လူမှုကွန်ရက် မီဒီယာတွေ၊ ဗီဒီယို ဘလော့ဂ်တွေနဲ့ Application တွေမှာ မသင့်လျော်တဲ့ အစားအစားတွေ ကြော်ငြာနေတာကို ရပ်တန့်ခြင်းအားဖြင့် အကာအကွယ် ပေးသင့်ပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ပြောဆိုလိုက်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အစီအရင်ခံချက်ဟာ မိဘတွေကိ်ု သတိပေးနေပါတယ်။ မိဘတွေ အများစု ဂရုမထားမိတဲ့ ထိုကဲ့သို့သော ကြော်ငြာများဟာ ကလေးတွေကို ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။
မီဒီယာတွေကို အသုံးများလာတဲ့ ခေတ်မှာ ဒီကိစ္စကို မျက်စိဒေါက်ထောက်ကြည့်ဖို့ ပျက်ကွက်နေတဲ့ အစိုးရတွေကိုလည်း WHO က ဝေဖန် ပြောဆိုလိုက်ပါတယ်။ သူတို့ရဲ့ စားသုံးရန် မသင့်တဲ့ အစားအစာတွေကို အရောင်းမြှင့်တင်ရန် တချို့ ဗီဒီယို ဘလော့ဂ်တွေမှာ ကြော်ငြာနေကြကြောင်း WHO ရဲ့ အစီအရင်ခံချက်က ထောက်ပြထားပါတယ်။
ကလေးများ အဝလွန်ခြင်းကို ရပ်တန့်ဖို့အတွက် တိကျတဲ့ တိုင်းတာမှုများ ပြုလုပ်သင့်တယ်လို့ ကလေး အထူးကု ဆရာဝန်များက ပြောကြားခဲ့ပါတယ်။
ဗီဒီယို ဘလော့ဂ်မှာ ကြော်ငြာတာက ရုပ်ရှင်၊ တီဗီမှာ ကြော်ငြာတာထက်စာရင် ပို့ပြီး လွှမ်းမိုးမှု ရှိနေလို့၊ အတု အစစ်ကိစ္စတွေ အငြင်းပွားစရာ မလိုလို့ ဒီလို လုပ်ကြတာလို့ အမေရိကန်က လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
အဲဒီလို ဝေဖန်တာမှာ ပိုကီမွန် ဂိမ်းလိုမျိုး အပြင်မှာ တကယ် အစစ်အမှန်မရှိတဲ့ အရာတွေကို မြှူဆွယ်နေတဲ့ ကိစ္စမျိုးလည်း ပါဝင်ပါတယ်။ ကလေးသူငယ်တွေရဲ့ အသက်၊ နေရာဒေသ စတာမျိုးတွေကို အချက်အလက် စုဆောင်းတဲ့ ဂိမ်းပေါ် အခြေခံပြီး အစားအသောက် ကြော်ငြာမျိုးတွေကို လုပ်နေကြောင်းလည်း လေ့လာမှုအရ သိရပါတယ်။
\
WHO ပရိုဂရမ် မန်နေဂျာ ဖြစ်သူ ဒေါက်တာ ဂျာအို ဘရေဒါက ခုခေတ်က ဒီဂျစ်တယ်ခေတ်ကို အားကောင်းကောင်းနဲ့ သွားနေတယ်၊ ကလေးတွေအတွက် လိုအပ်ချက်ကို တကယ် မသိနိုင်တဲ့ ကွာဟချက်တွေ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။
“ဒီကိစ္စက အကြီးကြီးလို့ ယူဆပါတယ်။ မိဘတွေကတော့ ဒီလောက် သတိမမူမိဘူး၊ တခါတလေ သူတို့ ကလေးတွေက ပစ်မှတ်ဖြစ်နေတယ် ဆိုတာကို သူတို့ သဘောမပေါက်ကြဘူး” လို့ သူက ပြောပါတယ်။
အဲဒါမျိုက အစဉ်အလာ ရုပ်သံအစီအစဉ်တွေထက် ပို အန္တရာယ်များလို့ ဆိုနိုင်ကြောင်းလည်း သိရပါတယ်။ UK မှာ ဆိုရင် ဒီလို ကြော်ငြာမျိုးတွေ ကလေးတွေ ကြည့်တဲ့ ရုပ်သံလိုင်းတွေမှာ မပြဖို့ တားမြစ်ထားပေမယ့် မီဒီယာ အပြောင်းအလဲတွေ ဖြစ်နေတဲ့ခေတ်မှာ အစိုးရက ဒါတွေကို သတိပြုမိဖို့ လစ်ဟာနေဆဲလို့ ဆိုပါတယ်။
အင်္ဂလန်မှာဆိုရင် ကလေး ၅ ဦးအနက် ၁ ဦးဟာ မူလတန်းကျောင်းပြီးချိန်မှာ အဝလွန်နေပါတယ်။
လတ်တလောမှာတော့ WHO က ကလေးတွေအတွက် ကြော်ငြာဖို့ သင့်လျော်မယ့် အစားအသောက်တွေကို သုံးသပ်လျက်ရှိကြောင်း သိရပါတယ်။
ကိုးကား – ဘီဘီစီ