Lifestyle

Smartwatch တွေ ရောင်းအားထိုးကျနေဟု ဆို

ဈေးကွက် လေ့လာဆန်းစစ်ရေးအဖွဲ့ IDC ရဲ့ နောက်ဆုံး အစီရင်ခံစာအရ Smartwatch (စမတ်နာရီ) တွေ ရောင်းအား ၅၁.၆ ရာခိုင်နှုန်း ကျဆင်းလာတယ်လို့ ဆိုပါတယ်။ Apple ထုတ် Smart နာရီတွေကတော့ ဈေးကွက်ကို ဦးဆောင်နေဆဲ ဖြစ်ပေမယ့် ၂၀၁၆ တတိယကာလ ဇူလိုင်ကနေ စက်တင်ဘာအတွင်း ရောင်းချရမှုဟာ ယူနစ် ၁ သန်းပဲ ရှိတယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ် တတိယကာလက ရောင်းချရမှု ၃.၉ သန်းနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

ဈေးကွက်မှာ ပေါက်တဲ့ Smart နာရီ Brand ၅ ခုအနက် Garmin အမှတ်တံဆိပ်တခုသာ ရောင်းအား ရှိနေပေမယ့် ရာခိုင်နှုန်းအားဖြင့် နည်းနေပါသေးတယ်။ စမတ်နာရီ အမျိုးအစားသစ်တွေ ထွက်ဖို့ ရှိနေလို့ ဒီလို ရောင်းအား အေးနေတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

Apple ရဲ့ နောက်ဆုံးထုတ် စမတ်နာရီတွေမှာ ကိုယ်ကာယ လေ့ကျင့်ခန်းအတွက်ပါ ထည့်ပေးထားပြီး ဈေးကလည်း gold edition ဆိုရင် ဒေါ်လာ ၁ သောင်းလောက်အထိ ရှိပေမယ့် ဆက်ပြီး ထုတ်တာ မတွေ့ပါဘူး။ ဗားရှင်းအသစ်ဟာ ရေကူးရာမှာလည်း အထောက်အကူရဖို့ ဝတ်ဆင်ထားနိုင်ပြီး special edition ကို Nike နဲ့ ပါတနာလုပ်ကာ ဖန်တီးထားပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။

Apple ကတော့ သူရဲ့ နောက်ဆုံးထွက် စမတ်နာရီနဲ့ တခြားသော အလှပတ် စွမ်းဆောင်ရည်နည်းသော စမတ်နာရီတွေထက် သင့်တော်မှု၊ အသုံးဝင်မှုတို့ဖြင့် နေရာယူထားပါတယ်။

ဆမ်ဆောင်ကလည်း စမတ်နာရီသစ် ထွက်ဖို့ ရှိနေပါတယ်။
အနှစ်ချုပ်ရရင် Apple ရဲ့ စမတ်နာရီရောင်းအားဟာ တနှစ်ထက်တနှစ် ကျဆင်းလာတာ ၇၁.၆ အထိ ဖြစ်လာပါတယ်။ Garmin ကတော့ ရောင်းအား အတက်အဖြစ် ဝ.၆ သန်း ပြနေပါတယ်။ မနှစ်က ဝ.၁ သန်းပါ။ ဆမ်ဆောင်ရဲ့ Gear နဲ့ Gear2 နာရီတွေကတော့ ၂၀၁၅၊ ၂၀၁၆ မှာ ရောင်းအား ဝ.၄ သန်း ရှိပါတယ်။

Lenovo ရဲ့ Moto 360 ကတော့ ရောင်းအားအကျဆုံးဖြစ်ပြီး ၇၃.၃ ရာခိုင်နှုန်းအထိ ကျဆင်းနေပါတယ်။ Pebble ကတော့ သူ့ရောင်းအားက ဝ.၂ သန်းကနေ ဝ.၁ သန်း ကျသွားတယ်လို့ ပြပါတယ်။
ကိုးကား – BBC, Apple.com

Loading