ပြည်တွင်းမှာ Showroom ဖွင့်လှစ်ရောင်းချနေတဲ့ Kia ရဲ့ SUV မော်ဒယ်တခုဖြစ်တဲ့ Sorento လည်း ပြင်ပဈေးကွက်မှာ ရနိုင်နေတာကြောင့် တကယ်လို့ Brand New လောက်ထိအောင် ဝယ်ဖို့ တွေးမထားသူတွေအတွက် အဆင်ပြေအောင် ပြောပြချင်ပါတယ်။
မော်ဒယ်မြင့် ကီလိုနည်း အနေအထားနဲ့ ဈေးကွက်ဝင်နေတာ ဖြစ်ပြီး အရောင်းပြခန်းနဲ့စာရင် အားနည်းချက်ရှိနေတာက အရောင်ပိုင်း ရွေးချယ်နိုင်မှုဖြစ်ပြီး အားသာချက်ကတော့ ဈေးချိုချိုနဲ့ ရနိုင်တာပဲ ဖြစ်ပါတယ်။
မော်ဒယ်က ပုံမှန် SUV တွေလို အင်ဂျင်အကြီးစား တပ်ဆင်ထားတာ မဟုတ်ဘဲ ၁.၃ လီတာသုံးပဲ တပ်ဆင်ထားပြီး တချက် က မြို့တွင်းသုံး မော်ဒယ်အနေနဲ့ သုံးလိုသူတွေ အတွက်ပဲ အဆင်ပြေနိုင်ပါလိမ့်မယ်။
လူကြိုက်များ RVR လို မော်ဒယ်တောင်မှ ၁.၈ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရသလို Kluger လို မော်ဒယ် တွေကတော့ အဲဒီထက် အင်ဂျင်အရွယ် ပိုမိုကြီးမားအောင် တပ်ဆင်ထားတာကြောင့် နယ်ဘက်ထိအောင် လူကြိုက်များတာ လည်း တွေ့ရပါတယ်။
အခု ၁.၃ လီတာသုံး အင်ဂျင်တပ် အနေအထားကတော့ SUV မော်ဒယ်လည်း ဖြစ်လို့ မြို့တွင်းသုံးအတွက် ပိုပြီး သင့်တော် ပါတယ်။
အပြင်ဈေးကွက်မှာ ရနိုင်နေတဲ့ Sorento တွေနဲ့ အားသာချက် နည်းနည်းလောက် ပြောရမယ်ဆိုရင် မော်ဒယ်သင့် အနေအ ထားကို ဈေးချိုချိုနဲ့ ရနိုင်မယ်။ ကီလိုအနည်းငယ်ပဲ သုံးထားသေးတာကြောင့် အသစ်နီးပါး ဖြစ်နေဦးမယ်။ ဆေးသား၊ အ တွင်းခန်း၊ တပ်ဆင်ပစ္စည်း၊ အပိုဘီး၊ အထိုင်၊ အားလုံး အော်ရီဂျင်နယ်တွေ အနေနဲ့ပဲ ရနိုင်မယ်၊ ဒါဆိုရင်တော့ မဆိုးလှပါ ဘူး။
Auto စနစ်နဲ့ သွားမှာဖြစ်ပြီး အထွက်မှာ ညင်သာတယ်၊ ဂီယာချက် ပြောင်းလဲ အသုံးပြုမောင်းနှင်ရမှု ကောင်းမွန်တယ်။ တချက်ပဲ သဘောမကျချင်တာက မြန်နှုန်းမြင့် မောင်းနှင်နေချိန်မှာ အင်ဂျင်က ဆူညံသံ နည်းနည်းထွက်ချင်တာပဲ ရှိပါတယ်။
ဒါကလည်း Used အနေနဲ့ ဈေးကွက် ဝင်နေတာဖြစ်လို့ အရမ်းကြီးတော့လည်း အပြစ်ပြောလို့ မရပြန်ပါဘူး။ နောက်တချက် ဈေးချိုနေရတဲ့ အကြောင်းရင်းက ဘယ်မောင်းမော်ဒယ်တွေ ဈေးကွက်ဝင်နေလို့ပါ၊ ပြည်တွင်းမှာက ညာမောင်း မော်ဒယ်ပဲ လူကြိုက်များတာကြောင့် ဘယ်မောင်း Sorento ကို ဈေးချိုချိုနဲ့ ရနိုင်နေတာပါ။
ရန်ကုန်လို လမ်းကျပ်ကျပ်မှာ သုံးမယ်ဆိုရင်လည်း အိမ်စီးပုံစံဆိုရင် ဘယ်မောင်းက အဆင်ပြေပါတယ်၊ နယ် ဝယ်လက် အတွက်ကတော့ လမ်း ဒီလောက် မရှုပ်တာကြောင့် ဘယ်မောင်းလည်း အဆင်ပြေမှာပါ။
Power Steering စနစ်ကြောင့် လက်ကိုင်ပိုင်းက အထူးတည်ငြိမ်တာ တွေ့ရပါတယ်။ လမ်းကျဉ်းကွေ့တွေ ထိအောင် စိတ် ကြိုက်ဆွဲကွေ့နိုင်တာ တွေ့ရပါတယ်။
ဒီဇယ်အင်ဂျင်စနစ်က အရွယ်သေးပေမယ့် ရုန်းအား ပိုမိုကောင်းစေပြီး လမ်းကြမ်းပိုင်း စွမ်းဆောင်ရည်လည်း ကောင်းမွန် စေပါတယ်။ Air-Con က အသစ်အတိုင်း ဖြစ်မယ်၊ TV-DVD လို ဖျော်ဖြေရေးအပိုင်းက မူရင်းပစ္စည်းတွေ ဖြစ်မယ်။ ထိုင်ခုံ စွပ်၊ အောက်ခင်း အားလုံးထည့်ပြီး၊ ထိုင်ခုံသားတွေက အထည်ဦးစားပေး ဖန်တီးထားပေမယ့် မော်ဒယ်မြင့်ဖြစ်လို့ မဆိုးလှ ပါဘူး။
ဈေးကွက်မှာတော့ ၂၀၁၀ ခုနှစ်ထုတ် အနက်ရောင် ကီလို ၁သောင်းပဲ ရှိသေးတဲ့ Sorento ကို သိန်း ၃၅၀ခေါ်တာ တွေ့ရပါ တယ်။
ဒီဇယ်အင်ဂျင်၊ ဘယ်မောင်း၊ အနက်တမျိုးတည်း ရနိုင်တယ်ဆိုတဲ့ အချက်က မော်ဒယ်ကို ဈေးချိုနေတာဖြစ်ပြီး အရောင်း ပြခန်းလည်း ရှိနေတဲ့ အနေအထားမှာ ရောင်းလက်က ဈေးမမာထားနိုင်ပါဘူး။ ဈေးအကျဘက်မှာ ရှိတာကြောင့် ရွေးချယ် စေချင်ပါတယ်။