• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

လူရွှင်တော်ဆိုတာကတော့ ဝေဖန်မှာပဲလို့ ဆိုလိုက်တဲ့ ဟားစတိုင်လ်အဖွဲ့

by သဲသဲ
25 October 2016
in Lifestyle
A A
ဟားစတိုင်လ်အဖွဲ့ / ဟားစတိုင်လ်ကို ထောက်ခံကြသူများ / Facebook

ဟားစတိုင်လ်အဖွဲ့ / ဟားစတိုင်လ်ကို ထောက်ခံကြသူများ / Facebook

9.4k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေါ်ပေါ်ထင်ထင် ပြက်လုံးထုတ် ဝေဖန်လိုက်တဲ့အတွက် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာ ဝေဖန်ပြောဆိုခြင်းကို ခံနေရတဲ့ လူရွှင်တော် ဟားစတိုင်လ်အဖွဲ့ဟာ လူထုခေါင်းဆောင်ကို စော်ကားခြင်းမဟုတ်ဘဲ ပြည်သူနဲ့ အစိုးရကြား ပေါင်းကူးတံတားအနေနဲ့ လူထုကြားထဲက ဖြစ်ပျက်နေတဲ့အခြေအနေကို တင်ပြပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ ဧရာဝတီကို ပြောဆိုလိုက်ပါတယ်။

ကျောက်ဆည်အထက်နားက ရွာဘုရားပွဲတပွဲမှာ ဖျော်ဖြေကပြခဲ့တဲ့ အဆိုပါ ဟာသပြက်လုံးရဲ့ ဗီဒီယိုဖိုင်ဟာ မကြာသေးခင်ကာလလောက်ကမှ ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ဟားစတိုင်လ်အဖွဲ့ကိုထောက်ခံအားပေးသူများနဲ့ ရှုံချသူများဆိုပြီး ဖေ့စ်ဘုတ် Fan Page တွေပါ ပြုလုပ်လာကြတာ တွေ့ရပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
514
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
864
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

“ပြက်လုံးတခုဖြစ်လာပြီဆိုရင်တော့ ဝေဖန်မှုတွေကတော့ ရှိမှာပဲလေ။ ဦးနေဝင်း လက်ထက်မှာတုန်းကလည်း ပြောရရင် ဦးဇာဂနာတို့ပေါ့နော်။ သူတို့ပြက်ခဲ့ကြတာပဲ။ ဦးသန်းရွှေ၊ ဦးသိန်းစိန် လက်ထက်မှာလည်း ပြက်ခဲ့တာပဲ။ ကျနော်တို့က ဖြစ်ပျက်နေတာကို တင်ပြချင်တဲ့ လူရွှင်တော်အဖွဲ့ပါ။ ကိုယ်ရေး ကိုယ်တာကို တိုက်ခိုက်ချင်တဲ့ ဆန္ဒမရှိပါဘူး။ ကျနော်တို့ လေးစားခဲ့တဲ့ လူရွှင်တော်ကြီးတွေလည်း ဝေဖန် ထောက်ပြလာတာတွေရှိခဲ့တဲ့အတွက် ကျနော်တို့လည်း လိုအပ်ရင် ထောက်ပြပြောဆိုရမှာပါပဲ။ လူရွှင်တော်ဆိုတာကတော့ ဝေဖန်မှာပဲ။ ကောင်းတာကိုလည်း ကောင်းတယ်လို့ ချီးကျူးရဲသလို ဆိုးတာကိုလည်း ဝေဖန်ရမှာပါပဲ” လို့ ဟားစတိုင်လ် အဖွဲ့ဝင်တဦးဖြစ်သူ စတားကောင်းထက်က ဧရာဝတီကိုပြောပါတယ်။

လူရွှင်တော် ဟားစတိုင်လ် အဖွဲ့ဟာ NLD အစိုးရတက်လာပြီးနောက်ပိုင်း လက်ရှိအစိုးရကို ပထမဆုံးအနေနဲ့ ပေါ်ပေါ်ထင်ထင် ပြက်လုံးထုတ် ဝေဖန်ခဲ့တဲ့ လူရွှင်တော်အဖွဲ့ဖြစ်ပြီး စတားကောင်းထက်၊ ပေါက်ပေါက်၊ ဘာမီတွန်နဲ့ စံကောင်းဆိုပြီး အဖွဲ့ဝင်လေးဦး ပါဝင်ပါတယ်။

လက်ရှိမှာ အဆိုပါ လူရွှင်တော်အဖွဲ့အား လူထုခေါင်းဆောင်ကို ဝေဖန်ခဲ့မှုအတွက် ပြစ်တင်ရှုတ်ချမှုများရှိသလို တဖက်မှာလည်း ပြန်ကြားဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြန်မာ့အသံမှာ ၎င်းတို့အဖွဲ့ကို အငြိမ့် ရိုက်ကူးဖို့အတွက် ကမ်းလှမ်းခြင်း ခံရမှုတွေလည်း ရှိတယ်လို့ စတားကောင်းထက်က ဆိုပါတယ်။

