Lifestyle

လူအများ စုပေါင်းပါဝင် အပြေးပွဲ ဆင်နွှဲနိုင်မယ့် DJ Run ပွဲ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာမှ နာမည်ကျော် DJ အနုပညာရှင်များပါဝင်ကာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် DJ Run Festival ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်မှာ ကျင်းပသွားမှာဖြစ်ပြီး လက်မှတ်များကို စတင်ရောင်းချနေပြီလို့ သိရပါတယ်။

DJ Run Festival ပွဲတော်ရဲ့ လက်မှတ်ရောင်းချခြင်းများကို ရန်ကုန်မြို့ Junction Square Shopping Center မှာ ယခုလ ၁၈ ရက်နေ့ကစတင်ပြီး ရောင်းချနေတာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၇ ရက်နေ့၊ ညနေ ၄ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပသွားမယ့် အဆိုပါ DJ Run ပွဲတော်မှာ အာရှတိုက်ရဲ့ နံပါတ်တစ် နာမည်ကျော် အမျိုးသမီး DJ Player တဦးဖြစ်တဲ့ Leng Yein အပါအဝင် လူသိများ ထင်ရှားတဲ့ DJ Player အဖွဲ့ ၅ ဖွဲ့တို့မှ ပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။

DJ Run Festival က လူအများ စုပေါင်းပါဝင်အပြေးပွဲ ဆင်နွှဲနိုင်တဲ့ ပွဲတော်မျိုးဖြစ်ပြီး အပြေးပွဲစဉ် တလျှောက်လုံးမှာရှိတဲ့ ကီလိုမီတာ အကွာအဝေး ဆုံမှတ်တိုင်းမှာ နာမည်ကျော် Live DJ ဂီတသံများနဲ့ လက်စွမ်းပြ ဖျော်ဖြေပေးထားမှာဖြစ်ကာ ပွဲစဉ်အတွင်း ပြေးလမ်းကြောင်း တလျှောက်လုံး စီးမျော ခံစားရင်း အားတက်သရော ဆင်နွှဲနိုင်တဲ့ DJ ပွဲမျိုး ဖြစ်ပါတယ်။

ဒါ့အပြင် ပြေးလမ်း ၅ ကီလိုမီတာတလျှောက်မှာ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂိမ်းအစီအစဉ်များပါဝင်ပြီး လူအများ တစုတစည်းတည်း ကိုယ်ကာယအပြေးလေ့ကျင့်မှုမှာ ပါဝင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲတော်မှာ လူပေါင်း ၅၀၀၀ ကျော် ပါဝင်ဖို့ မျှော်မှန်းထားတယ်လို့ DJ Run Festival ကို ကူညီပံ့ပိုးပေးတဲ့ OPPO Myanmar စမတ်ဖုန်း ကုမ္ပဏီမှ CEO, David Tang က ပြောပါတယ်။
“မွန်းကြပ်နေတဲ့ မြို့နေလူထုအတွက် ပျော်ရွှင်တက်ကြွစရာကောင်းပြီး အားလုံးပါဝင်နိုင်အောင် DJ Run Festival ကို ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီပွဲမှာ အရက်၊ ဘီယာ၊ ဆေးလိပ် သောက်သုံးမှုများ လုံး၀ မပါဘဲ မိတ်ဆွေ၊ သူငယ်ချင်းတွေအပြင် မိသားစုများပါ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ပါတယ်” လို့ Mr.David Tang က ဆိုပါတယ်။

DJ Run Festival လက်မှတ် ဈေးနှုန်းများအနေနဲ့ နိုင်ငံခြားသားတဦးကို အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာ၊ မြန်မာနိုင်ငံသားတဦးကို မြန်မာငွေ ၁၈၀၀၀ ကျပ်၊ ကြိုတင်လက်မှတ် ဝယ်ယူရင်တော့ နိုင်ငံခြားသားတဦးကို ၁၅ ဒေါ်လာနဲ့ မြန်မာနိုင်ငံသားတဦး မြန်မာငွေကျပ်တသောင်းခွဲ ကျသင့်မယ်လို့ သိရပါတယ်။ လက်မှတ်များကိုတော့ City Mart, Ocean ဈေးဝယ်စင်တာ၊ Market Place နဲ့ 1876 Hot Line တို့မှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

DJ Run Festival ကို စင်ကာပူ အခြေစိုက် Hemus Pacific ရဲ့တာဝန်ပေးအပ်မှုနဲ့ ဆေင်ရွက်နေတဲ့ အာရှပစိဖိတ်ဒေသမှာ ပွဲပေါင်းများစွာ အောင်မြင်စွာ စီစဉ်ကျင်းပနိုင်ခဲ့တဲ့ ESP Properties APAC မှ တာဝန်ယူ ကျင်းပမှာဖြစ်ပြီး OPPO Myanmar စမတ်ဖုန်း ကုမ္ပဏီမှ ပါဝင်ကူညီပံ့ပိုးထားတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading