အာရှရဲ့ စရိတ်သက်သာ လေကြောင်းလိုင်းတခုဖြစ်တဲ့ Vietjet Airlines မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ (Hanoi) ရဲ့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တိုင်ပေမြို့ (Taipei) နဲ့ ဟွေးမြို့ (Hue) တို့ကို သွားရောက် လည်ပတ်နိုင်မယ့် လေကြောင်းလိုင်းအသစ် ၂ ခုကို အောက်တိုဘာလ ၃၀ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပါတယ်။
အဆိုုပါ လေကြောင်းလိုင်းသစ် ၂ ခုကို Vietjet လေကြောင်းလိုင်းမှ ဒေသတွင်းကုုန်သွယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် လေကြောင်းလိုုင်းမှ မြှင့်တင်ဆောင်ရွက်နေချိန်နှင့် ခရီးသွား ဧည့်သည်များမှ ခရီးသွား လိုအပ်ချက်မြင့်တက်ရန် မျှော်မှန်းထားတဲ့ အချိန်ကာလမှာ မိတ်ဆက်လိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဟနွိုင်း – တိုင်ပေ ခရီးစဉ်ကို အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်ကာ နေ့စဉ်ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးစဉ်ဟာ ၃ နာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။
ဟနွိုင်း – ဟွေး ခရီးစဉ်ကတော့ နိုင်ဝင်ဘာလ ၁ ရက်နေ့မှာ စတင် ပြေးဆွဲမှာ ဖြစ်ပြီး ခရီးစဉ် ကြာမြင့်ချိန် ၁ နာရီ ၁၀ မိနစ်လို့ သိရပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းဟာ နှစ်ပေါင်းများစွာသော ရှေးဟောင်းအမွေအနှစ်များနဲ့ လှပမှုများကြောင့် ထင်ရှားကျော်ကြားပါတယ်။ မြို့တော်ဟာ မြို့ဟောင်းနဲ့မြို့သစ်၊ ခေတ်သစ်နဲ့ရှေးလက်ရာ၊ အရှေ့တိုင်းနဲ့ အနောက်တိုင်းဆိုင်ရာ ယဉ်ကျေးမှုများ ပေါင်းစပ်တည်ရှိပါတယ်။ ဒါ့အပြင် ဟနွိုင်းမြို့တော်ဟာ လုံခြုံစိတ်ချရပြီး ရင်းနှီးကုန်သွယ်မှုများ ပြုလုုပ်ရန် အလားအလားကောင်းများ ရှိနေတာကြောင့် UNESCO ရဲ့ “The City of Peace” ဆုကို ရရှိထားတယ်လို့ သိရပါတယ်။
Vietjet လေကြောင်းလိုင်းမှ ယခု အသစ်ပျံသန်းမယ့် ခရီးစဉ် ၂ ခု အပါအဝင် ခရီးစဉ်ပေါင်း ၂၀ ကျော်နဲ့ မြို့တော် ဟနွိုင်းနဲ့ ဗီယက်နမ်နိုင်ငံရှိ အချက်အချာနေရာများ၊ အာရှမှ ကိုရီးယား၊ ဘန်ကောက်၊ တိုင်ပေ အစရှိတဲ့ နိုင်ငံများ၊ နေရာများနဲ့ ချိတ်ဆက်ပေးထားတာကြောင့် မြို့တော် စီးပွားရေးနဲ့ ခရီးသွားလုုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူပြုလျက်ရှိတယ်လို့ သိရပါတယ်။
၃ နှစ်ကြာ လုပ်ကိုင်ပြီးဖြစ်တဲ့ Vietjet လေကြောင်းလိုင်းဟာ နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) မှ IOSA လက်မှတ် ရရှိထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် Vietjet ဟာ ခရီးသွားများ၊ ခရီးသွား အေဂျင်စီများနှင့် ခရီးသွားလုပ်ငန်း ဆာင်ရွက်နေသူများမှ ရွေးချယ်တဲ့ TTG Travel Award 2015 ရဲ့ “Best Asian Low Cost Carrier ” ဆုကိုရရှိထားပြီး Socialbakers ကုမ္ပဏီမှ Vietjet ကို ကမ္ဘာ့တိုးတက်မှု အမြန်ဆုံး လေကြောင်းလိုင်း ၃ ခု အနက်မှ ၁ ခုအဖြစ် သတ်မှတ်ခဲ့သလို၂၀၁၅ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံရဲ့ လူကြိုက်အများဆုံး လေကြောင်းလိုင်းဆုကိုလည်း ရရှိ ထားတယ်လို့ သိရပါတယ်။