လူရွှင်တော်ဆိုတာကတော့ ဝေဖန်မှာပဲ၊ ဝေဖန်တာမကြိုက်ရင်ကောင်းအောင်လုပ်ကြဖို့နဲ့ ဒီလို ဝေဖန်ပြောဆိုတာနဲ့ ပတ်သက်လို့ အပြစ်တင်စရာ တစက်မှ မရှိပါဘူးလို့ အစိုးရအဆက်ဆက် ဝေဖန်ထောက်ပြမှုပြက်လုံးတွေကြောင့် အကြိမ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရတဲ့ လူရွှင်တော် ဇာဂနာက ဆိုပါတယ်။

“လူရွှင်တော်ဆိုတာ လိုင်စင်ရှိတယ်။ လိုင်စင်ဆိုတာ ဒီမိုကရေစီရမှ ရတဲ့လိုင်စင်မဟုတ်ဘူး။ ဘုရင်လက်ထက်ကတည်းက ရခဲ့တဲ့လိုင်စင်။ အဲ့ဒီလိုင်စင်က လူရွှင်တော်ကို ဘုရင်ကိုယ်တိုင်က အပြစ်ဒဏ်ချခြင်းကနေ ကင်းလွတ်ခွင့်ပေးထားတယ်။ ဒါက အင်မတန်ဆိုးပါတယ်ဆိုတဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကတည်းက ဘုရင်ကို ပြောချင်တာ ပြောပိုင်ခွင့် လိုင်စင်ရထားတယ်။ ဒီ့အတွက်ကြောင့် လူရွှင်တော်ပြောရင် အရေးမယူရဘူး။ အင်္ဂလိပ်ဖမ်းသွားတဲ့ သီပေါမင်းလက်ထက် အထိ မြန်မာပြည်မှာ အရေးယူခံရတဲ့ လူရွှင်တော်ဆိုတာ ရှိကို မရှိခဲ့ဘူး။ နောက် ဒီမိုကရေစီစနစ်နဲ့ ကျင့်သုံးတဲ့ အင်္ဂလိပ်အစိုးရလက်ထက်မှာလည်း ဘယ်လူရွှင်တော်မှ အဖမ်းမခံရဘူး” လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး သူက “သေချာတာကတော့ ခေတ်အဆက်ဆက်မှာ လူရွှင်တော်တယောက်မှာ right တခုရှိတယ်။ အဲ့ဒါက ခေတ်အဆက်ဆက် Freedom Of Expression က လူရွှင်တော်ရဲ့အရေးကြီးဆုံး လက္ခဏာရပ်ပဲ။ တကမ္ဘာလုံးက သတင်းစာတွေ ဂျာနယ်တွေ ဧရာဝတီ သတင်းဌာန အပါအဝင် အကုန်လုံးက Freedom Of Experession ကို အကြီးအကျယ်ပြောပြောနေကြတယ်။ လူရွှင်တော်တွေ ဝေဖန်တော့မှပဲ ကင်းကိုက်သလို ထထအော်နေကြတယ်။ လူရွှင်တော်ကတော့ ဝေဖန်မှာပဲ။ Freedom Of Experession ကို လေးစားတယ်ဆိုတဲ့နိုင်ငံ၊ ဒီမိုကရေစီကို လိုချင်တယ်ဆိုတဲ့နိုင်ငံက ဝေဖန်တာကို မခံနိုင်ဘူးဆိုရင် အဲ့ဒီလူတွေချည်းသက်သက် ကျွန်းတကျွန်းပို့လိုက်ကြရင် ကောင်းမယ်။ ဇာဂနာကိုမေးရင် ဇာဂနာအဖြေကတော့ လူရွှင်တော်ဘက်က ရပ်တည်မယ်။ freedom of experession ကိုလေးစားမယ်။ လူရွှင်တော် Right ကိုတော့ တသက်လုံး ကာကွယ်သွားမယ်” လို့ လူရွှင်တော် ဇာဂနာက သူ့ရဲ့အမြင်ကို ပြောဆိုပါတယ်။

တနှစ်သားတောင် မရှိသေးတဲ့ လက်ရှိအစိုးရအပေါ် စောင့်ကြည့်ပြီး ကူညီသင့်ရင် ကူညီ၊ ဝန်းရံသင့်ရင် ဝန်းရံရမယ်လို့ ခေတ်အဆက်ဆက် အစိုးရအပေါ် ပြက်လုံးထုတ်ဝေဖန်ခဲ့ဖူးတဲ့ မန္တလေးမှ လူရွှင်တော် ဦးချစ်စရာ က ပြောဆိုပါတယ်။

