Lifestyle

အချစ်ဆိုတာ ထပ်ပြီး မပေါ်သေးပါဘူးဆိုတဲ့ ရဲလေး တကိုယ်တော်အခွေသစ် ထွက်မည်

Want create site? Find Free WordPress Themes and plugins.

အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အဆိုတော်ရဲလေးရဲ့ “အောင်မြင်မှု ခရီးစဉ်” လို့ အမည်ပေးထားတဲ့ ၈ ခွေမြောက် တကိုယ်တော် တေးစီးရီးဟာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။

ဒီ “အောင်မြင်မှု ခရီးစဉ်”တေးစီးရီးထဲမှာ အဆိုတော် ရဲလေးက သူ့ရဲ့ အောင်မြင်ခဲ့တဲ့ အချစ်သီချင်း ပုံစံမျိုးတွေပါဝင်မှာဖြစ်ပြီး ဒီ တေးစီးရီးနဲ့ပတ်သက်လို့  ရဲလေးက “ ဒီအောင်မြင်မှု ခရီးစဉ်ဆိုတာကို ပေးဖြစ်တာက ကျနော်အခွေထဲမှာတော့ ဒီနာမည်နဲ့ သီချင်းမပါပါဘူး။ တမင်သက်သက် ပေးလိုက်တာပါ။ အောင်မြင်မှုတွေကို ထပ်ခါထပ်ခါ ယူမယ်ဆိုတဲ့ သဘောပါပဲ။ အခုက ကျနော်လိုချင်တဲ့ Target ကို မရောက်သေးပါဘူး။ ကျနော်လိုချင်တဲ့ Target ရရင်တော့တမျိုးပေါ့နော်။ ကျနော့် ပရိသတ်အတွက် ကျနော်ဆက်ပြီး ရှိနေမယ်ဆိုတဲ့ သဘောပါပဲ။ ကိုယ်သွားမယ့်ခရီးစဉ်မှာ အောင်မြင်မှုကို လိုချင်ကြတာပဲ။အောင်မြင်တာလဲရှိမယ်။ ရှုံးနိမ့်တာလဲ ရှိမယ်။ ဒီအခွေထဲမှာ ကျနော်အရင်တုန်းက အောင်မြင်ခဲ့တဲ့ တတိယကာရံ၊ ရိုးမြေကျ လို Hip Hop နဲ့ R&B သီချင်းတွေလိုမျိုး ပါဝင်ပါမယ်” လို့ ဧရာဝတီကို ပြောပါတယ်။

“အောင်မြင်မှု ခရီးစဉ်” တေးစီးရီးအတွက် အချိန် တစ်နှစ်ခွဲကျော်ကြာ အချိန်ပေး စီစဉ်ခဲ့ရပြီး  ဒီ တေးစီးရီးမှာ သီချင်း ၁၃ ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။

ရဲလေးက အခုချိန်မှာ တကိုယ်ရေ တယောက်တည်း အဖြစ်တွေ့ရတဲ့အတွက် အချစ်သစ်နဲ့ ပတ်သက်လို့ ထပ်မံရှာဖွေဖြစ်ဦးမလားလို့ မေးမြန်းတဲ့အခါမှာ “လက်ရှိမှာတော့ ကျနော်အတွက် အချစ်ဆိုတာ ထပ်ပြီးမပေါ်သေးပါဘူး။ ဒါပေမယ့် ထမင်းတော့အကုန်စားပါတယ်။ စကားကိုတော့ကျနော် ကုန်အောင် မပြောချင်သေးပါဘူး။ အားလုံးကလည်း ကျနော်တယောက်တည်း lonely ဖြစ်တာကို မခံစားနိုင်ကြဘူးထင်ပါတယ်။ အချစ်သစ်တော့ရှာတဲ့၊ ရှာရင်လည်း သုံးယောက်လောက်ရှာဆိုပြီး ပြောကြတယ်။ အမလေး မလုပ်ပါနဲ့လို့ ကျနော့် Fan တွေအတွက် အချိန်မရှိဘူး ဖြစ်သွားပါဦးမယ်လို့ လောလောဆယ်မှာတော့ ကျနော့် မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ သွားတယ်၊လာတယ်။ စားတယ် ပျော်စရာရှိရင်ပျော်တယ် သီချင်းတွေဆိုတယ် ကိုယ်လုပ်ချင်တာလုပ်လို့ရတယ် နောက်ဆံတင်းရမယ့်သူ မရှိဘူးလေ။ အမေက လွဲလို့ပေါ့” လို့လည်း သူက ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading