ဖက်ရှင်၊ အလှအပနဲ့ အမျိုးသမီးရေးရာ နာမည်ကျော် Glamour မဂ္ဂဇင်းက U2 အဖွဲ့ အဆိုတော် ဘိုနို (Bono) ကို နှစ်စဉ် ရွေးချယ်မြဲ Women of the Year စာရင်းတွင် ထည့်သွင်းထား၍ ဝေဖန်မှု ခံနေရသည်။
အဆိုတော် ဘိုနိုသည် အမျိုးသမီး အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်သူ ဖြစ်သောကြောင့် အမျိုးသား ဖြစ်သော်လည်း Women of the Year စာရင်းတွင် ထည့်သွင်းခြင်း ဖြစ်သည်ဟု မဂ္ဂဇင်းက တုံ့ပြန်သည်။
အဆိုတော် ဘိုနိုကလည်း သူ့အနေနှင့် ဤစာရင်းတွင် ပါဝင်ရန် မထိုက်တန်ပါကြောင်း ပြောဆိုသော်လည်း ကျား၊ မ ကွဲပြားမှုတွင် အခွင့်အရေးတန်းတူ ညီမျှ ရရှိရေးအတွက် အမျိုးသမီးများနှင့် အတူ အမျိုးသားများ မပါဝင်ပါက မအောင်မြင်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
Glamour မဂ္ဂဇင်း၏ Women of the Year စာရင်းတွင် သရုပ်ဆောင် ဂွင်း စတက်ဖနီ (Gwen Stefani)၊ တက်ကြွလှုပ်ရှားသူ ဇင်ဒါယာ (Zwndaya)၊ အိုလံပစ်မယ် ဆိုင်မွန် ဘိုင်းလ်စ် (Simone Biles) တို့လည်း ပါဝင်သည်။
ဤ စာရင်းတွင် ထည့်သွင်းဖော်ပြခံရသည့် အတွက် ဘိုနိုက ဂုဏ်ယူ ကျေးဇူးတင်ပါကြောင်း၊ အမျိုးသားများ အနေဖြင့် ဤပြဿနာ ဖြေရှင်းရေးတွင် များစွာ အရေးပါကြောင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဘိုနိုက ပြောဆိုသည်။
သို့သော်လည်း မဂ္ဂဇင်း၏ ရွေးချယ်ရေး ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လူမှုကွန်ရက် မီဒီယာများတွင် ပြင်းထန်စွာ ဝေဖန်ခံနေရသည်။
ယင်းသို့ ဝေဖန်သူများတွင် ဟာသစာရေးဆရာ ထရာဗွန် ဖရီး၊ စတက်ဖနီ ပိ(တ်) တို့ ပါဝင်သည်။
စတက်ဖနီ ပိ(တ်) (Stephanie Peat) က “ဘိုနိုကို Glamour မဂ္ဂဇင်းက Women of the Year အတွက် ရွေးတယ်။ မျှတအောင် ပြောရမယ်ဆိုရင် အမျိုးသမီး ၃ ဒသမ ၇ သန်းထဲမှာ အဲဒီစာရင်းအတွက် ထိုက်တန်တဲ့သူ ရှာဖို့ ခက်နေလို့လား” ဟု Tweeter တွင် ရေးသားခဲ့သည်။
မဂ္ဂဇင်း အယ်ဒီတာချုပ် စင်ဒီ လေဗီက လူတွေဟာ အမျိုးသားတွေ ပါဝင်ရေး နှစ်ပေါင်းများစွာ ပြောပေမယ့် တကယ်မှာ စည်းအပြင် ထုတ်ထားတယ်၊ အခုအချိန်က အဲလိုမြင်နေတာတွေဟာ ခေတ်မမီတော့ဘူး စမြင်နေကြပါပြီလို့ ဖြေရှင်းပါတယ်။
ဘိုနိုဟ ယမန်နှစ်က စတင်ပြီး သူ့ရဲ့ One campaign ကနေ Poverty id Sexist ဆိုတဲ့ လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ပါတယ်။
U2 အဆိုတော် ဘိုနိုဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အထူး ကြည်ညိုလေးစားသူ ဖြစ်ပါတယ်။
ကိုးကား – BBC