Huawei ဖုန်းကုမ္ပဏီမှ မြန်မာနိုင်ငံမှ Huawei စမတ်ဖုန်း သုံးစွဲသူများရှိရာ မြို့များသို့ သွားရောက်ကာ ဝန်ဆောင်မှုများပေးမယ့် “ပြုပြင်ရွေ့လျား Huawei ကား” အစီအစဉ်ကို နိုဝင်ဘာလ ၇ ရက်နေ့ကနေ စတင် ပြုလုပ်နေပြီလို့ သိရပါတယ်။
Huawei ရဲ့ ရွေ့လျားဝန်ဆောင်မှုကို နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ၁၀ ရက်ကြာ ပြုလုပ် သွားမှာဖြစ်ပြီး ပဲခူး၊ တောင်ငူ၊ မိတ္ထီလာ၊ ကလော၊ ညောင်ရွှေ၊ တောင်ကြီး၊ ရွှေညောင်၊ အောင်ပန်း၊ ပင်လောင်း၊ ရမည်းသင်း၊ ဖြူး၊ လှည်းကူး စတဲ့ မြို့ကြီး ၁၄ မြို့ကို သွားရောက်ကာ ဝန်ဆောင်မှုပေးမယ့် ပထမဆုံး ရွေ့လျားဝန်ဆောင်မှု ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ “ပြုပြင်ရွေ့လျား Huawei ကား” ဝန်ဆောင်မှုဟာ တနေရာတည်းမှာပဲ Huawei စမတ်ဖုန်းတွေအတွက် အခမဲ့ software နဲ့ firmware update ပြုလုပ်ခြင်းများ၊ အခမဲ့ အထွေထွေ စမတ်ဖုန်း သန့်စင်ခြင်းများ၊ အခမဲ့ ဖုန်းအားသွင်းပေးခြင်းများနဲ့ အခြားလိုအပ်တဲ့ ဝန်ဆောင်မှုများကို ပေးသွားမယ်လို့လည်း သိရပါတယ်။
“Huawei က မြန်မာနိုင်ငံမှာ မကြာခင်ကပဲ တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ၁၆ ဆိုင်မြောက် Service Center ကို ဖွင့်လှစ်ခဲ့ပါတယ်။ မကွေးမှာလက်ရှိ Service Center ဆောက်လုပ်နေပြီး မော်လမြိုင်၊ နေပြည်တော်၊ ပြည်မြို့ တို့မှာလည်း Service Center တွေ အခုနှစ်ကုန်မှာ ပြန်လည်ပြင်ဆင်ဖို့အတွက် စီစဉ်နေပါတယ်။ Huawei ရဲ့ ‘ပြုပြင်ရွေ့လျား Huawei ကား’ ဝန်ဆောင်မှုက ကျမတို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို တနေရာတည်းမှာ ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေ ကျေနပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” လို့ Huawei Device Myanmar ရဲ့ Service Director မချစ်ယုလှိုင်က ပြောပါတယ်။
ဆက်ပြီး မချစ်ယုလှိုင်က “နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ တောင်ကြီးမီးပုံးပျံပွဲတော်က မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှား ကျော်ကြားတဲ့ ပွဲတော်တခုဖြစ်လို့ Huawei ရဲ့ ‘ပြုပြင်ရွေ့လျား Huawei ကား’ အစီအစဉ်ကို တောင်ကြီးမြို့နဲ့ အနီးတစ်ဝိုက်မှာ ပြုလုပ်ပေးတာ ဖြစ်တယ်” လို့လည်း သူကဆိုပါတယ်။
လက်ရှိမှာတော့ Huawei Service Center ၁၄ ခုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ တောင်ကြီး၊ မူဆယ်၊ မော်လမြိုင်၊ မုံရွာ၊ ပုသိမ်၊ ကလေး၊ မြိတ်နဲ့ မကွေးတို့မှာ ဖွင့်လှစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။