“ဒီအစိုးရက ကိုယ်တိုင်တင်တဲ့ အစိုးရလေ။ နောက်ပြီးတော့ သူတို့အလုပ်လုပ်နေတာပဲ။ မလုပ်တာမှ မဟုတ်ဘဲ။ အမွေဆိုတာ မိသားစုအမွေတောင် ရှင်းရခက်တယ်လေ။ ဒါက နိုင်ငံအမွေလေ။ အရင်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ လက်ကျန်တွေကို သူတို့က အခုမှ ဖာရထေးရ ဖုံးရဖိရ ပြုရပြင်ရတုန်းလေ။ ဒီအပေါ်မှာ အဲ့ဒီလို သွားတိုက်ခိုက်တယ်ဆိုတာ ကလေးတွေက မှန်တာပြောရရင် နိုင်ငံရေးအသိတွေ တော်တော်အားနည်းပါတယ်။ ဒီကလေးတွေက ကျနော့်ရဲ့ ကလေးတွေပါပဲ။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်အသံတော့ မဖြစ်နိုင်ဘူးလို့ ကျနော် နားလည်လိုက်ပါတယ်” လို့ ဦးချစ်စရာ က သူ့ရဲ့အမြင်ကို ပြောပါတယ်။

ဒါ့အပြင် ခေတ်ရဲ့အရွေ့ကို နားမလည်ရင် ကိုယ်ကဓားစာခံဖြစ်သွားတတ်ကြောင်းနဲ့ တကယ်လို့များ လက်ရှိအစိုးရဘက်က ချို့ယွင်းချက်၊ အားနည်းချက်ရှိလာပြီဆိုရင်တော့ သူတို့ကိုယ်တိုင်လည်း ပြောဆိုမှာဖြစ်ကြောင်း ဦးချစ်စရာက ဆက်ပြောပါတယ်။

Your Thoughts …
Tags: ပြက်လုံး
သဲသဲ

သဲသဲ

ဧရာဝတီ

Similar Picks:

ဝါရင့် လူရွှင်တော်ကြီး မေတ္တာ  / U Aung Myo Shein

သံချပ်များဖြင့် ပရိသတ်ကို ရယ်မောစေခဲ့သူ လူရွှင်တော်ကြီး မေတ္တာ

by ဧရာဝတီ
4 August 2021
31.9k

မေတ္တာ ကွယ်လွန်ခြင်းသည် ရုပ်ရှင်၊ သဘင်၊ စာပေနယ်ပယ်များတွင်သာမက သင်္ကြန်သံချပ်သမားတို့၏ အစားထိုးမရသော ဆုံးရှုံးမှုဖြစ်သည်

လူရွှင်တော် မန်းဝင်းရဲ့ နာရေးအိမ် မြင်ကွင်း

တသက်မမေ့နိုင်စရာ ပြက်လုံးများကို ချန်ရစ်ခဲ့သူ လူရွှင်တော် မန်းဝင်း

by ယုဖြူဟန်
16 July 2020
47.3k

“သူကအရင်သွားနှင့်တာပေါ့။ ဘာပဲပြောပြော ဘဝအမောတွေက လွတ်သွားပြီပေါ့။ ကျနော်တို့က ဒီလောကဓံခံရင်းနဲ့ ကျန်ခဲ့ကြမှာပေါ့”

လူရွှင်တော်ကြီး ဦးမန်းဝင်း  / ဧရာဝတီ

ပိုက်ဆံ မရရင် နေပါစေ၊ ပွဲတွေမှာ ပြက်လုံးတွေ ပြက်ချင်သေးတဲ့ လူရွှင်တော် မန်းဝင်း

by ယုဖြူဟန်
28 January 2019
37.9k

“နေ့တိုင်းကို ဘယ်လိုဖြတ်သန်းလဲဆိုရင် ကိုယ့်ကိုယ်ကိုယ် သေတောင်သေချင်တယ်။ ဘာလို့သေချင်လဲဆိုရင် ကိုယ်လုပ်ချင်တာလည်း မလုပ်ရဘူး။ ပရိသတ်ကိုလည်း ဟာဒယရွှင်ဆေးလည်း မတိုက်ကျွေးရဘူး။

Next Post
၂၀၁၄ ခုနှစ်တွင် ထိုင်းစစ်တပ်မှ ဒုက္ခသည်ဦးရေ စစ်တမ်း ကောက်ယူစဉ်  / Reuters

ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် ပထမအသုတ် အိမ်ပြန်ပြီ

မောင်တောမြို့နယ်အတွင်း လုံခြုံရေးတာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များ / Reuters

ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေး စွပ်စွဲချက်များ စုံစမ်းရန် ကုလသမဂ္ဂ တောင်းဆို

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.5k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate