Lifestyle

စင်ကာပူနဲ့ မြန်မာကုမ္ပဏီ ရုပ်ရှင်ဇာတ်ကား အသံပိုင်းဆိုင်ရာ အကျိုးတူပူးပေါင်း

Want create site? Find Free WordPress Themes and plugins.

စင်ကာပူနိုင်ငံမှ Mediacorp Pte. Ltd ကုမ္ပဏီနဲ့ မြန်မာနိုင်ငံမှ Silver Egg Post ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကား အသံပိုင်းဆိုင်ရာ မိတ်ဖက်ကုမ္ပဏီများအဖြစ် ပူးပေါင်းကာ ပြည်တွင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ရာမှာ အရုပ်၊အသံ အရည်အသွေး ကောင်းမွန်အောင် နဲ့ အဓိကအရေးပါတဲ့ အသံပိုင်းဆိုင်ရာ Music, Sound Effect နဲ့ Mixing တို့ အခန်းကဏ္ဍများကို အဓိက ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Silver Egg Post ကုမ္ပဏီအနေနဲ့ ၂၀၁၁ ခုနှစ်မှာ Post Produciton နယ်ပယ်ကို စတင်ဝင်ရောက်ခဲ့ပြီး နေရဲမာန်ထုတ်လုပ်ရေးမှ ထုတ်လုပ်ကာ ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်ကူးတဲ့ “မော်ဒန်ရာဇဝင်” ဇာတ်ကားကို စတင် လုပ်ကိုင်ခဲ့တယ်လို့ သိရပါတယ်။

Silver Egg Post ကုမ္ပဏီ မှ တာဝန်ရှိသူတဦး ပြောကြားစဉ်
Silver Egg Post ကုမ္ပဏီ မှ တာဝန်ရှိသူတဦး ပြောကြားစဉ်

“ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ Post Production House တွေမှာ ပထမဆုံးအနေနဲ့ Full DCI Standard, Barco Projection System နဲ့ 7.1 Dolby Surround Sound ရှိတဲ့ Color Grading Room ကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။ Mediacorp Company နဲ့ ပူးပေါင်းပြီးပြီးချင်းမှာ ပထမဆုံး Project ၂ ခု အနေနဲ့ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ “တာတေကြီး” ရုပ်ရှင်နဲ့ ဦးမီးပွား ရိုက်ကူးတဲ့ “ချိုမြိန်သော လက်စားချေခြင်း” ဇာတ်ကား ၂ ကားကို အသံပိုင်းဆိုင်ရာ ဖန်တီးပေးနိုင်ခဲ့ပါတယ်” လို့ Silver Egg Post မှ ဒေါက်တာ ဉာဏ်လင်းဦးက ဆိုပါတယ်။

Mediacorp ကုမ္ပဏီအနေနဲ့ Meidacorp Audio Post ကို ၁၉၇၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး နှစ်စဉ် TV Productions နာရီပေါင်း ၁၀၀၀ ကျော်ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ကျမတို့ရဲ့ Mediacorp အသံ စတူဒီယို ၇ ရုံကို နိုင်ငံတကာ အဆင့်မီ အသံပိုင်းဆိုင်ရာ စက်ပစ္စည်း ကိရိယာတွေနဲ့ အသံပိုင်းဆိုင်ရာ သတ်မှတ်ချက် အရည်အချင်းများနဲ့ ကိုက်ညီပြည့်စုံမှုရှိအောင် တည်ဆောက်ထားပါတယ်။ ကျမတို့ Auro 3D 11.1 နဲ့ AurroMax 26.1 Surround Sound Mixing Theatre ဟာ အရှေ့တောင် အာရှရဲ့ တခုတည်းသော အသိအမှတ်ပြု ထောက်ခံချက်ရထားတဲ့ Theatre ဖြစ်ပါတယ်” လို့ Ms.Mo Ju Li က ပြောပါတယ်။

Mediacorp ကုမ္ပဏီဟာ ၂၀၀၆ ခုနှစ်မှ စတင်ပြီး ရုပ်ရှင်ဇာတ်ကားပေါင်း ၄၀ ကျော်နဲ့ ပူးတွဲ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

“Mediacorp Studio နဲ့ Silver Egg Post တို့ မိတ်ဖက် ကုမ္ပဏီများအဖြစ် ပူးပေါင်း လုပ်ဆောင်သွားကြမယ့်အတွက် ကျနော်အနေနဲ့ အရမ်းကျေနပ် ဝမ်းမြောက်မိပါတယ်။ ၁၉၇၀ ခုနှစ်မှာ မြန်မာ့ရုပ်ရှင် စတင်ခဲ့ပြီး စင်ကာပူ ရုပ်ရှင်လောကတော့ ဆယ်စုနှစ် ၄ ခုစာလောက် နောက်ကျခဲ့ပါတယ်။ အခုတော့ Silverr Egg ကုမ္ပဏီဟာ ကျနော်တို့ရဲ့ အသစ်စက်စက် Audio Studio ကြီးကို အသုံးပြုရမယ့် ပထမဆုံး နိုင်ငံခြားကုမ္ပဏီအဖြစ် ဂုဏ်ယူစွာ အသိပေးလိုပါတယ်” လို့ Meidacorp ကုမ္ပဏီမှ Head of Production Resource, Mr.Barry See က ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading