စာပေဆိုင်ရာ နိုဗဲလ်ဆုကို ဒီလအစောပိုင်းက ရရှိခဲ့ပေမယ့် တုံဏှိဘာဝေ နေခဲ့တဲ့ အမေရိကန် အဆိုတော်၊ သီချင်းရေးဆရာ ဘော့ ဒီလန်က သူဟာ နိုဗဲလ် ဆိုကို လက်ခံရယူပါတယ်လို့ အခု ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဘာပြောရမှန်း မသိအောင် ဖြစ်ရပါတယ် လို့ ဘော့ ဒီလန်က ပြောဆိုကြောင်း နိုဗဲလ် ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီဇင်ဘာမှာ စတော့ခ်ဟုမ်းမှာ ကျင်းပမယ့် ဆုပေးပွဲကို တက်ရောက်ဖို့ ဆုံးဖြတ်ခြင်း ရှိမရှိကိုတော့ ဖောင်ဒေးရှင်းအနေနဲ့ မသိသေးဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် UK က သတင်းဌာနတွေ အဆိုအရတော့ ဘော့ ဒီလန်ကို ဆုကို တတ်နိုင်သမျှ လူကိုယ်တိုင် လာယူဖို့ ကြိုးစားမယ်လို့ ဆိုကြပါတယ်။
ပြောင်မြောက်တဲ့ အမေရိကန် သီချင်းတွေမှာ ကဗျာဗန္ဓရတွေနဲ့ နှောင်ဖွဲ့ဆန်းသစ်နိုင်မှုကြောင့် နိုဗဲလ်ဆု ချီးမြှင့်ကြောင်း အောက်တိုဘာ ၁၃ ရက်နေ့မှာ နိုဗဲလ် ဖောင်ဒေးရှင်းက ကြေညာခဲ့ပါတယ်။
ဒါပေမယ့် ဘော့ ဒီလန်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့တာကြောင်း အားလုံး အံ့အား သင့်ခဲ့ကြရပါတယ်။ အဲဒီလို ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့လို့ ဖောင်ဒေးရှင်း အဖွဲ့ဝင်တဦးက မယဉ်ကျေးခြင်း၊ မာနကြီးခြင်းအဖြစ် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အောက်တိုဘာ ၂၈ ရက်နေ့မှာ ဘော့ ဒီလန်ဟာ ဆွီဒင် အကယ်ဒမီက အတွင်းရေးမှူး ဆာရာ ဒါနီးယက်စ်ကို ဖုန်းခေါ်ပြီး “နိုဗဲလ်ဆု ရတဲ့ သတင်းဟာ ကျနော့်ကို ဘာပြောရမှန်း မသိအောင် ဖြစ်စေခဲ့ပါတယ်၊ ချီးမြှင့် ဂုဏ်ပြုမှုကို အများကြီး ကျေးဇူးတင် ဝမ်းမြောက်ပါတယ်” လို့ ပြောဆိုခဲ့ကြောင်း နိုဗဲလ် ဖောင်ဒေးရှင်းက ထုတ်ပြန်ပါတယ်။
UK က ဒေးလီး တယ်လီဂရပ်ဖ်ကတော့ ဘော့ ဒီလန်က ယုံကြည်ဖို့ ခက်လှပါတယ်။ ဒါမျိုးဆိုတာ လူတိုင်း အိပ်မက် မက်ကြတာပါလို့ ပြောကြောင်း ကိုးကား ဖော်ပြပါတယ်။
ကိုးကား
-BBC
-Daily Telegraph