Samsung ကနေ နောက်ဆုံးပေါ် စမတ်ဖုန်း မော်ဒယ်သစ် Galaxy J7 Prime နဲ့ J5 Prime တို့ကို အောက်တိုဘာလ ၂၀ ရက်နေ့က မြန်မာနိုင်ငံမှာ စတင် မိတ်ဆက်လိုက်ပါတယ်။
မျက်နှာပြင် အရွယ်အစား ၅.၅ လက်မရှိတဲ့ Galaxy J7 Prime မှာ 1080p FHD နဲ့အတူ မျက်နှာပြင်ကို 2.5D Gorilla Glass 4 နဲ့ ဖန်တီး ပြုလုပ်ထားပါတယ်။ ကင်မရာ အရည်အသွေး အနောက်ဘက် ကင်မရာ 13 Megapixel ပါဝင်ပြီး အရှေ့ဘက် Selfie ကင်မရာ အရည်အသွေး 13 Megapixel နဲ့ f/1.9 aperture,1080p အရည်အသွေးရှိ ဗီဒီယို ရိုက်ကူးနိုင်မှု တို့ပါဝင်ပါတယ်။
Galaxy J7 Prime ဖုန်းမှာ 1.6GHz octa-core Exynos 7870 processor ကို အသုံးပြုထားပြီး မမ်မိုရီ အနေနဲ့ 3GB RAM၊ 32 GB ပမာဏရှိ ဖုန်းတွင်းမှတ်ဉာဏ်နဲ့ ထပ်တိုး အသုံးပြုနိုင်တဲ့ microSD card slot တို့ ပါဝင်ပါတယ်။
ဒါ့အပြင် Home button နဲ့ တွဲဖက် အသုံးပြုရတဲ့ လက်ဗွေစနစ် ပါဝင်ပြီး ဘက်ထရီအား ပမာဏ 3,300mAh တို့ ပါဝင်ပါတယ်။
မျက်နှာပြင် အရွယ်အစား ၅ လက်မရှိတဲ့ Galaxy J5 Prime ကို HD TFT မျက်နှာပြင်နဲ့ J5 Prime ကိုလည်း J7 Prime လို 2.5D Gorilla Glass 4 နဲ့ ဖန်တီး ပြုလုပ်ထားပါတယ်။
ကင်မရာ အရည်အသွေး အနောက်ဘက် ကင်မမရာ 13 Megapixel နဲ့ အရှေ့ဘက် Selfie ကင်မရာ 5 Megapixel တို့ ပါဝင်ပါတယ်။ J5 Prime စမတ်ဖုန်းရဲ့ အရှေ့ကင်မရာမှာ f/2.2 aperture ထည့်သွင်းထားပြီး အနောက်ဘက် ကင်မရာမှာ f/1.9 aperture ထည့်သွင်းထားတယ်လို့ သိရပါတယ်။
Galaxy J5 Prime ဖုန်းကို 1.4GHz quad-core processor နဲ့ ပြုလုပ်ထားပြီး မမ်မိုရီအနေနဲ့ 2GB RAM နဲ့ ပြုလုပ်ဖန်တီးထားပါတယ်။ Original Memory16 GB ပါဝင်ပြီး ထပ်တိုး အသုံးပြုနိုင်တဲ့ microSD card slot လည်း ပါဝင်ပါတယ်။ ဘက်ထရီ အားပမာဏ 2,400 mAh ပါဝင်ပြီး J5 Prime က ဆင်းမ်ကဒ်နှစ်ကဒ် ထည့်သွင်းအသုံးပြုနိုင်တဲ့ Dula SIM အမျိုးအစားပါ။
Samsung မှ ယခု အသစ်မိတ်ဆက်လိုက်တဲ့ စမတ်ဖုန်းအသစ်များမှာ S Power Planning လုပ်ဆောင်ချက် ထည့်သွင်းပေးထားပြီး အဆိုပါ လုပ်ဆောင်ချက်က ဖုန်းခေါ်ဆိုမှုအတွက် ဘက်ထရီ အား ချန်ထားပေးခြင်း၊ ဘက်ထရီသက်တမ်းအား တိုးပေးထားခြင်းနဲ့ ဘက်ထရီ မရှိတဲ့အခါ ဖုန်းခေါ်ဆိုမှုများကို call forwarding အလိုအလျောက် ပြုလုပ်ပေးခြင်း စတဲ့ ရွေးချယ်မှု ၃ မျိုး ပါဝင်ပြီး ဖုန်းဘက်ထရီ သက်တမ်းကို ချွေတာပေးနိုင်တဲ့ လုပ်ဆောင်ချက်သစ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ Galaxy J7 Prime စမတ်ဖုန်းကို ဈေးနှုန်း ကျပ် ၃ သိန်း ၂ သောင်း ၈ ထောင်နဲ့ အောက်တိုဘာလ ဒုတိယ အပတ်မှ စတင်ရောင်းချလျက်ရှိပါတယ်။
လက်ရှိမှာ အရောင်အားဖြင့် အနက်ရောင်နဲ့ ရွှေဖြူရောင် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး မကြာခင်မှာ Pink Gold အရောင် ရရှိမယ်လို့ သိရပါတယ်။ Galaxy J5 Prime ကိုလည်း မကြာမီအချိန်အတွင်း ရောင်းချသွားမယ်လို့ သိရပါတယ်။