မော်ဒယ်က ဇိမ်ခံအနေနဲ့ ထုတ်လုပ်ထားတဲ့ မော်ဒယ် ဖြစ်ပြီး ပုံမှန် ၃.ဝ လီတာသုံး မော်ဒယ်အနေနဲ့လည်း ရနိ်ုင်သလို မော်ဒယ်ခွဲအနေနဲ့ ထုတ်လုပ်ထားပြီး စွမ်းဆောင်ရည် မြှင့်ထားတဲ့ အခုပြောမယ့် Turbo ပုံစံနဲ့ပါ ရနိုင်မှာဖြစ်ပါတယ်။ ဈေးနည်းနည်းတော့ ပိုပါလိမ့်မယ်။
အင်ဂျင်အရွယ်ကတော့ အတူတူပဲ ဖြစ်ပြီး လည်ပတ်အား၊ စွမ်းအင်ထွက်ရှိမှု၊ ရုန်းအားအပိုင်းတွေလည်း သိပ်မကွာပေမယ့် Turbo စနစ်ကြောင့် ဆီစား နည်းနည်း သက်သာလာသလို စွမ်းဆောင်ရည်ပိုင်းမှာ ပိုပြီး ကောင်းလာတာတွေ့ရပါတယ်။
အထူးသဖြင့်တော့ လမ်းကြမ်းပိုင်းလည်း အနည်းငယ် ပိုကောင်းလာသလို မြန်နှုန်းမြှင့် တင်မောင်းနှင်နိ်ုင်မှု အပိုင်းတွေက ပိုပြီး သွက်လာပါတယ်။
ပြည်တွင်း ဈေးကွက် အနေအထားမှာတော့ Turbo မော်ဒယ်က နည်းနည်း ရှားချင်သလိုပါ။ ဒီအချက်က လူကြိုက်များလာ စေနိုင်သလို တက်ဈေးလည်း ပြလာနိုင်စေပါတယ်။
နောက်ထပ် အဖြူရောင်အနေနဲ့ ရလာနိုင်မှုက ပုံမှန် မြင်နေကျ အနက်ရောင် Aristo တွေထက် ပိုပြီး ဆွဲဆောင်မှုကောင်း သွားစေပါတယ်။ ရှေ့ဘက် လေဝင်ပေါက်တွေက Brevis နဲ့ ဆင်ပြီးတော့ ရှေ့မီးကြီးတွေက Crown နဲ့ ဆင်ပါတယ်။
ရုပ်ထွက်ပိုင်းက ဆန်းသစ်တယ်၊ ပေါ်လွင်တယ်၊ ဇိမ်ခံ ပီသနေစေပါတယ်။ အဖြူရောင်အနေနဲ့ တကယ်ကို ကြည့်ကောင်း ပါတယ်။
မော်ဒယ်က အင်ဂျင်ပိုင်းမှာ ၃.ဝ လီတာသုံး အင်ဂျင်ကို တပ်ဆင်ထားတာပါ။ လည်ပတ်အား နည်းနည်း များပေမယ့် ရုန်းအား ဦးစားပေး မော်ဒယ်ဖြစ်လို့ စွမ်းအင်ထွက်ရှိမှု သင့်ပြီး Turbo စနစ်နဲ့ စွမ်းဆောင်ရည်ကို မြှင့်ထားတာ တွေ့ရပါတယ်။
တောင်တက်လမ်း အပါအဝင် လမ်းကြောင်းစုံကို Air-Con က အစ စိတ်ကြိုက် အသုံးပြု မောင်းနှင်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပြီး Round Air Con ပုံစံမျိုးနဲ့ ဖြစ်ပါတယ်။ ညာမောင်းမော်ဒယ် အနေနဲ့ ဈေးကွက်ဝင်ပါတယ်၊ စက်သုံးဆီအပိုင်းမှာပဲ လူကြိုက်နည်းချင်မလား မပြောတတ်ဘဲ ဒီဇယ် အင်ဂျင်စနစ်နဲ့ ဖြစ်နေပါတယ်၊
Auto နဲ့ ဖြစ်ပြီး ဂီယာချက် ပြောင်းလဲမောင်းနှင်ရမှု အပိုင်းမှာ Premio တွေထက် ပိုပြီး သဘောကျမိပါတယ်။ ညင်သာတယ်၊ လွယ်ကူတယ်၊ တိကျမှု ရှိတယ်လို့ ခံစားမိစေပါတယ်။ Smart Key ပုံစံနဲ့ သုံးနိုင်မှာဖြစ်ပြီး အသက်ကယ် လေအိတ်စနစ် ၆ လုံးထိအောင် ထိုင်ထားတာ တွေ့ရပါတယ်။
ABS ဘရိတ်စနစ်နဲ့ ဖြစ်ပြီးတော့ အဝေးပြေး လမ်းကြောင်းတွေပေါ်မှာ ပိုပြီး အသုံးပြုလို့ ကောင်းမွန်တာ သိသာစေပါတယ်။ လက်ကိုင်ပိုင်းက မြန်နှုန်းမြင့် မောင်းနှင်ချိန်တွေမှာ ပိုပြီး တည်ငြိမ်လာတယ်လို့ ခံစားမိစေပါတယ်။ ကွေ့လမ်းမှာ မြန်နှုန်းမြင့် အနေအထားနဲ့ ကွေ့တဲ့တိုင်အောင် လားရာပြောင်းလဲမှု အထူးကောင်းမွန် တည်ငြိမ်ပါတယ်။
ဖျော်ဖြေရေးစနစ် အပိုင်းမှာ Ori TV နဲ့ CD တွေ ထည့်ထားပါတယ်။ DVD လည်း ပါရှိပြီး ဖြစ်ပေမယ့် တချို့မော်ဒယ်မှာ Ori ဖြစ်ပေမယ့် ပြန်ထည့်ထားတာမျိုးလည်း ရှိတတ်ပါတယ်။ နောက်ဘက် ကင်မရာစနစ်၊ သတိပေး အာရုံခံစနစ်တွေ အပါအဝင် လုံခြုံစိတ်ချရမှု အပိုင်းက စိတ်ကြိုက်ဖြစ်နေစေပါတယ်။
အတွင်းခန်း ကျယ်ဝန်းပြီး နောက်ဘက်ခန်းက ပိုပြီး လိုက်ပါရတာ အဆင်ပြေပါတယ်။ နောက်ဘက်ဆုံး ဝန်တင်ခန်းမှာတော့ ကိုယ်ထည်ရဲ့ မျက်နှာစာကို ချဲ့ထားတာကြောင့် ပုံမှန်ထက်ပိုပြီး ဝန်တင်နိုင်တာလည်း တွေ့ရပါတယ်။
ဈေးကွက်မှာတော့ ၂၀ဝ၄ ခုနှစ်ထုတ် Turbo ကို အဖြူရောင်အနေနဲ့ ရနိုင်ပြီး ကီလို ၇ သောင်းလောက်ပဲ မောင်းထားရသေးတဲ့ မော်ဒယ်ကို ကျပ်သိန်း ၃၀ဝ အခေါ်ရှိပါတယ်။
ပုံမှန် ၂၀ဝ၃ ခုနှစ် အနက်ရောင် Aristo တွေ ထက်စာရင်တော့ အရောင်လည်း ပိုလှပြီး စွမ်းဆောင်ရည်လည်း ကောင်းလို့ စိတ်ကြိုက်ဖြစ်မိပါတယ်။ ဈေးနှုန်းလည်း သိပ်မကွာတာကြောင့် Aristo ကိုမှ သဘောကျတယ် ဆိုရင်တော့ Turbo ကို ပိုပြီး အားပေးချင်မိပါတယ်ဗျာ။