Lifestyle

အူရီဒူးအသုံးပြုသူများ Nazara ဂိမ်းများ ဝင်ကစားနိုင်ပြီ

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ အူရီဒူးမြန်မာ Online Game Portal တခုဖြစ်တဲ့ Nazara ကို စတင်ဝန်ဆောင်မှု ပေးလိုက်ပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Nazara ဟာ ကမ္ဘာတဝှမ်းမှာရှိတဲ့ မိုဘိုင်းဖုန်းသုံးစွဲသူများနဲ့ မိုဘိုင်းဂိမ်းဝါသနာရှင်များအတွက် ရည်ရွယ်ပြီး အဆင့်မြင့် မိုဘိုင်းဂိမ်း Program များ ရေးဆွဲပြီး ကမ္ဘာကျော်လူကြိုက်များတဲ့ ဂိမ်းတွေ ဖြန့်ဖြူးပေးနေတဲ့ အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

ယခင်က Nazara Game Portal ကို မြန်မာနိုင်ငံမှာ ဆော့ကစားလို့ မရခဲ့ဘဲ ယခုအခါ အူရီဒူးမြန်မာမှ Nazara နဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်းဆောင်ရွက်လိုက်တာကြောင့် အူရီဒူး ဆင်းမ်ကတ် အသုံးပြုသူတွေ အနေနဲ့ Nazara ရဲ့ ကမ္ဘာကျော်ထိပ်တန်းဂိမ်းတွေကို ဆော့ကစားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အူရီဒူး ဆင်းမ်ကတ်အသုံးပြုသူတွေအနေနဲ့ စမတ်ဖုန်းများအတွက် Nazara Android ဂိမ်းများ၊ Feature ဖုန်းတွေအတွက် Java ဂိမ်းများနဲ့ iPone အသုံးပြုသူများအတွက် HTML ဂိမ်းများ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Nazara Game Portal မှာ နေ့စဉ်၊ အပတ်စဉ်နဲ့ လစဉ် စာရင်းသွင်းခြင်များကို ပြုလုပ်ဆောင်ရွက်နိုင်မှာဖြစ်ပြီး နေ့စဉ် ဝန်ဆောင်ခအဖြစ် တရက်ကို ၅၀ ကျပ်၊ အပတ်စဉ် ဝန်ဆောင်ခအဖြစ် တပတ်လျှင် ၃၀၀ ကျပ်နဲ့ လစဉ် စာရင်းသွင်းခအနေနဲ့ တလ ၁ဝဝဝ ကျပ် ပေးသွင်းရမယ်လို့ သိရပါတယ်။

“ကျမတို့ရဲ့ အူရီဒူးသုံးစွဲသူတွေအတွက် အခုလိုနာမည်ကြီးတဲ့ Nazarra Game Portal တခုကို မိတ်ဆက် ပေးနိုင်ခဲ့လို့ အရမ်းကျေနပ်မိပါတယ်။ ဂိမ်းဆော့ကစားခြင်းဟာ လူတိုင်းရဲ့နေစဉ်ဘဝအတွက် အပန်းဖြေနည်း တခုပါ။ စမတ်ဖုန်း၊ iPhone နဲ့ feature phone စတဲ့ ဘယ်ဖုန်းအမျိုးအစားမဆို အူရီဒူးဆင်းမ်ကတ် အသုံးပြုသူတိုင်း ကမ္ဘာတလွှား လူကြိုက်များတဲ့ Nazara ထိပ်တန်းဂိမ်းတွေကို ဆော့ကစားနိုင်တော့မှာပါ” လို့ အူရီဒူးမြန်မာရဲ့ Marketing and Communications Director ဒေါ်ပွင့်ဦးဆွေက ပြောပါတယ်။

Nazara Game Portal မှ ဂိမ်းများ Download ဆွဲခြင်းအတွက် ပုံမှန်ဒေတာ အသုံးပြုခသာ ကျသင့်မှာဖြစ်ပြီး အက်ရှင်ဂိမ်းများ၊ ကားမောင်းပြိုင်ပွဲဂိမ်းများ၊ ထိပ်တန်းရေပန်းစားနေတဲ့ ဂိမ်းများ၊ အကောင်းဆုံးမိုဘိုင်းဂိမ်းများ၊ ပစ်ခတ်ဆော့ကစားရတဲ့ ဂိမ်းများစတဲ့ ဂိမ်းအမျိုးအစား အစုံအလင်ကို Nazara Game Portal မှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အူရီဒူး သုံးစွဲသူများအနေနဲ့ http://myanmar.gamesclub.mobi ကို ဝင်ရောက်ပြီး Nazara ဂိမ်းများကို အူရီဒူး ဖုန်းဘေလ်နဲ့အတူ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Loading