ဗြိတိန်က အသက် ၃၀ အောက် အချမ်းသာဆုံး အနုပညာရှင် စံချိန်တင်ထားတဲ့ One Direction အဖွဲ့ကို အဆိုတော် အဒဲလ်က ကျော်ဖြတ်လိုက်ပါပြီ။
All I Ask hitmaker ရဲ့ လေ့လာချက်အရ အဆိုတော် အဒဲလ်ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ပေါင် ၉၂ သန်း ဖြစ်ပါတယ် Heat မဂ္ဂဇင်းက ဖော်ပြပါတယ်။ ဟယ်ရီပေါ်တာ မင်းသား ဒင်နီယယ် ရက်ဒ်ကလစ်ဖ်က ပေါင် ၇၄ သန်းနဲ့ ဒုတိယလိုက်ပါတယ်။ အဆိုတော် အဒ် ရှီရန်က ပေါင် ၄၅ သန်းနဲ့ တတိယနေရာမှာ အသစ်ဝင်လာပါတယ်။
One Direction အဖွဲ့ထဲမှာ အချမ်းသာဆုံး ဖြစ်ခဲ့ပြီး အခု ခွဲထွက်ကာ ရပ်တည်နေတဲ့ Zayn Malik ကတော့ စတုတ္ထနေရာမှာ ပေါင် ၃၈ သန်းနဲ့ ရှိနေပါတယ်။
အရင်က သူနဲ့ တဖွဲ့တည်း ဖြစ်ခဲ့တဲ့ ဟာရီ စတိုင်လ်စ်က ပဉ္စမနေရာမှာ ပေါင် ၃၇ နဲ့ ရပ်တည်နေပါတယ်။
လီယန် ပိုင်းက ပေါင် ၂၄ သန်းနဲ့ နံပါတ် ၇၊ နီယယ် ဟော်ရန်က ပေါင် ၃၄ သန်းနဲ့ နံပါတ် ၈၊ လူးဝစ် တွမ်လစ်ဆန်က ပေါင် ၃၃ သန်းနဲ့ နံပါတ် ၉ အသီးသီး ဖြစ်ကြပါတယ်။
ကျန်နေခဲ့တဲ့ နံပါတ် ၆ နေရာကတော့ ဟယ်ရီပေါ်တာထဲက မင်းသမီး အီမာ ဝပ်ဆန်က ၃၅ ဒသမ ၇ သန်း နဲ့ပါ။
Heat မဂ္ဂဇင်းက ဒီလို ထုတ်ပြန်တာ ၆ ကြိမမြောက်ဖြစ်ပြီး ကျွမ်းကျင်သူတွေကို ကိုးကားထားတာ ဖြစ်ပါတယ်။ လုပ်ငန်းစာချုပ်တွေ၊ ရုပ်သံ စာချုပ်တွေ၊ ရုပ်ရှင်လုပ်ငန်း ဝင်ငွေတွေ စတာတွေကို တွက်ချက် ခန့်မှန်းတာပါ။
မြန်မာကြိုက် အဆိုတော်တယောက်လည်း ဖြစ်တဲ့ အဒဲလ်ဟာ သူ့ သီချင်းခွေ ထွက်ရှိမှုနဲ့ လှည့်လည် သီဆို ဖျော်ဖြေမှုတွေနဲ့ မအားရကြောင်း၊ ဒါကြောင့်လည်း သူ့ဝင်ငွေဟာ ကြောက်ခမန်းလိလိ မြင့်တက်ပြီး ထိပ်ဆုံးရောက်လာတာ ဖြစ်ကြောင်း သိရပါတယ်။
One Direction အဖွဲ့ကတော့ ကွဲသွားပြီ ဖြစ်ပြီး နောက်နှစ်မှာ ဘယ်လို ဆက်လက် ရပ်တည်မယ်ဆိုတာကတော့ ကြည့်ရဦးမှာပါ။
အသက် ၃၀ အောက် နိုင်ငံတကာ အနုပညာရှင် အချမ်းသာဆုံးတွေ ထဲမှာတော့ အမေရိကန် အဆိုတော့ တေလာ ဆွစ်ဖ်က ပေါင် ၁၉၂ သန်းနဲ့ ရပ်တည်နေပါတယ်။
ကိုးကား – Mirror.com