ့ဆီမှာတော့ နို့စိမ်း၊ သခွား၊ ရွှေရောင်အဖျော့လို ခပ်ဖျော့ဖျော့လေးတွေ ပြန်ပြီး ခေတ်စားလာပါတယ်။ ပုံ့အနေနဲ့တော့ ရွှေရောင်ဖျော့ဖျော့လေးကို သဘောကျပါတယ်” လို့ ဒီဇိုင်နာ မပုံ့(My Favourite)က ဧရာဝတီကို ပြောပါတယ်။

အဲ့ဒီလို အရောင်တောက်တောက်တွေ ဝတ်ဆင်လာရာကနေ ယခုနှစ်အနေနဲ့ကိုတော့ ဗိုလ်ဆန်ဆန် အရောင်အနုလေးတွေ အဖျော့ရောင်လေးတွေ ပိုပြီး ခေတ်စားလာတယ်လို့ မန္တလေးမြို့မှ ဒီဇိုင်နာ မျိုးမင်းစိုးက ဧရာဝတီကို ပြောပါတယ်။

“ကျနော့်ဆီမှာတော့ အရင်နှစ်တွေထက် နည်းနည်းလေး ထူးခြားပါတယ်။ ကာလာအနုလေးတွေ၊ အသားရောင်လို ဖျော့တော့တော့ အရောင်လေးတွေ ခေတ်စားတယ်ပေါ့။ အရင်က ဆိုရင်တော့ အရောင်တောက်တွေ များတယ်။ ဒါပေမယ့် မန္တလေးအနေအထားအရတော့ အဝါရောင်ကိုတော့ ဝတ်မြဲတိုင်း ဝတ်နေကြဆဲပါပဲ။ သူက အသားညိုတဲ့ဘက် ဆိုတော့လေ။ အဝါနှောတဲ့ အရောင်လေးတွေ တော်တော်များများဝတ်ကြတယ်။ ပန်းရောင်ကတော့ မဝတ်သလောက်ကို ရှားသွားပြီပေါ့။

ဆက်လက်ပြီး ကိုမျိုးမင်းစိုးက “ကျနော့်အမြင်ကတော့ အရောင်တောက်တွေ အရမ်းများလာတဲ့အခါ ပူလောင်လာမယ်။ သူသူကိုယ်ကိုယ်ပါပဲ။ အရောင်တောက်တွေ ၃၊ ၄နှစ် ခေတ်စားလာတဲ့အခါမှာ လူတွေက အီသွားပြီးတော့ နည်းနည်း မှိန်တာလေးကို ပြန်မြင်လာကြတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တယောက်နဲ့တယောက်တော့ အကြိုက်ချင်းတော့ မတူဘူးပေါ့။ တချို့တွေလည်း အတောက်တွေကို ကြိုက်ဆဲပါပဲ။ တချို့ကျတော့လည်း မင်္ဂလာခန်းမမှာ ကိုယ်ရောင် ကိုယ်ဝါတောက်ပနေမှ သူများထက် ထင်ပေါ်တယ်လို့ ထင်တဲ့သူတွေလည်း ရှိတယ်လေ။ Update ဖြစ်နေတဲ့ သူတွေကတော့ ဖျော့တာလေးတွေပဲ ဝတ်ကြတာများပါတယ်။” လို့ သူ့ရဲ့အမြင်ကို ဆိုပါတယ်။

မင်္ဂလာဝတ်စုံရဲ့အရောင်နဲ့ ဒီဇိုင်းရွေးချယ်ရာမှာလည်း မိမိနဲ့ လိုက်ဖက်မှုရှိတဲ့အရောင်ကို ဂရုစိုက် ရွေးချယ်ဖို့ လိုပါလိမ့်မယ်။ အသားဖြူ၊ အသားလတ်တဲ့သူက သိပ်ပြဿနာမရှိပေမယ့် ညိုသူတွေကတော့ ကိုယ်နဲ့ လိုက်ဖက်မယ့်အရောင်ကို ဂရုပြု ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။

