Lifestyle

ဈေးချိုချိုနဲ့ ရနိုင်မယ့် Kawasaki Ninja 300

ပုံမှန်ဆိုရင် Kawasaki တွေက ဈေးမြောက်တတ်ပေမယ့် အခု Ninja 300 ကိုတော့ တန်ဖိုးနည်းနည်းနဲ့ လူတိုင်း လက်လှမ်းမီနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ဥရောပ၊ မြောက်အမေရိက၊ သြတြေးလျနဲ့ အာရှဈေးကွက် အတွက် ရည်ရွယ်ဖန်တီးလာတာ ဖြစ်ပြီး အင်ဂျင်ပိုင်းမှာကိုပဲ အသေးစားအင်ဂျင်စနစ်ကိုတပ်ဆင် ထုတ်လုပ်လာတာ ဖြစ်ပါတယ်။

EX300 လို့လည်း တချို့ဈေးကွက်တွေမှာ ခေါ်ပြီး သူက စွမ်းဆောင်ရည်သင့် အနေအထားနဲ့ မော်ဒယ်ပါ။ ၂၀၁၂ ခုနှစ်ကနေမှ စတင် ထုတ်လုပ်လာခဲ့တာ ဖြစ်ပေမယ့် သက်တမ်းတို ကာလအတွင်းမှာကိုပဲ ဈေးကွက် အောင်မြင်မှု အကောင်းဆုံး ရနိုင်ခဲ့တာလည်း တွေ့ရပါတယ်။
Sport Bike တန်းဝင် စစ်စစ်ဖြစ်ပြီးတော့ ဒီနေ့ ပြည်တွင်းမှာ Standard အနေနဲ့ Sport Bike ပုံစံ ပြင်ဆင် ထုတ်လုပ်ထားတဲ့ FZ လို မော်ဒယ်တွေထက် စီးနက်းရမှု အပိုင်းမှာရော ဒီဇိုင်းပိုင်းမှာပါ ပိုမို ဆွဲဆောင်မှုကောင်းပြီး စိတ်ကြိုက်ဖြစ်စေမှာ အမှန်ပါ။

အင်ဂျင်ပိုင်းမှာက အရည်အအေးခံစနစ်ကို အကူယူထားတဲ့ DOHC အမျိုးအစား Parallel-twin အမျိုးအစား အင်ဂျင် ဖြစ်ပါတယ်။ ၃၀ဝ စီစီသုံး အင်ဂျင် အနေနဲ့ Sport Bike တစီးအတွက် အနေတော်ပါပဲ။ ဒီနေ့ ဈေးကွက်မှာလည်း ၁၂၅ စီစီသုံး မော်ဒယ်တွေကို အိမ်စီးမော်ဒယ် အဖြစ် အကောင်းဆုံး လက်ခံ နှစ်သက်နေတဲ့ အနေအထားမှာ ၃၀ဝ စီစီက Sport Bike တစီးအတွက် အနေတော်ပါပဲ။

တကယ်လို့ အခုထက် ကြီးုသွားမယ်ဆိုရင်လည်း ပြည်တွင်း လမ်းကြောင်း အနေအထားနဲ့ အဆင်မပြေချင်သလို ၂၀ဝ စီစီနဲ့ အောက်ဖက် ဖြစ်သွားမယ်ဆိုရင်လည်း Sport Bike ဖြစ်နေသည့်တိ်ုင်အောင် အိမ်စီး မော်ဒယ်တွေထက် သိသာလောက်တဲ့ စွမ်းဆောင်ရည်ကောင်း ပြနိုင်ဖို့ မလွယ်တော့မှာလည်း ဖြစ်ပါတယ်။

အင်ဂျင်က စွမ်းဆောင်ရည်ကောင်း အနေနဲ့တော့ တစ်နာရီ ၁၂၄ မိုင်အထိ အမြန်ဆုံးနှုန်းနဲ့ မောင်းနှင်နိုင်မှာပါ။ အင်ဂျင် အနေနဲ့ အခြေခံ လည်ပတ်အား တမိနစ် အပတ်ရေ ၉၇၅၀ မှာတင် ရုန်းအား ၁၇.၄၅ ပေါင်-ပေ ရှိပြီးတော့ စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၃၄.၇၇ ကောင်အားပါ။ အင်ဂျင်က အမြန်ဆုံး လည်ပတ်နှုန်း အနေနဲ့ တမိနစ် အပတ်ရေ ၁၁၀ဝ၀ ထိအောင် ရနိုင်ပြီး တကယ်လို့ အခုထက် လည်ပတ်နိုင်နှုန်း မြင့်ထားနိုင်မယ်ဆိုရင်တော့ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်း ပိုကောင်းလာမှာပါ။ အင်ဂျင်ရဲ့ အမြန်ဆုံး လည်ပတ်နိုင်နှုန်းအတွင်း အင်ဂျင်က ရုန်းအား ၂၀ပေါင်-ပေ ရှိလာနိုင်းပြီး မြင်းကောင်ရေ ၃၉ ကောင်အားအထိ ရှိလာမှာ ဖြစ်ပါတယ်။

CDI အသုံးပြု မီးခတ်စနစ်နဲ့ဖြစ်ကာ အင်ဂျင်နဲ့ မီးပိုင်း အထိုင်တွေကတော့ နောက်ဆုံးပေါ် ဖန်တီး တည်ဆောက်ပုံမျိုး မဟုတ်ပါဘူး။ ဂီယာချက် ၆ ချက်ကို Clutch စနစ်နဲ့ သုံးပြီး မောင်းနိုင်မှာ ဖြစ်ကာ ကိုယ်ထည်ရဲ့ ပင်မ အထိုင်ကို မြန်နှုန်းမြင့် မောင်းနှင်ချိန်မှာ အတည်ငြိမ်ဆုံး ဖြစ်အောင် သံမဏိပိုက် အထိုင်နဲ့ ဖန်တီးထားတာပါ။ ထိုင်ခုံက မြေပြင်ကနေ ၃၀.၉ လက်မ အမြင့်မှာ ရှိပြီး ဆိုင်ကယ်က ဆီအပြည့်ဖြည့်ထားချိန်မှာ ၃၈၅ ပေါင် တိတိရှိမှာပါ။

တပ်ဆင် ဆီတိုင်ကီကတော့ ၁၇ ဂါလံ ဆံ့ဝင်မှာ ဖြစ်ပြီး ဆီတဂါလံကို ၅၄ မိုင်ခန့် မောင်းနှင်နိုင်မှာပါ။ Ninja 250R မော်ဒယ်နဲ့ တည်ဆောက်ပုံချင်း တူပြီး အခု Ninja 300 က စွမ်းဆောင်ရည် ပိုကောင်းပါတယ်။ တနာရီ မိုင် ၆၀ နှုန်းအတွက်ကတော့ အချိန် ၅.၆ စက္ကန့်ကနေ ၆.၄၁ စက္ကန့်အတွင်း ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ အဆိုပါ အမြန်နှုန်းကနေ ရပ်တန့်မယ်ဆိုရင်တော့ အကွာအဝေး ၃၈ မီတာကနေ ၄၁ မီတာအတွင်း လမ်းကြောင်း အနေအထားအပေါ် မူတည်ပြီး ရပ်တန့်နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း ဈေးကွက်မှာတော့ ၂၀၁၅ ခုနှစ် မော်ဒယ်အသစ်ကို အလွယ်ရနိုင်ပြီး ဈေးနှုန်းက ၇၆ သိန်းလောက်ပဲ ရှိပါတယ်။

Loading