တကယ်လို့ သင့်ကားမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ မီးခိုးလိုက်နေပြီ ဆိုရင်တော့ အောက်မှာ ပြောထားတဲ့ အချက်တွေထဲက တခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။ ဒီအတွက် ပြစ်ချက်ရှာပြီး အမြန်ဆုံး ပြင်ဆင်လိုက်မယ် ဆိုရင် အားလုံး အဆင်ပြေသွားမှာပါ။ တချို့အချက်တွေက ပြစ်ချက်ကြီးနိုင်ပေမယ့် အဆင်မသင့်လို့လည်း မီးခိုးလိုက်တာမျိုးတွေ ဖြစ်နိုင်လို့ ကားမှာမီးခိုး လိုက်ရုံနဲ့တော့ အရမ်းကြီး စိတ်မပူသင့်ပါဘူး။
၁ – Plugမကောင်းတော့ရင်လည်း မီးလိုက်မမှန်လို့ မီးခိုး အနည်းငယ် လိုက်တတ်ပါတယ်။ Plug ရဲ့ အားနည်းချက်ကတော့ အင်ဂျင်ပေါက်ကွဲချက် ပုံမှန်ဖြစ်၊ မဖြစ်ကို နားထောင်ပြီး သိနိုင်ပါတယ်။
၂ – အင်ဂျင်ဝိုင် အရည်အသွေး မပြည့်တော့လို့လည်း မီးခိုး အနည်းငယ် လိုက်တတ်ပါတယ်။ ဒီအချက်က အင်ဂျင်ဝိုင် သက်တမ်းနဲ့ ပျစ်ရည် အနေအထားကို ကြည့်ပြီး ပြစ်ချက် ရှာနိုင်ပါတယ်။
၃ – ခရီးဝေး တဆက်တည်း မောင်းနှင်မှုကြောင့်လည်း မီးခိုးလိုက်နိုင်ပါတယ်၊ ၁.၃ လီတာသုံး အင်ဂျင်တပ် အိမ်စီးကားတွေ အနေနဲ့ မိုင် ၁၀ဝ ထက်ပိုပြီး တဆက်တည်း မမောင်းသင့်ပါဘူး။ အနည်းဆုံး နာရီဝက် အနားပေးသင့်ပါတယ်။
၄ – စက်သုံးဆီ မသန့်ရှင်းမှုကြောင့်လည်း မီးခိုးလိုက်တတ်ပါတယ်။ ဆီစစ်ဗူးတွေ အားနည်းလို့လည်း စက်သုံးဆီ မသန့်ရှင်းမှုကို ဖယ်ထုတ်ပေးနိုင်မှု အားနည်းလို့ ဖြစ်တတ်ပါတယ်။
၅ – စက်မနှိုးတာ ကြာပြီဖြစ်လို့ မီးခိုး အထွက်များတတ်ပါတယ်၊ မစိုးရိမ်ပါနဲ့၊ ပုံမှန် ပြန်ပြီး တပတ်ခန့် စီးနင်းလိုက်ရင် လည်ပတ်မှု ပြန်မှန်သွားတတ်ပါတယ်၊ ဒါပေမယ့် တပတ်ခန့်အတွင်း မီးခိုး လိုက်တာ မပျောက်ရင်တော့ ဆိ်ုင်မှာ စစ်ဆေးသင့်ပါတယ်။
၆ – Ring and Piston ကျရင်လည်း မီးခိုးလိုက်နိုင်ပါတယ်၊ ဒီအတွက်ကတော့ အမြန်ဆုံး ပြင်ဆင် လဲလှယ်လိုက်ပါ။ မပြင်သေးဘဲ ဆက်လက် အသုံးပြုနေဦးမယ် ဆိုရင် အင်ဂျင်အတွင်းခန်းကို ပျက်စီးမှု ပိုစေနိုင်ပါတယ်။
၇ – ဂီယာအုံပိုင်းမှာ အားနည်းချက် ရှိတာကြောင့် ကားအဆွဲ မမှန်ဘဲ အင်ဂျင် အလုပ်ပိုများစေပြီး မီးခိုး လိုက်တတ်တာမျိုးလည်း ရှိပါတယ်။ သူ့အတွက်ကတော့ ကျွမ်းကျင် ပြင်ဆိုင်မှာ ပြသ စစ်ဆေးတာ အကောင်းဆုံး ဖြစ်ပြီး အလွယ်အနေနဲ့ ကိုယ်တိုင် အာရုံခံ နိုင်မယ့် အချက်တချက်က လီဗာနင်းပေမယ့် ကားက မပြေးတော့တာမျိုး ဆိုရင် ဂီယာပိုင်းမှာ ပြစ်ချက် ရှိနေနိုင်တာ ဖြစ်ပါတယ်။ ပြင်ဆင်ဖို့ကတော့ ကိုယ်တိုင် ပြင်ဆင်ဖို့ အလွယ်နည်း မရှိလို့ ဆိုင်မှာပဲ ပြင်ဆင်သင့်ပါတယ်။