“ဝတ်စုံအရောင်ရွေးတဲ့အခါမှာ ကျနော်က သတို့သမီးထက် သတို့သားကို ကြည့်ပြီးရွေးပါတယ်။ ကျနော့်ဆီမှာ လာအပ်ရင် သတို့သားကိုပဲ အသားမဲလား၊ ဖြူလား၊ အရပ်ပုလား၊ ရှည်လား ကြည့်ပါတယ်။ တချို့ကျတော့ သတို့သမီးက အရမ်းလှတယ်၊ ဘာနဲ့မဆို လှတယ်ပေါ့။ အဲ့လိုကျတော့ ကျနော်က သခွားရောင် ဆင်ချင်ရင်တောင် သတို့သားက မည်းနေရင် သခွားဆင်လို့ မရတော့ဘူးလေ။ အဲ့တော့ သတို့သားကိုပဲ ကြည့်ပြီးအရောင်ရွေးပါတယ်။ တော်တော်များများကတော့ ကျနော်ဆင်ပေးတဲ့အရောင်ကို ဝတ်ကြတာများပါတယ်။ ကျနော့်အနေနဲ့ဆိုရင်တော့ အရောင်ဖျော့ဖျော့လေးတွေပေါ့။ အပြာနုနုလေးကို ပန်းလေးတွေနဲ့တို့၊ အသားရောင်ဆိုရင်လည်း အသားရောင်ပေါ်မှာ ပန်းနုနုလေးတွေတို့ အဲ့လို အရောင်ဖျော့ဖျော့လေးတွေကို သဘောကျပါတယ်။ အဲ့ဒီ အရောင်လေးတွေ အကြံပေးချင်ပါတယ်” လို့ ကိုမျိုးမင်းစိုးက ပြောပါတယ်။

မင်္ဂလာဝတ်စုံ ငှားရမ်းစရိတ်အနေနဲ့က ငွေကျပ် ၁ သိန်းကနေစပြီး ၇ သိန်းခွဲ၊ ၁၀ သိန်း၊ သိန်း ၂၀ အထိရှိတယ်လို့လည်း သိရပါတယ်။ ဝတ်စုံဒီဇိုင်းနဲ့ အသုံးပြုထားသော အင်္ကျီအစပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားရခြင်းဖြစ်တယ်လို့ သိရပါတယ်။

Your Thoughts …
Tags: သီတင်းကျွတ်
ထက်ဦးဝေ

ထက်ဦးဝေ

ဧရာဝတီ

Similar Picks:

ပွဲတော်များ ပြန်လည်ကျင်းပနိုင်ရေး စစ်ကောင်စီ ပြင်ဆင်နေ

by ဧရာဝတီ
8 October 2023
1.4k

ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆယ့်နှစ်လရာသီအလိုက် ကျင်းပလေ့ရှိသည့် ပွဲတော်များအား ရပ်နားထားခဲ့ရာမှ ယခုအခါ ကျောက်ဆည်ဆင်ပွဲ၊ မန္တလေး ကျောက်တော်ကြီးဘုရားပွဲ၊ အင်းလေး ဖောင် တော်ဦးဘုရားပွဲ၊ မကွေး မြသလွန်ဘုရားပွဲ၊ ပြည် ရွှေဆံတော်ဘုရားပွဲ၊ တောင်ကြီး...

သီတင်းကျွတ်လ (အောက်တိုဘာလ) မီးထွန်းပွဲတော်

သီတင်းကျွတ်လ (အောက်တိုဘာလ) မီးထွန်းပွဲတော်

by ခင်မျိုးချစ်
29 October 2023
785

သီတင်းကျွတ်လသည် ပျော်ပွဲရွှင်ပွဲ ရာသီ တခုတည်း မဟုတ်ဘဲ မိမိတို့၏ ကျေးဇူးရှင်များကို ကျေးဇူးဆပ်ဖို့ရာ၊ ရှိခိုး ပူဇော် ဖို့ရာ သတိရစေသော အချိန်အခါလည်း ဖြစ်ပေသည်။

စစ်ပဋိပက္ခကြားက သီတင်းကျွတ်လပြည့်ည (ရုပ်/သံ)

စစ်ပဋိပက္ခကြားက သီတင်းကျွတ်လပြည့်ည (ရုပ်/သံ)

by မိုးတိမ်
18 October 2024
381

ဒါကတော့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်နီပြည်ထဲက သီတင်းကျွတ်လပြည့်နေ့ည မြင်ကွင်းပါ။

ချစ်ခင်ရသူတွေကို လက်ဆောင်ခြင်းတွေ ပေးပို့ကာ သီတင်းကျွတ်မှာ ဂါရဝပြု ကန်တော့နိုင်ပါတယ်။

သီတင်းကျွတ်မှာ လူကြီးမိဘတွေကို ဂါရဝပြု ကန်တော့ကြမယ်

by ယုဖြူဟန်
31 October 2020
26.3k

သီတင်းကျွတ်ချိန်ခါမှာ လူကြီးမိဘတွေကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် သစ်သီးတွေနဲ့ ကန်တော့နိုင်ဖို့ ဝန်ဆောင်မှုပေးနေတဲ့ နေရာတွေလည်း ရှိပါတယ်။

ပြည်တွင်း ခရီးသွားများကိုသာ မျှော်နေရသည့် ပုဂံဒေသ  / ဧရာဝတီ

ပြည်တွင်းခရီးသွားများကိုသာ မျှော်လင့်နေရသည့် မြန်မာ့ခရီးသွားလုပ်ငန်း

by ဧရာဝတီ
4 November 2022
4.4k

ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြသည့် ဟိုတယ်၊ စားသောက်ဆိုင်လုပ်ငန်း၊ ခရီးသွားလာရေအေးဂျင့်များ၊ ဧည့် လမ်းညွှန်များမှအစ အောက်ခြေရှိ မြင်းလှည်းမောင်းသူ၊ သုံးဘီးမောင်းသူ၊ ဈေးသည်များအပါအဝင် ခရီးသွားလုပ်ငန်းကို မှီခိုနေကြရသူများအားလုံး ဝင်ငွေရရှိမှု နည်းပါးလာသောကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရကြောင်း၊ အချို့ ဆိုလျှင် နယ်စပ်ဒေသနှင့်...

ယမန်နှစ်က မန္တလေးမြို့တွင် ပြုလုပ်သည့် သီတင်းကျွတ်ပွဲတော် / ဇော်ဇော် / ဧရာဝတီ

ကိုဗစ်နဲ့အတူ သီတင်းကျွတ်ကို ဖြတ်သန်းခြင်း

by ဇူးဇူး
31 October 2020
13.7k

ဒီလို သီတင်းကျွတ်ကာလ ရောက်လာတိုင်း ကိုယ့်အရပ် ကိုယ့်ဒေသအလိုက် ကျင်းပဆင်နွှဲလာခဲ့ကြပေမယ့် ဒီနှစ် သီတင်း ကျွတ်မှာတော့ ကိုဗစ်-၁၉ ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် ပုံစံအသစ်တွေနဲ့ ပါဝင်ဆင်နွှဲကြရတော့မှာ ဖြစ်သလို ပွဲလမ်း သဘင်တွေလည်း ကျင်းပဖို့ မဖြစ်နိုင်တော့ပါ။

Next Post
ပြည်တွင်းဆို ဝမ်းမနည်းပါ

ပြည်တွင်းဆို ဝမ်းမနည်းပါ

တိမ်းမှောက်သွားသည့် အမြန်ရေယာဉ်ကို ဆယ်ယူရန် ကြိုးပမ်းနေကြစဉ် / ပြေကျော် / ဧရာဝတီ

အမြန် ရေယာဉ်နစ်မြုပ်မှု ဂျာမနီသံရုံးက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.5k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate