Huawei ဖုန်း ကုမ္ပဏီမှ Huawei ဖုန်း သုံးစွဲသူများအတွက် နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ၂ လကြာ ကျင်းပပြုလုပ်မယ့် Huawei Carnival 2016 ပရိုမိုးရှင်းအစီအစဉ်ကို စတင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ Huawei Carnival 2016 ပွဲတော်ကာလအတွင်းမှာ သုံးစွဲသူများအနေနဲ့ မိမိကိုယ်တိုင်အတွက် Huawei ဖုန်း ဝယ်ယူတာပဲဖြစ်ဖြစ်၊ မိမိ ချစ်ခင်သူများအတွက် လက်ဆောင်ပေးလိုတာပဲဖြစ်ဖြစ် ဈေးနှုန်း ထိုက်ထိုက်တန်တန်နဲ့ လက်ဆောင်ပစ္စည်းများ ရရှိနိုင်မယ့် ပရိုမိုးရှင်းအစီအစဉ်တွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ပရိုမိုးရှင်း အစီအစဉ်အတွင်းမှာ Huawei ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်း မော်ဒယ်လ်တွေ ဖြစ်တဲ့ P9, P9lite, GR5, GR5 Mini, Y6 တို့ ပါဝင်မှာ ဖြစ်ပါတယ်။
Huawei P9 ဝယ်ယူသူများအနေနဲ့ ၁ သိန်း ၉ ထောင်ကျပ်တန် ၇ လက်မ အရွယ်ရှိတဲ့ Media Pad T1 တလုံး လက်ဆောင် ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Ooredoo ဆင်းမ်ကတ်နဲ့ လစဉ် ဖုန်းဘေလ် ငွေကျပ် တသောင်းဖြည့်လျှင် ၁၇,၀၀၀ ကျပ် အပိုဆုအနေနဲ့ ရရှိမှာဖြစ်ပြီး စုစုပေါင်း ၁၂,၀၀၀ ကျပ် ရရှိမယ့် Ooredoo package ကတော့ ၆ လ ဆက်တိုက် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
Huawei P9lite ဝယ်ယူသူများအနေနဲ့ 32GB SD ကတ်နဲ့ Selfie Stick တို့ လက်ဆောင် ရရှိမှာဖြစ်ပြီး Huawei GR5 ဝယ်ယူသူတွေအနေနဲ့ 32GB SD ကတ်နဲ့ Gift Box၊ Huawei GR5 Mini ဝယ်ယူသူများအနေနဲ့ 16GB SD ကတ်နဲ့ Gift Box၊ Huawei Y6II ဝယ်ယူသူများအနေနဲ့ 16GB SD ကတ် တို့ကို အသီးသီး ရရှိမှာ ဖြစ်ပါတယ်။
Huawei P9 မှာ ၅.၂ လက်မ FHD မျက်နှာပြင်၊ 3GB RAM၊ 32GB ROM၊ Leica ကင်မရာနဲ့ ပူးပေါင်းထားတဲ့ 12 Mega Pixel အနောက်ကင်မရာ ၂ လုံး၊ 8 Mega Pixel အရှေ့ကင်မရာနဲ့ 3,000 Mah ဘက်ထရီတို့ ပါဝင်ပြီး အရောင်အားဖြင့် Rose Gold အရောင်၊ ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင် တို့ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ P9 ဈေးနှုန်းက ၅ သိန်း ၅ သောင်း ၉ ထောင် ကျပ်ပါ။
Huawei P9lite က ၅.၂ လက်မ FHD မျက်နှာပြင်၊ 3GB RAM၊ 16GB ROM၊ 13 Mega Pixel အနောက် ကင်မရာ၊ 8 Mega Pixel အရှေ့ကင်မရာနဲ့ 3,000 Mah ဘက်ထရီတို့ ပါဝင်ပြီး အရောင်အားဖြင့် ရွှေရောင်၊ အဖြူရောင်၊ အမည်းရောင်တို့ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် ၂ သိန်း ၇ သောင်း ၉ ထောင် ကျပ်နဲ့ ဝယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။
၅.၅ လက်မအရွယ် FHD မျက်နှာပြင်ရှိတဲ့ Huawei GR5 ကိုတော့ 2GB RAM၊ 16GB ROM နဲ့ 13 Mega Pixel အနောက်ကင်မရာ၊ 5 Mega Pixel အရှေ့ကင်မရာ၊ 3,000 Mah ဘက်ထရီတို့ ပါဝင်ပြီး အရောင်အားဖြင့် ရွှေရောင်၊ ငွေရောင်တို့ ဝယ်ယူရရှိနိုင်မယ်လို့ သိရပါတယ်။ GR5 ဈေးနှုန်းက ၂၂၉,၀၀၀ ကျပ် ဖြစ်ပါတယ်။
Huawei GR5 Mini ကတော့ မျက်နှာပြင်အရွယ်အစား ၅.၂ လက်မ FHD ရှိပြီး ၊ 2GB RAM၊ 16GB ROM နဲ့အတူ ကင်မရာ အရည်အသွေး 13 Mega Pixel အနောက်ကင်မရာ၊ 8 Mega Pixel အရှေ့ကင်မရာ၊ 3,000 Mah ဘက်ထရီတို့ ပါဝင်ပြီး အရောင်အနေနဲ့ ရွှေရောင်၊ ငွေရောင်တို့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ၁ သိန်း ၉ သောင်း ၉ ထောင်ကျပ် ဖြစ်ပါတယ်။
Huawei Y6II က ၅.၅ လက်မ HD မျက်နှာပြင်ဖြစ်ပြီး၊ 2GB RAM၊ 16GB ROM၊ ကင်မရာ အရည်အသွေး 13 Mega Pixel အနောက်ကင်မရာ၊ 8 Mega Pixel အရှေ့ကင်မရာနဲ့ 3,000 Mah ဘက်ထရီတို့ ပါဝင်ပြီး အရောင်အနေနဲ့ ရွှေရောင်၊ အဖြူရောင်၊ အမည်းရောင်တို့အပြင် အရောင်အသစ်များဖြစ်တဲ့ ပန်းရောင် (Baby Pink) နဲ့ အပြာရောင် တို့ပါ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ၁ သိန်း ၄ သောင်း ၉ ထောင် ကျပ်ပါ။
Huawei P9၊ P9lite၊ GR5 နဲ့ GR5 Mini စတဲ့ အထက်ပါ စမတ်ဖုန်း မော်ဒယ်လ်တွေမှာ Fingerprint လုပ်ဆောင်ချက်များ ပါဝင်ပြီး ပုံမှန် ဖုန်း Lock ဖွင့်ပိတ်ခြင်းအပြင် Fingerprint အသုံးပြုပြီး ဖုန်းခေါ်ဆိုခြင်း၊ ဓါတ်ပုံများရိုက်ကူးခြင်း၊ Alarm များပေးခြင်း၊ လက် ရေစိုစို ခြောက်ခြောက် Fingerprint ကို အသုံးပြုနိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်များ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။