ယခင် အစဉ်အဆက်ကတော့ ကင်ဆာရောဂါ ရှိသူတွေကို ကုသမှုတွေပေးပြီးရင် နားနေခိုင်းခဲ့ကြပါတယ်။ အခု နောက်ပိုင်းမှာတော့ ကင်ဆာရောဂါ ပါရဂူတွေနဲ့ ဆေးပညာရှင်တွေက ကိုယ်လက် လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ အကြံပြုလာကြ ပါပြီ။
အဲဒီလိုလုပ်တာက ကင်ဆာရော ဂါကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ သက်သာစေသလို အချိန်တိုအတွင်းမှာ နာလန်ပြန်ထ ဖို့နဲ့ လူသာမန်လို နေနိုင်ဖို့ နည်းလမ်းတခုလို့ ဆိုကြပါတယ်။
ကိုယ်လက်လှုပ်ရှားမှု လုပ်တာတွေက ကင်ဆာ ကုသမှုကြောင့် ဖြစ်ရတဲ့ စိုးရိမ်သောကတွေ၊ စိတ်ကျတာတွေ၊ မောပန်းနုံးချိ တာတွေ၊ ကိုယ်လက်လှုပ်ရှားမှု နည်းပြီး ကိုယ်အလေးချိန် တက်တာတွေကို လျော့ပြေစေတယ်လို့ ဆိုပါတယ်။
ကင်ဆာကုသမှုပြီး ခံယူပြီး လုပ်သင့်တာလေးတွေ
စိတ်ပျော်စရာ လှုပ်ရှားမှု၊ ဥပမာ ယောဂသင်တန်းမျိုး၊ ပန်းခြံထဲ လမ်းလျှောက်တာမျိုးလေးတွေ လုပ်သင့်ပါတယ်။ အားနည်းနည်း စိုက်ထုတ်ရတာလေးတွေ လွယ်ကူပြီး အားစိုက်အမှုပါဝင်တဲ့ လက်မောင်းကွေးဆန့် ညှစ်ထုတ်တာတွေ၊ ထိုင် ထ လုပ်တာတွေ၊ အသက်ပြင်းပြင်း ရှူတာတွေက ကောင်းတဲ့အကျိုးတွေ ရစေပါတယ်။
ကိုယ်ကာယ တက်ကြွဖို့ အစပိုင်းမှာ သိပ်အားမစိုက်ရတဲ့ လမ်းရိုးရိုးလျှောက်တာ၊ အိမ်အလုပ်ကလေးတွေ လုပ်တာမျိုးကို တပတ်မှာ မိနစ် ၁၅၀ လောက် လုပ်စေပြီး တဖြည်းဖြည်းမှ အားစိုက်ထုတ်ရတာတွေ လေ့ကျင့်စေရပါမယ်။ အကျင့်ဖြစ်စေဖို့ အကြိမ်ရေ မှန်မှန်နဲ့ လုပ်ဖို့ မပျက်ကွက်ဖို့လည်း အရေးကြီးပါတယ်။
ဓာတ်ရောင်ခြည် ကုသပြီးတဲ့အခါ ရေမကူးဖို့ အရေးကြီးပါတယ်။ အရေပြားတွေကို ထိခိုက်စေလို့ပါပဲ။
သက်သောင့်သက်သာလေးတွေ လုပ်ပါ
ကင်ဆာကုသမှု ခံယူနေစဉ်အတွင်းမှာ အားစိုက် ထုတ်ရလွန်းတာတွေ လုပ်ရင် ကိုယ်ခံအားစနစ်ကို ဖိနှိပ်မှုပိုစေပါတယ်။ ယောဂကျင့်တာနဲ့ လမ်းလျှောက်တာမျိုးကိုသာ ပိပြီး ညွှန်းကြပါတယ်။
စိတ်ဖိစီးမှု လျော့စေဖို့
သဲအိတ်ကို လက်ဝှေ့ထိုး လက်အိတ်လေးတွေနဲ့ ထိုးတာမျိုးကလည်း စိတ်ဖိစီးမှု လျော့ပြေစေပါသတဲ့။ အားအရမ်း မစိုက်ဖို့တော့ သတိထားရပါမယ်။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တော့မယ်ဆိုရင် ကိုယ့်အခြေအနေက အဆင်ပြေရဲ့လား ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်လျော်တာကို ရွေးဖို့တော့ အရေးကြီးပါတယ်။
ကင်ဆာလို ဝေဒနာမျိုး ကုသမှုခံယူရပြီး စိတ်တွေကျ မနေအောင် ကိုယ်လက်လှုပ်ရှား ပေါပေါ့ပါးပါးလေးတွေနဲ့ သက်သာ ဖြေလျှော့နိုင်ကြပါပြီ။