Lifestyle

ချစ်သူကိုချစ်လို့ လက်ထပ်ဖြစ်တာပါလို့ဆိုတဲ့ သရုပ်ဆောင် မြင့်မြတ်

သရုပ်ဆောင် မြင့်မြတ်က သူ့ရဲ့ချစ်သူနဲ့ လာမယ့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ လက်ထပ်ပွဲ ပြုလုပ်တော့မယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ဖေဖော်ဝါရီကျရင် ကျနော်တို့ မင်္ဂလာလက်ထပ်ပွဲရှိပါတယ်။ ကျနော်လက်ထပ်မယ့်သူနာမည်က မခင်သူအောင်ပါ။ သူက အေးဆေးသမားပါပဲ။ ကျနော်တို့ကြိုက်ခဲ့တာ ချစ်သူသက်တမ်း ၅ နှစ်လောက်ရှိပါပြီ။ လက်ထပ်ဖြစ်တာလည်း သူ့ကိုချစ်လို့ပေါ့”လို့ သရုပ်ဆောင် မြင့်မြတ်က ဆိုပါတယ်။

သရုပ်ဆောင်မြင့်မြတ်နဲ့ သူ့ချစ်သူတို့ဟာ သြဂုတ်လမှာတုန်းက Pre Wedding ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ပရိသတ်စိတ်ဝင်စားမှုခံခဲ့ရပါသေးတယ်။

သရုပ်ဆောင် မြင့်မြတ်
သရုပ်ဆောင် မြင့်မြတ်

ဆက်လက်ပြီး သရုပ်ဆောင်မြင့်မြတ်က သူတို့ရဲ့မင်္ဂလာပွဲကိုတော့ ၃ ပွဲပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း အသိပေး ပြောကြားခဲ့ပါတယ်။ မြင့်မြတ်က လက်ရှိမှာ ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးမယ့် “အယူတော် မင်္ဂလာ” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး ဒီနှစ်အတွင်း သူပါဝင်သရုပ်ဆောင်ထားတဲ့ “ခိုးဆိုးလုနှိုက်” ရုပ်ရှင်ဇာတ်ကားနဲ့လည်း အကယ်ဒမီရမယ်လို့ ထင်ကြေးပေးခံထားရသူတဦးလည်းဖြစ်ပါတယ်။

အကယ်ဒမီနဲ့ပတ်သက်လို့ မြင့်မြတ်က “ကျနော့်ကို ရစေချင်ကြလို့ ပြောနေကြတာပေါ့နော်။ ရခြင်းမရခြင်းကတော့ ကျနော့်ရဲ့ ကုသိုလ်ကံပါပဲ” လို့ ဆိုပါတယ်။ ဒါ့အပြင့် မြင့်မြတ်က Dragon ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ထူထောင် ထားပြီး စိတ်ကြိုက် ရုပ်ရှင်ဇာတ်ကားများကိုလည်း ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Loading